Pages

ဂရမ်မီဆုတွေသိမ်းကျုံးရယူသွားတဲ့ ဆမ်စမစ်

Photo - Dailymail

ဗြိတိန် ပေါ့ပ်အဆိုတော် ဆမ်စမစ်သည် ၂၀၁၅ ဂရမ်မီဆုပေးပွဲ၌ တေးဂီတထူးချွန်ဆု လေးဆုရရှိပြီး ဖေဖော်ဝါရီ ၈ ရက် ဂရမ်မီည၏ ဆုအများဆုံးကို သိမ်းပိုက်ခဲ့သည်။
အသက် (၂၂)နှစ်အရွယ် ဆမ်စမစ်သည် ၂၀၁၅ ဂရမ်မီဆုပေးပွဲက ချီးမြှင့်သော Best Pop Vocal Album, Record of the Year, Song of the Year နှင့် Best New Artist ဆုတို့ကို ရရှိခဲ့သည်။



ဆမ်စမစ်သည် နောက်ဆုံးဆုကို လက်ခံရယူပြီးနောက် ပြောကြားသည့် ကျေးဇူးတင်စကားတွင် ရည်းစားဟောင်းအား လှောင်ပြောင်ခဲ့သည်။
‘‘ဒါဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးညပါ။ ဒီသီချင်းတွေဖြစ်လာစေဖို့ လှုံ့ဆော်ပေးခဲ့တဲ့ လူကိုလည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားကြောင့် ကျွန်တော် ဂရမ်မီဆုလေးဆုရရှိခဲ့တာပါ။ ကျွန်တော့်အသည်းကိုခွဲသွားတဲ့အတွက် ခင်ဗျားကို အထူးပဲကျေးဇူးတင်ပါတယ်’’ ဟု ဆမ်စမစ်က လှောင်ပြောင်ပြောကြားသည်။

ဆမ်စမစ်က ၎င်းမှာ မိန်းမလျာတစ်ဦးဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် မေလတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၁၅ ဂရမ်မီဆုဆန်ခါတင် စာရင်း၌ ဆမ်စမစ်ကဲ့သို့ပင် ထူးချွန်ဆုပေါင်းခြောက်ဆုစီ အမည်စာရင်းတင်သွင်းခံရသော
ဘီယွန်စေးနှင့် ဖာရဲလ်ဝီလီယမ်တို့သည် ဂရမ်မီဆုပေးပွဲမှ ချီးမြှင့်သည့် ထူးချွန်ဆုသုံးဆုစီ ဆွတ်ခူးရရှိခဲ့သည်။




ဖေဖော်ဝါရီ ၈ ရက်ညတွင် အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ Staples Center ၌ ပြုလုပ်သည့် (၅၇)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် မက်ဒေါနား၊ ကေတီပယ်ရီ၊ ရီဟားနား၊ လေဒီ ဂါဂါ၊ ဂျက်စီဂျေး၊ မီရန်ဒါလမ်းပတ်၊ အက်ရှီရန်၊ ဂျွန်မေယာ၊ အဒမ်လက်ဗင်း စသည့် နာမည်ကျော်အဆိုတော်များက သီချင်းများဖြင့် ပါဝင်သီဆိုဖျော်ဖြေခဲ့ကြသည်။
—Ref: ContactMusic

http://7daydaily.com/story/31392#.VNtnpHvdXLU

No comments:

Post a Comment