မြန်မာတို့ပြောကြတဲ့ “သင်္ကြန်”ဆိုတာ “သင်္ကန္တပုဒ်”မှဖြစ်ပေါ်လာတာပါ။ “သင်္ကန္တ”ဆိုတာ “ပြောင်းခြင်း”လို့
အဓိပ္ပာယ်ရတယ်။
ဒီကနေ့လူသားအများစုကတစ်နှစ်
သင်္ကြန်(သင်္ကန္တ)လို့ အဓိပ္ပာယ်ယူကြတယ်။သင်္ကြန်ရဲ့အဓိပ္ပာယ်ကို အဲဒီလောက်ပဲ
ဖွင့်ဆိုယူဆတာ မလုံလောက်ဘူး။
ဒီသင်္ကန္တပုဒ်ထဲမှာ လောကဓမ္မနှစ်ဋ္ဌာန ရှုထောင့်ကကြည့်လျှင် မွန်မြတ်တဲ့
အဓိပ္ပာယ်တွေ အများရရှိနိုင်ပါတယ်။
ဥပမာ . . .
■“လောဘ”ဆိုတာ တရားသဖြင့်ရော၊မတရား သဖြင့်ပါ ရချင်ယူချင်တဲ့စိတ်ဖြစ်တယ်။
အဲဒါကို “အလောဘ”သို့ပြောင်းလိုက်လျှ
အကောင်းတရားတွေ ထွန်းကားလာမှာပေါ့။
■“ဒေါသ”ဆိုတာ “သတ်ဖြတ်နှိပ်စက်တဲ့စိတ်ဓာတ
အဲဒီစိတ်ကို “မေတ္တာ”သို့ပြောင်းရမှာဖြစ်
■“မောဟ”ဆိုတာကတော့ အကြောင်းအကျိုး၊အကောင်းအဆိုး၊ အမှားအမှန်ကိုမသိတတ်တဲ့
မိုက်မဲတွေဝေမှု (Delusion) ဖြစ်တယ်။ အဲဒီ(Delusion) တွေက အ၀ိဇ္ဇာပဲ။
အ၀ိဇ္ဇာလွှမ်း တဲ့ကမ္ဘာဟာ “အကန်းကမ္ဘာ”ပေါ့။မြတ်ဗုဒ္ဓက “သစ္စာကိုမသိတဲ့ ကမ္ဘာ”ဟာ
“အကန်း ကမ္ဘာ”လို့မိန့်တယ်။ အဲဒါကြောင့် “အ၀ိဇ္ဇာ”ကို “၀ိဇ္ဇာ”သို့ပြောင်းရမယ်။
အဲဒီပြောင်းခြင်းဟာ အကောင်းဆုံးသော၊ အမွန်မြတ်ဆုံးသောပြောင်းခြင
“မွန်မြတ်တဲ့သင်္ကြန်အစစ်”ဖြစ
ရေလောင်းတာက အရေပြားပေါ်က အညစ်အကြေးတောင် အကုန်မစင်ဘူး။
တိတ္ထိ၊ ပရဗိုဇ်တွေဂင်္ဂါနဲ့ယမုန်နာမှ
ကိလေသာကို ရေဆေးတယ် လို့ပြောကြတယ်။ “ဘာကိလေသာ” အညစ်အကြေးမှ
စင်ကြယ်သွားတယ်လို့ မရှိကြပါဘူး။
အဲဒါကြောင့် “သင်္ကန္တ”ဆိုတဲ့ ဒီစကားအရ အမြတ်ဆုံးသော ပြောင်းလဲခြင်း ဖြစ်အောင်
❦လောဘကို ဒါနသံဝိဘာဂ သို့လည်းကောင်း၊
❦ဒေါသကို မေတ္တာ သို့လည်းကောင်း၊
❦အ၀ိဇ္ဇာကို ၀ိဇ္ဇာ သို့လည်းကောင်းပြောင်းနိုင်အောင်ပြောင်းကြ
အဲဒါ “တကယ့်သင်္ကြန်”အစစ်ပဲ။ သင်္ခတ ရုပ်၊ နာမ် အားလုံးတို့ဟာခဏတိုင်း ပြောင်းလဲနေကြတယ်။
တစ်နှစ်မှ တစ်ခါ ပြောင်းတာမဟုတ်ဘူး။ အဲဒီသင်္ကန္တတရားတို့၏ ခဏတိုင်းပြောင်းနေတာကို
မြင်အောင်ကြည့်နိုင်ကြလျှင်
ပြောင်းလဲရောက်ရှိနိုင်ကြမှ
ပြောင်းလဲနိုင်ကြပါစေကုန်သတ
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
-【ဒေါက်တာအရှင်ဉာဏိဿရ (Ph.D,D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊သီတဂူကမ္ဘာ့ဗုဒ္ဓတ
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93
No comments:
Post a Comment