Pages

Interview ကို Dinner မှာပြုလုပ်ခဲ့ရင် !!!





Interview ဆိုတာ ရုံးမှာပြုလုပ်လေ့ရှိပေမယ့် နောက်ပိုင်းမှာ ခေတ်မီတိုးတက်လာတာနဲ. အမျှ အလုပ်ရှင်တွေက ကိုယ် Interview ချင်တဲ့သူကို Dinner မှာခေါ်ပြီး Interview တာမျိုးလည်းရှိလာပါတယ်။ ကဲ... ဒါဆို Dinner မှာ Interview တာခံရမယ်ဆိုရင်ဘာတွေရှောင်ရဆောင်ရမလဲ ???

၁။ မသောက်ပါနဲ.။
- ကိုယ်ကအင်တာဗျူးသွားဖြေတာပါ။ ကိုယ့်ကိုအင်တာဗျူးတဲ့သူက အရက်ဖြစ်ဖြစ်၊ ဘီယာဖြစ်ဖြစ်သောက်ဖို.တိုက်တွန်းလာခဲ့ရင်တောင် သင်ကရေသောက်ဖို.ပဲတောင်းဆိုပါ။

၂။ ညစာစားပုံစားနည်းစည်းကမ်းတွေကိုမမေ့ပါနဲ.။
- စားရင် ဇွန်းခက်ရင်းကိုဘယ်လိုပုံစံမှန်အောင်ကိုင်ပြီး ဘယ်လိုယဉ်ကျေးမှုရှိရှိစားသောက်မလဲ၊ စားပြီးရင်ရောလက်သုတ်တာ၊ ပါးစပ်သုတ်တာ၊ ဇွန်းခက်ရင်းနေရာပြန်ချထားတာကို ပရမ်းပတာမဟုတ်ဘဲစည်းစနစ်ကျကျဖြစ်အောင်လုပ်ပါ။

၃။ အစာကိုနည်းနည်းချင်းစီစားပါ
- အစာကိုနည်းနည်းချင်းနဲ.မှန်မှန်လေးပဲစားပြပါ။ ပါးစပ်ထဲမှာအစားအပြည့်နဲ. စကားပြောတာမျိုးကိုလုံးဝရှောင်ပါ။

၎။ စားရခက်တဲ့အပိုင်းတွေကိုမစားပါနဲ.။
- ဇွန်းခက်ရင်းသုံးပြီးအိနြေ္ဒရရစားလို.ရတဲ့အစားမျိုးတွေပဲစားပါ။ လက်နဲ.ပါကိုင်ပြီးစားရတာမျိုးလုံးဝမလုပ်ပါနဲ.။

၅။ ဈေးနှုန်းကိုကြည့်ပါ။
- ကိုယ်မရှင်းရဘူးဆိုပြီးဈေးအကြီးဆုံးတွေကိုမမှာပါနဲ.။ ဘယ်လောက်အရသာကောင်းတယ်ပြောပြော ဈေးအကြီးဆုံးတွေမှာတာကိုတော့ရှောင်ပါ။

၆။ ငွေရှင်းတာ.....
- သင့်ကို Dinner အတွက်ဖိတ်တာဆိုရင် Bill ကိုသင်ရှင်းစရာမလိုပါဘူး။ သူရှင်းမှာကိုကိုယ်က အတင်းရှင်းဖို.ကြိုးစားတာမျိုးကရိုင်းရာကျပါတယ်။

ဒီအချက်တွေက Dineer Interview အတွက် အဓိက သိသင့်ထားတဲ့ရှောင်ရန်ဆောင်ရန်အချက်လေးတွေပဲဖြစ်ပါတယ်။

Wilson Chan (YK)

Credit : Pinterest

No comments:

Post a Comment