မြန်မာနိုင်ငံတစ်ဝန်း မှာ အအေးဒဏ်လျော့ပါးလာပြီး အပူဒဏ်တွေ တစ်ဖြည်းဖြည်းမြင့်တက်လာနြေ ပီဖြစ်ပါတယ်။ မြို့နေလူထုတွေရဲ့ နှုတ်ဖျားမှာလည်း ပူလာပြီဆိုတဲ့ စကားက အပြောများလာကြပါပြီ။ မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းဒေသတွေမှာ ဆိုရင် ပိုလို့ အပူရှိန်မြင့်နေလောက်ပြီဖြစ်ပါတယ်။လူတွေရဲ့တီထွင်ဖန်တီးမှုနဲ့အတူ သဘာဝသယံဇာတတွေ ပျက်သုဉ်းမှုတွေကြောင့် အခုခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေပိုလို့များလာပါတယ်။
နွေရာသီမှာ အပူရှိန်ဟာ ရှေးအရင်ခေတ်ကာလထက် ပိုပူလာပါတယ်။
အပူဒဏ်ပြင်းထန်လွန်းတဲ့အခါ လူတွေဟာ နေထိုင်မကောင်းအဖြစ်များကြပါတယ်။ အထူးသဖြင့် နုနယ်တဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေဆိုရင် ပိုလို့ခံနိုင်ရည်အားနည်းကြ ပါတယ်။ဒါကြောင့် ဒီလို ရာသီမျိုးမှာ ကျန်းမာစွာနေထိုင်နိုင်ဖို့ အတွက် လူတွေဟာ ဂရုတစ်စိုက်နေထိုင်တတ်ဖို့လိုပါတယ်။
ရေများများသောက်ပေးပါ
ပူပြင်းတဲ့ ရာသီဖြစ်တာကြောင့် လူတွေမှာ ချွေးတစ်ပြိုက်ပြိုက်နဲ့ ကိုယ်ခန္ဓာ မှာ အရည်ဓာတ်ဆုံးရှုံးမှုတွေ ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ဒီလို ပူအိုက်တဲ့ရာသီတွေမှာ ရေကို များများသောက်ပေးဖို့လိုသလို အပြင်ထွက်ပြီး လှုပ်ရှားနေရသူတွေအနေနဲ့ ဓာတ်ဆားရည်တွေကို ဆောင်ထားသင့်ပါတယ်။ချွေးထွက်များပြီး အရည်ဓာတ်ဆုံးရှုံး များမှုကြောင့်မူးမေ့လဲကျတာေ တွမဖြစ်စေဖို့အတွက်ဖြစ်ပါတယ်။
အဝတ်အထည် တွေကို ဂရုစိုက်ဝတ်ဆင်ပါ
အပြင်ထွက်တဲ့အခါ နေအပူဒဏ်ကို ကာကွယ်ပေးတဲ့ ထီး၊ ဦးထုပ် တို့ဆောင်းဖို့ မမေ့သင့်ပါ။ အကျီ င်္ အဝတ်အထည်တွေကိုလည်း အရောင်ဖျော့ဖျော့လေးတွေ၊ အဖြူရောင်လေးတွေ ၊ချွေးစုပ်လွယ်ကူစေတဲ့ ချည်သားထည်လေးတွေ ကို ရွေးချယ်ဝတ်ဆင်ဖို့ သတိရှိရပါမယ်။မိမိတို့ ဝတ်ဆင်တဲ့ အဝတ်အထည်တွေကလည်း အခုလို ပူပြင်းတဲ့ရာသီမှာ သတိမထားမိနိုင်ရင်အရမ်းကို သက်ရောက်မှုပေးပါတယ်။ အသားအရေတွေကိုနေလောင်ဒဏ်ခံရ လွန်းရင် အရေပြားအတွင်းမှာ တစ်ရှုးတွေကိုပျက်စီးစေပါတယ် ။ နောက်ပြီး အရေပြားကင်ဆာဖြစ်စေဖို့ အခွင့်အလမ်းများစေပါတယ်။ဒါေ ကြာင့် အပြင်ထွက်တဲ့အခါတိုင်း အပူဒဏ်ကို ကာကွယ်မှုတွေပြုလုပ်ပြီး သွားလာခြင်းက ဒီပူပြင်းတဲ့ ရာသီအတွင်းမှာ ကျန်းမာစွာနေထိုင်မှုစနစ်တစ် ခုကိုရရှိစေမှာဖြစ်ပါတယ်။
ကျန်းမာစွာ စားသောက်ပါ
အပူရှိန်ကြီးတဲ့ကာလမှာ အစားအစာတွေကို ဂရုတစ်စိုက်စားသောက်တာ ကလည်း မမေ့သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။အပူရှိန် ပြင်းတာကြောင့် အစားအစာတွေဟာ အလွယ်တကူ ပုတ်သိုးလွယ်တတ်ကြပါတယ်။ သစ်သီးဝလံတွေကိုအတတ်နိုင်ဆုံးများများစားပေးသင့်ပါတယ်။ ဒါဟာ အပူရှိန်ဒဏ်ကြောင့် လူတွေရဲ့နွမ်းနယ်မှုဒဏ်ကို ကာကွယ်ပေးစေပါတယ်။ဒါကြောင့် လတ်ဆတ်တဲ့ရာသီပေါ် သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ၊ အသားငါး နဲ့ ဥတွေဟာ နွေရာသီမှာ ကျန်းမာရေး အတွက် အထောက်အကူပြုဆုံးအစားအစာတွေ ဖြစ်ပါတယ်။
