သတ္တဝါတိုင်းမှာ သံသရာတစ်လျှောက်လုံး ပြုခဲ့တဲ့ကံတွေဟာ ကုသိုလ်ရော၊အကုသိုလ်ရော
နှစ်မျိုးလုံးပဲ ရောပြွမ်း ရှိနေခဲ့တယ်။ ဒီကံနှစ်မျိုးရဲ့ ကမ္မသတ္တိလည်း မပြတ်ဖြစ်ပျက်
စဉ်ဆက်နဲ့ ရှိနေတာပဲ။ အကုသိုလ်ကမ္မသတ္တိတွေက အနုသယသဘောမျိုးနဲ့ ရှိနေကြတယ်။ ကုသိုလ်ကမ္မသတ္တိတွေကတော့ အလေ့အထုံ၊ ပါရမီဓာတ်ခံသဘောမျိုးနဲ့ ရှိနေကြတာပေါ့။
ဥပမာသဘောနဲ့ တင်စားပြောမယ်ဆိုရင် သတ္တဝါတိုင်းရဲ့ သန္တာန်မှာ
● “အနုသယ”အမည်ခံထားတဲ့ အကုသိုလ် အင်ဂျင်ကြီးရယ်၊
● အလေ့အထုံ ပါရမီလို့အမည်ခံထားတဲ့ ကုသိုလ်အင်ဂျင်ကြီးရယ် လို့ အင်ဂျင်နှစ်လုံး အသင့်ရှိနေကြတယ်။
အဲဒီထဲမှာ အကုသိုလ်အင်ဂျင်ကတော့ မပြတ်နှိုးထားတဲ့အတွက် အမြဲတမ်း
အော်တိုမက်တစ်လိုဖြစ်နေတယ်။နှိုးလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်အစဉ်မှာ
အကုသိုလ်အင်ဂျင်က နိုးလာတော့တာပဲ။ကုသိုလ်အင်ဂျင်ကတော့ တစ်ခါတစ်လေမှနိုးတဲ့
အင်ဂျင်လို လေးလံနေတတ်တယ်။
သူ့ကို “သတိ” သော့နဲ့ ဖွင့်ပေးနိုင်မှ၊တစ်ချို့များဆိုရင် သတိကို “ဟန်ဒယ်”လို
မြဲမြဲကိုင်ပြီး နာနာလှည့်နိုးပေးမှ နိုးတတ်တာ။
❦ပစ္စုပ္ပန်ကံတွေမှာ အကျိုးအသစ်တွေကို ဖြစ်စေတတ်တဲ့ ဇနကသတ္တိ ဆိုတာလည်းရှိတယ်။
❦အတိတ်ကံဟောင်းတွေကို ချူဆီလို ကူညီပေးတတ်တဲ့ ဥပထမ္ဘကသတ္တိဆိုတာလည်း ရှိတယ်။
❦အတိတ်ကံတွေကို အကျိုးပေးခွင့် မရသေးအောင် ဖိစီးနှိပ်စက်တတ်တဲ့
ဥပပီဠကသတ္တိ ဆိုတာလည်း ရှိတယ်။
❦ဆန့်ကျင်ဘက်ကံတွေရဲ့သတ္တိကို ဖျက်ဆီးတတ်တဲ့ ဥပဃာတက သတ္တိဆိုတာလည်း ရှိတယ်။
အဲဒီလေးမျိုးထဲမှာ ဥပထမ္ဘကသတ္တိရှိတဲ့ ပစ္စုပ္ပန်ကံတွေဟာ ကံဟောင်းအင်ဂျင်ကြီးတွေကို
နိုးအောင် ကူညီပေးတတ်တဲ့ “ချူဆီ”နဲ့တူတယ်တဲ့။
■အကုသိုလ်ကံချူဆီထည့်ပေးရင် အတိတ်ကံအင်ဂျင်နှစ်မျိုးထဲက အကုသိုလ်ကံတွေပဲနိုးထပြီး
ဆိုးကျိုးဒုက္ခတွေပဲ တွေ့ကြုံနေရမယ်။
■ကုသိုလ်ကံချူဆီထည့်ပေးမှ အတိတ်က ကုသိုလ်ကံအင်ဂျင်တွေလည်း နိုးထပြီး၊
ကောင်းကျိုးသုခတွေ တွေ့ကြုံခံစားခွင့်ရမယ်လို့ ဆိုပါတယ်။
ဒီအာစရိယဝါဒအလိုအရဆိုရင်တော့ အတိတ်ကံတို့ရဲ့ကောင်းကျိုးေ ပးချိန်
(ကံကောင်းထောက်မချိန်)ဟာ ပစ္စုပ္ပန်မှာအပြုများတဲ့ ကံတို့နဲ့ဆက်စပ်နေတယ်လို့
အဓိပ္ပါယ်ရပါတယ်။ အကုသိုလ်ကံတွေ နိုးထချင်ရင်
“အကုသိုလ် ကံသစ် ချူဆီ” ကိုထည့်၊ ကုသိုလ်ကံတွေ နိုးထထောက်မစေချင်ရင်
“ကုသိုလ် ကံသစ်ချူဆီ”ကို များများထည့်ပေးရမယ်လို့ဆိုလိုတာပါ။
ကုသိုလ်ကံချူဆီကိုမှ “များများ”လို့ အထူးပြု ပြောဆိုရတာကတော့ စောစောက ပြောသလိုပဲ
ကုသိုလ်အင်ဂျင်က နှိုးတဲ့အချိန်နည်းတဲ့အတွက် ချေးကပ်နေတတ်လို့ဖြစ်ပါလိမ့် မယ်။
ဒါကလည်း ကံကောင်းထောက်မချိန်ကိုကိုယ်တိုင်ဖန်တီးသိရှိနိုင် တဲ့ နည်းတစ်နည်းပေါ့။
