Pages

မန္တလေးပရိသတ်ကို ဖျော်ဖြေပေးသည့် အနုပညာရှင်များ၏ ရင်တွင်းစကား

မန္တလေးမြို့တွင် ကျင်းပလျက်ရှိသည့် မဟာသင်္ကြန်ပွဲတော်ကာလတွင် ကျုံးတောင်ဘက် Alpine မဏ္ဍပ်၏ ဖျော်ဖြေမှုများ စီစဉ်ဆောင်ရွက်ပေးသော လွယ်ဟိန်းကုမ္ပဏီနှင့် လာရောက်သီဆိုဖျော်ဖြေပေးကြသော အနုပညာရှင်များ၏ သင်္ကြန်နှုတ်ခွန်းဆက် ရင်တွင်းစကားသံများအား တွေ့ဆုံမေးမြန်းတင်ပြလိုက်ပါသည် -

ခိုင်သင်းကြည်
အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®
မန္တလေးကို နှစ်စဉ်လာရောက်ဖျော်ဖြေတာကတော့ မန္တလေးပရိသတ်ကြီးကို ချစ်လို့ပေါ့ရှင်။ အဖေကလည်း မန္တလေးသားဆိုတော့ ဒီမှာပျော်တယ်လေ။ မခိုင်တို့ မိသားစု အပန်းဖြေခရီးထွက်သလိုလည်းဖြစ်ရင်း မန္တလေး ပရိသတ်ကို ဖျော်ဖြေပေးရာရောက်တဲ့အတွက် မန္တလေး သင်္ကြန်ကို ရှစ်နှစ်လောက်ဆက်တိုက်ဖျော်ဖြေပေးခဲ့တာပါ။ မန္တလေးပရိသတ်နဲ့ မခိုင်က နွေးထွေးရင်းနှီးပြီး သဟဇာတဖြစ်နေပါပြီ။
 

ခန့်စည်သူ
အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®
ကျွန်တော်က Alpine နဲ့ မိသားစုတွေလို ဖြစ်နေတဲ့အပြင် မန္တလေးကိုလည်းချစ်ပါတယ်။ အနုပညာရှင် တော်တော်များများက ရန်ကုန်မှာပဲရှိကြတယ်လေ။ မန္တလေးပရိသတ်ကတော့ တစ်နှစ်ကို တစ်ခါပဲတွေ့နိုင် တယ်။ မန္တလေးက အနုပညာမြို့တော်ဖြစ်ပြီး အနုပညာ ရှင်တွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲချစ်တာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ နှစ်သစ်မှာ အားလုံး စိတ်သစ်လူသစ်ဘဝသစ်တွေနဲ့ တည်ဆောက်နိုင်ကြပါစေဗျာ။
 
ဖိုးကာ
တေးရေး၊ အဆိုတော်
▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®
ကျွန်တော်မန္တလေးမှာ ဆက်တိုက်ဖျော်ဖြေလာခဲ့တာ ငါးနှစ်ရှိပါပြီ။ မန္တလေးပရိသတ်ကို ကျွန်တော်ချစ်တယ်ဗျာ။ အားပေးမှုကလည်း ပွဲမပြီးမချင်း မပြန်ဘူး။ ဒါကြောင့် မန္တလေးသင်္ကြန်ကို ဖျော်ဖြေရမယ်ဆိုရင် အလွန်ပျော်ပါ တယ်။ ကျွန်တော်အခုကြည့်ရတာတော့ အားလုံးအေးအေး ချမ်းချမ်းနဲ့ စည်းကမ်းရှိရှိပျော်နေတာ တွေ့ရတဲ့အတွက် ကြည်နူးမိပါတယ်။
 

နန်းခင်ဇေယျာ
မော်ဒယ်သရုပ်ဆောင်
အနုပညာကို တန်ဖိုးထားအားပေးတဲ့ မန္တလေး ပရိသတ်ကြီးရဲ့စိတ်ဓာတ်ကို လေးစားလို့ လာခဲ့တာပါ။ နေအပူဒဏ်ကိုမမှုဘဲ ပျော်ရွှင်စွာကခုန်အားပေးနေတာ တွေ့ရတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ မန္တလေး ပရိသတ်ကြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 
 မြင့်မြတ်
ရုပ်ရှင်သရုပ်ဆောင်
▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®
ကျွန်တော်မနှစ်က မန္တလေးကိုမလာဖြစ်တဲ့အတွက် ဒီနှစ်တော့ မန္တလေးပရိသတ်ကြီးကို တွေ့ချင်လို့ လာရောက်သီဆိုဖျော်ဖြေပေးတာပါ။
အခုလို ကျွန်တော်တို့ အနုပညာရှင်တွေကို တစ်ခဲနက် အားပေးတာကို တွေ့ရတဲ့အတွက် အထူးကျေနပ်မိ ပါတယ်။ နှစ်သစ်မှာ ဆန္ဒတွေအားလုံး ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 
နီနီခင်ဇော်
အဆိုတော်
▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®
ဒီနှစ်နဲ့ဆို နီ သီဆိုတာ နှစ်နှစ်ရှိပါပြီ။ မန္တလေးရဲ့ နေပူပူအောက်မှာ အားပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။
မန္တလေးက မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများကြီးရှိတဲ့အတွက် မြန်မာ့ယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေ။ နီ ပရိသတ်တွေ ၂ဝ၁၅ မှစ၍ စိတ်ချမ်းသာမှုတွေ ရရှိနိုင်ပါစေ။
 
 ဒေါက်တာစိုင်းဆမ်ထွန်း (လွယ်ဟိန်းကုမ္ပဏီ)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®
နှစ်စဉ် ဖျော်ဖြေပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်က အများပျော်ရွှင်အောင်လုပ်ပေးတာပါ။ နှစ်စဉ်နှစ်တိုင်း ကျွန်တော်လုပ်ပေးနေကျ ဒီလိုသင်္ကြန် အချိန်အခါကိုရောက်ရင် ကျွန်တော်က မနေနိုင်ပါဘူး။
ကျွန်တော့်လုပ်ငန်းကနေရရှိတဲ့ အကျိုးအမြတ်တွေကို တစ်ဖက်ကနေပြန်ပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ စီစဉ်ပေး တာပါ။ ကျွန်တော်ခံစားရတာက အခုဖျော်ဖြေပေးတဲ့ အစီ အစဉ်ကို လက်လှမ်းမမီတဲ့ လူတန်းစားတွေလည်း ရှိတာ ပေါ့။ ဒါကြောင့် အများခံစားနိုင်တဲ့ သီဆိုဖျော်ဖြေမှုကို လည်း စီစဉ်ပေးချင်ပါတယ်။ လူ့ဘဝမှာ အများအကျိုး အတွက် လုပ်ပေးနိုင်တဲ့အချိန်ဟာ အပျော်ဆုံးအချိန်ပါ။ ဒါကြောင့် ကျွန်တော်ဒီမြင်ကွင်းကိုကြည့်ပြီး အတော်ပျော် နေပါတယ်။ ဗူစငညန ရှိနေသရွေ့ ဖျော်ဖြေမှုတွေလည်း ဆက်လက်တည်ရှိနေမှာပါ။




No comments:

Post a Comment