Pages
▼
ခန္ဓာကိုယ်စွမ်းအင်နှင့် စိတ်ခံစားမှုများ ကောင်းမွန်စေသည့် လက်လေ့ကျင့်ခန်း
ဂျပန် ရှေးဟောင်းကုထုံး တစ်ခုရဲ့အဆိုအရ လက်ချောင်း လေးတွေကိုနှိပ်နယ်ပေးခြင်းဖြင့်
ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကို မျှတစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်း
မာမှုကိုထောက်ကူပေးတယ်လို့ သိရပါတယ်။ လက်ချောင်းတစ် ချောင်းစီဟာ
ကိုယ်တွင်းအင်္ဂါတစ် ခုစီနဲ့ ချိတ်ဆက်နေတာဖြစ်လို့ လက်တစ်ချောင်းစီကို အသက်
ပြင်းပြင်းရှူရင်း ငါးမိနစ်စီလောက် နှိပ်နယ်ပေးရမှာပါ။
လက်မ - အစာအိမ်၊သရက်ရွက် တို့နဲ့ချိတ်ဆက်နေပြီး လက်မကို
နှိပ်နယ်ပေးမယ်ဆိုရင် စိတ်ခံစားမှုတွေဖြစ်တဲ့ ပူပန်မှု၊ စိတ်ကျမှုနဲ့
သောကတွေကိုပျောက်ကင်းစေကာ ဗိုက်နာ၊ ဗိုက်အောင့်၊ အရေပြားပြဿနာများ၊
ခေါင်းကိုက်ခြင်းနဲ့ အာရုံကြောဆိုင်ရာရောဂါတွေကို သက် သာစေပါတယ်။
လက်ညှိုး - ကျောက်ကပ်၊ ဆီး အိမ်တို့နဲ့ ချိတ်ဆက်နေတာမို့
လက်ညှိုးကိုနှိပ်ပေးရင် စိတ်မချင့် မရဲခံစားမှု၊ ကြောက်ရွံ့မှု၊ မရေ
မရာဖြစ်မှုတွေနဲ့ ခါး၊ ကြွက်သား၊ လက်မောင်းအောင့်တာတွေ၊ သွားနဲ့
ခံတွင်းရောဂါတွေ၊ အစာ မကျေတာတွေကို သက်သာစေပါ တယ်။
လက်ခလယ် - အသည်း၊ ဆီးအိမ်တို့နဲ့ ချိတ်ဆက်နေပြီးဆုံးဖြတ်ချက်မပြတ်သားခြင်း၊
ဒေါသထွက်ခြင်း စတဲ့စိတ်ခံစားမှုတွေနဲ့အတူ သွေးလည်ပတ်မှုပြဿနာ၊ မီးယပ်ပြဿနာ၊
အမြင်အာရုံပြဿနာတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာတွေကို သက်သာစေပါတယ်။
လက်သူကြွယ် - အဆုတ်၊ အူတို့ နဲ့ချိတ်ဆက်နေပြီး အပျက် သဘောတွေးခြင်း၊ ဝမ်းနည်းခြင်း၊ အပယ်ခံရမည်ကိုစိုးရိမ်ခြင်း၊ ပူ ဆွေးခြင်းခံစားမှုကိုတွေကိုလျော့ ပါးစေကာ အစာမကျေမှု၊ အကြားအာရုံပြဿနာ၊ ရင်ကျပ် ခြင်းတို့ကို သက်သာစေပါတယ်။
လက်သန်း - နှလုံး၊ အူသေးတို့နဲ့ ချိတ်ဆက်နေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်း၊
တန်ဖိုးထား မှုနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု နည်းခြင်း
စတဲ့စိတ်ခံစားမှုနဲ့အတူ သွေးတိုး၊ နှလုံး၊ လည်ချောင်းနာ၊ဖောရောင်ခြင်း၊ အရိုးနဲ့အာရုံကြောပြဿနာတွေကို သက်သာစေပါတယ်။
7day daily
https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741
No comments:
Post a Comment