

စီးပွားရေးအဆင်မပြေချိန်မှာ ဗိုက်ဆာနေတဲ့ သမီးငယ်စားဖို့ ပီဇာဆိုင်က မုန့်တစ်ခု ခိုးခဲ့သူဟာ ၁၃နှစ်အကြာမှာ ပီဇာမုန့်တန်ဖိုးရော အတိုးပါ ပြန်ပေးခဲ့ပါတယ်။ " လွန်ခဲ့တဲ့ ၁၃နှစ်က ဘဏ်မှာ လက်ကျန်ငွေမရှိလို့ ငွေထုတ်လို့မရတဲ့ ချက်လက်မှတ်နဲ့ ခင်ဗျားတို့ဆိုင်မှာ ပီဇာဝယ်ခဲ့ပါတယ်။
ဒီအမှားအတွက် ဆင်ခြေမပေးချင်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က ငွေကြေးအရမ်းခက်ခဲခဲ့ပါတယ်။ ငွေရဖို့ မျှော်လင့်ချက်ကောက်ရိုးမျှင်တောင် မရှိခဲ့ပါဘူး။ဗိုက်ဆာနေတဲ့ သမီးလေး ကလည်း အိမ်မှာစောင့်နေတယ် "လို့ ပီဇာဖိုးနဲ့အတူ ပို့လိုက်တဲ့ စာထဲမှာ သူကရေးထားပါတယ်။
အဲဒီအဖြစ်အပျက်ပြီးတဲ့နောက် သူဟာ ငွေရဖို့ အလုပ်ကြိုးစားခဲ့ပြီး ဆယ်စုနှစ်အတွင်း ဝင်ငွေဖြောင့်တဲ့ စီးပွားရေးလုပ်ငန်း ထူထောင်နိုင်ခဲ့ပါ တယ်။ တစ်ချိန်တုန်းက ပိုက်ဆံမပေးဘဲ ပီဇာမုန့်ယူခဲ့တာကို ပြန်အမှတ်ရလို့ ပီဇာဖိုး ပြန်ပေးဖို့ ဒီဆိုင်ကို သူ လာခဲ့ပေမယ့် ရောက်တဲ့အချိန်တိုင်း မဝံ့မရဲဖြစ်မိလို့ မကြာခဏ လှည့်ပြန်ခဲ့ရဖူးပါတယ်။
သူ ယူခဲ့တဲ့ ပီဇာက ဒေါ်လာ ၂၀ ပဲ တန်ပေမယ့် တစ်နှစ် ၈ရာခိုင်နှုန်း အတိုးပေးပြီး ၁၃နှစ်စာအတွက် ဒေါ်လာ ၅၄.၃၉ ပို့ပေးခဲ့ပါတယ်။ သူ့ရဲ့ မဖွယ်မရာအပြုအမူအတွက်လည်း ပြန်တောင်းပန်ခဲ့ပါတယ်။ ကိုယ့်အမှားကို တာဝန်ယူပြီး ပြန်တောင်းပန်တာ အပြုအမူကောင်းဖြစ်ပြီး တွေးမိတိုင်း နာကျင်စေမယ့် စိတ်ရဲ့ဆူးကို ဖယ်ထုတ်နိုင်ခြင်းလည်း မည်ပါတယ်။
Ref : reddit
Nz (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/posts/840436859332901
No comments:
Post a Comment