အရိပ်အာဝါသအောက်မှာနေထိုင်ပါ
အတတ်နိုင်ဆုံးမိမိတို့ပတ်ဝန်းကျင်ကိုအေးမြအောင်ပြုလုပ် ပြီး အပူဒဏ်က သက်သာအောင်နေထိုင်သင့်ပါတယ် ။
အပူရှိန်မြင့်လွန်းတဲ့အခါ လူတွေဟာ မူးမေ့လဲကျခြင်း၊ နှလုံးခုန်မြန်ခြင်း ၊
ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလက်လွတ်ခြင်း
ဖြစ်ခြင်းတို့ဖြစ်တတ်ကြပါတယ်။ အများအားဖြင့် မြန်မာနိုင်ငံမှာ လူတန်းစားအမျိုးမျိုး နေထိုင်နေကြတာဖြစ်တာကြောင့် မိမိတို့ပတ်ဝန်းကျင်မှာ မိမိတို့တတ်နိုင်တာလေးနဲ့ အေးမြအောင် ကြိုးစားနေထိုင်ကြခြင်းဖြင့် အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါဘယတွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။
မိမိကိုယ်ကို ဂရုစိုက်ပါ
ဒီလို ပူပြင်းတဲ့ရာသီမှာ လူတွေအများကြုံရတာက ရေချိုးမှားခြင်းဘဲဖြစ်ပါတယ်။
ပူလွန်းတာကြောင့် အကြိမ်ကြိမ် ရေချိုးခြင်း ၊ နေပူထဲက ပြန်လာပြီး
ရေချိုးမိခြင်း ၊ အရက်သောက်ပြီး ပန်ကာ အကြာကြီး ဖွင့်ပြီး အိပ်မိခြင်း၊
နေပူထဲက ပြန်လာပြီး ရေခဲရည် သောက်မိခြင်းတို့ဟာ မိမိတို့ရဲ့ကျန်းမာရေးကို
အဆိုးရွားဆုံးထိခိုက်စေမှုဖြ စ်တတ်ပါတယ်။ဒါကြောင့်
မိမိကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ အချိန်ကာလ ကိုကြည့်ပြီး အပြင်ထွက်ခြင်း၊
အတတ်နိုင်ဆုံးနေအေးချိန်မှ အပြင်ထွက်ခြင်း၊ အဲကွန်းခန်းထဲမှ ထွက်လာပြီး
နေပူကျဲကျဲထဲကိုလှမ်းထွက်တာ တွေကို
သတိထားရှောင်ကြဉ်ခြင်း၊ ရာသီနဲ့ကိုက်ညီစွာ ကျန်းမာရေးနဲ့ ညီညွတ်စွာ
စားသောက်နေထိုင်ခြင်း ၊ အားလပ်ရက်တွေမှာ ရေကူးခြင်း ၊
မျတတဲ့လေ့ကျင့်ခန်းလုပ်ခြင်းအစရှိတဲ့ လုပ်ဆောင်မှုတွေနဲ့ ပူပြင်းတဲ့နွေရာသီကို အကျိုးရှိရှိ ဖြတ်ကျော်နိုင်ပါတယ်။
yangon Life
ရေများများသောက်ပေးပါ
ပူပြင်းတဲ့ ရာသီဖြစ်တာကြောင့် လူတွေမှာ ချွေးတစ်ပြိုက်ပြိုက်နဲ့ ကိုယ်ခန္ဓာ မှာ အရည်ဓာတ်ဆုံးရှုံးမှုတွေ ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ဒီလို ပူအိုက်တဲ့ရာသီတွေမှာ ရေကို များများသောက်ပေးဖို့လိုသလိ
အဝတ်အထည် တွေကို ဂရုစိုက်ဝတ်ဆင်ပါ
အပြင်ထွက်တဲ့အခါ နေအပူဒဏ်ကို ကာကွယ်ပေးတဲ့ ထီး၊ ဦးထုပ် တို့ဆောင်းဖို့ မမေ့သင့်ပါ။ အကျီ င်္ အဝတ်အထည်တွေကိုလည်း အရောင်ဖျော့ဖျော့လေးတွေ၊ အဖြူရောင်လေးတွေ ၊ချွေးစုပ်လွယ်ကူစေတဲ့ ချည်သားထည်လေးတွေ ကို ရွေးချယ်ဝတ်ဆင်ဖို့ သတိရှိရပါမယ်။မိမိတို့ ဝတ်ဆင်တဲ့ အဝတ်အထည်တွေကလည်း အခုလို ပူပြင်းတဲ့ရာသီမှာ သတိမထားမိနိုင်ရင်အရမ်းကို သက်ရောက်မှုပေးပါတယ်။ အသားအရေတွေကိုနေလောင်ဒဏ်ခံရ
ကျန်းမာစွာ စားသောက်ပါ
အပူရှိန်ကြီးတဲ့ကာလမှာ အစားအစာတွေကို ဂရုတစ်စိုက်စားသောက်တာ ကလည်း မမေ့သင့်တဲ့အချက်တစ်ခုဖြစ်ပ
အရိပ်အာဝါသအောက်မှာနေထိုင်ပ
အတတ်နိုင်ဆုံးမိမိတို့ပတ်ဝန
မိမိကိုယ်ကို ဂရုစိုက်ပါ
ဒီလို ပူပြင်းတဲ့ရာသီမှာ လူတွေအများကြုံရတာက ရေချိုးမှားခြင်းဘဲဖြစ်ပါတယ
yangon Life
No comments:
Post a Comment