ဖက်ရှင်အလှအပများ ပေါလွန်းလှသည့်အချိန်တွင်အမ
ကလည်း များပြားလှသည်။ လူအများရွေးချယ်သည့် အ၀တ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများကို ပုံမှန်လဲလှယ်မှု မရှိ သည့်အတွက် လုံလောက်သော သန့်ရှင်းမှုမရှိ ခြင်း၊ ကျပ်လွန်းသည့် အ၀တ်အစားများကြောင့် သတိမပြုမိသော်လည်း နောက်ဆက်တွဲကျန်းမာ ရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်များကပြောပါ သည်။
ယခုအခါတွင် ခန်္ဓာကိုယ်အလှကို ပေါ်လွင် စေသည့် ဘောင်းဘီ ကျပ်ကျပ်များ လူငယ်ထု အတွင်း ပိုမိုအကြိုက်များလာကြသည်။ ထို ဘောင်းဘီအကျပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းအရင်းများစွာထဲ မှတစ်ခုလည်း ဖြစ်နိုင်ကြောင်းသိရသည်။ ဘောင်းဘီကျပ်ကျပ်သည် စမတ်ကျလှပသော် လည်း သက်သောင့်သက်သာတော့ မရှိလှပေ။ လှုပ်ရှားသွားလာနေသူများအတွက
ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ် ခြင်း၊ ညပိုင်းတွင် ဆီးမကြာခဏသွားခြင်း၊ ဆီး အရောင်အနံ့ပြောင်းလာခြင်းနှ
ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ပါ သည်။
ဘောင်းဘီရှည်အကျပ်သည် အစာအိမ်ကို သွားဖိမိသည့်အတွက် အစာအိမ်ထဲမှ အစာချဉ် ရည်များထွက်ခြင်း၊ ရင်ခေါင်းပူပြီး နာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ၀မ်းသွား ခြင်းစသည့် ဆိုးရွားသည့်ပြဿနာများပါ ဖြစ် ပွားနိုင်ကြောင်း သိရသည်။ ““အောက်ခံအ၀တ် ကျပ်ကျပ်တွေကတော့ ပထမဆုံးပေါင်ပွန်း တာ တွေဖြစ်တယ်။ ပြီးရင် မွေးညင်းပေါက်တွေရောင် လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေ ပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီ
အရေပြားတွင်ဖြစ်သည့် ယားနာများအတွက် လိမ်းဆေးများအသုံးပြုလျှင် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သည်ဆိုသော် လည်း လိမ်းဆေးအချို့တွင် အရေပြားကိုယ်ခံ စွမ်းအားကျစေသည့် စတီးရွိုက်ပါဝင်သော လိမ်း ဆေးများလည်းရှိသည်။ ထိုကဲ့သို့သော လိမ်းဆေး
များအား ရိုးရိုးယားနာပျောက်ရန်အတွက
ကျပ်လွန်းသည့် ဘောင်းဘီများကြောင့် ခြေထောက်ရှိအကြောများ၊ တင်ပါးဆုံမှ အာရုံ ကြောများ ထိခိုက်နိုင်ခြင်းတို့ပါ ဖြစ်ပေါ်စေနိုင် သည့်အပြင် ခြေထောက်ရှိအကြောများပြတ် တောက်ခြင်း၊ အရေပြားတွင် အကြောများ ပြတ် တောက်ခြင်းစသည့် ဆိုးကျိုးများ လည်း ဖြစ်ပေါ် စေနိုင်သည်။ ဆီးချိုရောဂါရှိသူများ၊ ကိုယ်အလေး ချိန်များသူများ၊ တုံ့ပြန်လွယ်သည့် အသားအရေ ရှိသူများ၊ မူလက အရေပြားရောဂါ ခံစားနေရ သူများ ဘောင်းဘီကျပ်ကျပ်ဝတ်ခြင်းအာ
ခန်္ဓာကိုယ် မှထွက်ရှိလာသည့် ချွေးများကြောင့် စိုစွတ်နေ သည့် အောက်ခံအ၀တ်အစားများအတွင်း ပိုး ပေါက်ဖွားပြီး မှိုပိုးများဝင်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါ များ ဖြစ်ပွားလာနိုင်ခြင်းစသည် တို့ကို ခံစားရနိုင်ပါသည်။
ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အဟောင်းလွန်သွားသည်အထိ Underwear များအား အသုံးပြုနေခြင်းတို့သည် အောက်ခံအ၀တ်များ ဟောင်းသည့်အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင
““ညဘက်အိပ်တဲ့အချိန်မှာ ကိုယ်ခန်္ဓာရဲ့ ကြွက်သားတွေကလည်း နားနေကြတယ်။ အညစ်အကြေးထုတ်တာ၊ ကိုယ်ခံအားစနစ် ပြုပြင်ပေး တာတွေ လုပ်နေတဲ့အချိန်မှာ ကျပ် တဲ့အောက်ခံတွေက အနှောင့် အယှက်ပေးတယ်။ အမျိုးသားတွေမှာ အဲလိုအောက်ခံကျပ်ကျပ်တွေ ရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်””ဟု ဒေါက်တာ ဘုန်းနေသွန်း က ပြောသည်။
နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများမှတဆင့် ရောဂါများရရှိသည်အထိမဖြစ်စေ
သုံးပြုကြ ရန် လိုအပ်ပြီး၊ မိမိနှင့်သင့်လျော်သည့် သိပ် မကျပ်လွန်း၊ မကျယ်လွန်းသည့် အ၀တ်အစား များအသုံးပြုခြင်း၊ အောက်ခံအ၀တ်အစားများ အား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာဝတ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေး စုပ်နိုင်သည့်အသားဖြင့် ပြုလုပ်ထားသော အောက်ခံ များအား အသုံးပြုသင့်ကြောင်း သိရ သည်။ နိုင်ငံတကာရှိ ကျန်းမာရေး ဆိုင်ရာ ပညာ ရှင်များမှ လေ့လာတွေ့ရှိထားသည့် ကျန်းမာရေး အတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့်အချက် များထဲတွင် ဒေါက်ဖိနပ်အမြင့်များ စီးခြင်း၊ ဆေး မင်ကြောင်ထိုးခြင်း၊ ခန်္ဓာကိုယ်အပေါက် များ ဖောက်ခြင်း၊ နေပူခံခြင်းစသည့်အကြောင်းအရ
လည်း ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်ပေါ် စေနိုင်ကြောင်း ဖော်ပြထားကြသည်။
Credit : သုတေသီဆရာဝေ
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1
No comments:
Post a Comment