ဒီလောက်ဆိုရင် “ကံကောင်းထောက်မချိန်” ကို မှန်းဆသိနိုင်လောက်ပြီ ထင်ပါတယ်။
နှစ်မျိုးလုံးပဲ ရောပြွမ်း ရှိနေခဲ့တယ်။ ဒီကံနှစ်မျိုးရဲ့ ကမ္မသတ္တိလည်း မပြတ်ဖြစ်ပျက်
စဉ်ဆက်နဲ့ ရှိနေတာပဲ။ အကုသိုလ်ကမ္မသတ္တိတွေက အနုသယသဘောမျိုးနဲ့ ရှိနေကြတယ်။ ကုသိုလ်ကမ္မသတ္တိတွေကတော့ အလေ့အထုံ၊ ပါရမီဓာတ်ခံသဘောမျိုးနဲ့ ရှိနေကြတာပေါ့။
ဥပမာသဘောနဲ့ တင်စားပြောမယ်ဆိုရင် သတ္တဝါတိုင်းရဲ့ သန္တာန်မှာ
● “အနုသယ”အမည်ခံထားတဲ့ အကုသိုလ် အင်ဂျင်ကြီးရယ်၊
● အလေ့အထုံ ပါရမီလို့အမည်ခံထားတဲ့ ကုသိုလ်အင်ဂျင်ကြီးရယ် လို့ အင်ဂျင်နှစ်လုံး အသင့်ရှိနေကြတယ်။
အဲဒီထဲမှာ အကုသိုလ်အင်ဂျင်ကတော့ မပြတ်နှိုးထားတဲ့အတွက် အမြဲတမ်း
အော်တိုမက်တစ်လိုဖြစ်နေတယ်။နှိုးလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်အစဉ်မှာ
အကုသိုလ်အင်ဂျင်က နိုးလာတော့တာပဲ။ကုသိုလ်အင်ဂျင်ကတော့ တစ်ခါတစ်လေမှနိုးတဲ့
အင်ဂျင်လို လေးလံနေတတ်တယ်။
သူ့ကို “သတိ” သော့နဲ့ ဖွင့်ပေးနိုင်မှ၊တစ်ချို့များဆိုရင် သတိကို “ဟန်ဒယ်”လို
မြဲမြဲကိုင်ပြီး နာနာလှည့်နိုးပေးမှ နိုးတတ်တာ။
❦ပစ္စုပ္ပန်ကံတွေမှာ အကျိုးအသစ်တွေကို ဖြစ်စေတတ်တဲ့ ဇနကသတ္တိ ဆိုတာလည်းရှိတယ်။
❦အတိတ်ကံဟောင်းတွေကို ချူဆီလို ကူညီပေးတတ်တဲ့ ဥပထမ္ဘကသတ္တိဆိုတာလည်း ရှိတယ်။
❦အတိတ်ကံတွေကို အကျိုးပေးခွင့် မရသေးအောင် ဖိစီးနှိပ်စက်တတ်တဲ့
ဥပပီဠကသတ္တိ ဆိုတာလည်း ရှိတယ်။
❦ဆန့်ကျင်ဘက်ကံတွေရဲ့သတ္တိကိ
အဲဒီလေးမျိုးထဲမှာ ဥပထမ္ဘကသတ္တိရှိတဲ့ ပစ္စုပ္ပန်ကံတွေဟာ ကံဟောင်းအင်ဂျင်ကြီးတွေကို
နိုးအောင် ကူညီပေးတတ်တဲ့ “ချူဆီ”နဲ့တူတယ်တဲ့။
■အကုသိုလ်ကံချူဆီထည့်ပေးရင်
ဆိုးကျိုးဒုက္ခတွေပဲ တွေ့ကြုံနေရမယ်။
■ကုသိုလ်ကံချူဆီထည့်ပေးမှ အတိတ်က ကုသိုလ်ကံအင်ဂျင်တွေလည်း နိုးထပြီး၊
ကောင်းကျိုးသုခတွေ တွေ့ကြုံခံစားခွင့်ရမယ်လို့
ဒီအာစရိယဝါဒအလိုအရဆိုရင်တော
(ကံကောင်းထောက်မချိန်)ဟာ ပစ္စုပ္ပန်မှာအပြုများတဲ့ ကံတို့နဲ့ဆက်စပ်နေတယ်လို့
အဓိပ္ပါယ်ရပါတယ်။ အကုသိုလ်ကံတွေ နိုးထချင်ရင်
“အကုသိုလ် ကံသစ် ချူဆီ” ကိုထည့်၊ ကုသိုလ်ကံတွေ နိုးထထောက်မစေချင်ရင်
“ကုသိုလ် ကံသစ်ချူဆီ”ကို များများထည့်ပေးရမယ်လို့ဆိုလိုတာပါ။
ကုသိုလ်ကံချူဆီကိုမှ “များများ”လို့ အထူးပြု ပြောဆိုရတာကတော့ စောစောက ပြောသလိုပဲ
ကုသိုလ်အင်ဂျင်က နှိုးတဲ့အချိန်နည်းတဲ့အတွက်
ဒါကလည်း ကံကောင်းထောက်မချိန်ကိုကိုယ်တိုင်ဖန်တီးသိရှိနိုင်
ဒီလောက်ဆိုရင် “ကံကောင်းထောက်မချိန်” ကို မှန်းဆသိနိုင်လောက်ပြီ ထင်ပါတယ်။
-【ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)】
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】

No comments:
Post a Comment