
ကြားဖူးမှတ်သားဖူးတာလေးတစ်ခ
တစ်ခါက မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး သီတင်းသုံးရာ “ဓမ္မနာဒကျောင်း” မှာ အထက်အရာရှိကြီးများ ရောက်ရှိနေပြီး ဆရာတော်အား ပူဇော်ကြည်ညို ဓမ္မသြ၀ါဒများ ခံယူနေကြပါသတဲ့။ အဲဒီအချိန်မှာ ဆရာတော်ရဲ့ ကျောင်းခေါင်းရင်းမှာ ကိုယ်ရင်ငယ်လေးများက ပြေးကြလွှားကြ ဆော့ကစား နေကြတာပေါ့။ ကလေးတွေဆိုတော့ ဘယ်အလိုက်သိမှာလဲ။ အော်သူအော်၊ ဟစ်သူဟစ်၊ ဆူညံသံတွေက ဆရာတော်နဲ့ လူကြီးများနားမှာ အတိုင်းသား ကြားနေရပါသတဲ့။
ဒါပေမယ့် ဆရာတော်က ဟန့်တားမှု၊ ဟန့်တားစေမှု မပြုဘဲ သူပြောစရာရှိတာ ဆက်ပြောနေတာပါပဲတဲ့။
အဲဒီအခါမှာ မနေနိုင်သူ အရာရှိဒကာကြီးတစ်ဦးက ဆရာတော်ကို လျှောက်ထားပါတယ် “ဆရာတော်ဘုရား … ကိုရင်လေးတွေက သိပ်ဆော့ကြတာပါပဲလား၊ နေ့စဉ် ဒီအတိုင်းသာဆိုရင် ဆရာတော့်အတွက် အနှောက်အယှက် မဖြစ်ဘူးလားဘုရား” တဲ့။
အဲဒီလို လျှောက်တဲ့အခါ မင်းကွန်းဆရာတော်ဘုရားကြီး အမိန့်ရှိခဲ့တာကလေး မှတ်သားကြည့်ကြပါဦး --
“ဒကာကြီး … ကလေးတွေက သူတို့အလုပ် သူတို့လုပ်ကြတာပါ။ ကလေးဆိုတာ စားမယ်၊ အိပ်မယ်၊ ကစားမယ်၊ ဆော့မယ်၊ ပြီးရင် ရန်ဖြစ်ကြမယ်၊ ငိုကြမယ်။ ဒါ သူတို့အလုပ်ပဲ။ ဒါတွေ မလုပ်ရဘူးဆိုပြီး ကန့်ကွက်ပိတ်ပင်လိုက်ရင် ကိုရင်လေးတွေ လူထွက်ကုန်မှာပေါ့။ ကိုရင်မရှိရင် ရဟန်းဖြစ်လာနိုင်ပါ့မလား။ ဒါဆိုရင် စာတတ်ရဟန်းတွေကော ဖြစ်ထွန်းလာနိုင်ပါတော့မလား
အဲဒီလို ဆရာတော်က အမိန့်ရှိလိုက်မှ ကိုရင်လေးတွေအပေါ် ဒကာကြီးက ကြည်ညိုသွားတတ်ပါသတဲ့။
ဦးဉာဏရေး မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တရာဇာဓမ္မာဘိဝံသ
မဟာထေရ်မြတ်၏ “မှတ်မှတ်သားသား သြ၀ါဒစကား” စာအုပ်မှ။
www.facebook.com/bwar99
No comments:
Post a Comment