Pages

လက်သည်းဆိုးဆေးနဲ့ပတ်သက်ပြီး မသိကြတဲ့ အချက်လေးတွေ




လက်သည်းလေးတွေကို ဆေးကြောသန့်စင်ပြီး လက်သည်းအလှဖော်ကြ၊ ဆေးဆိုးကြလုပ်လေ့ရှိပေမယ့် လက်သည်းဆိုးဆေးနဲ့ ပတ်သက်တဲ့ထူးထူးခြားခြားအချက်လေးတွေကိုတော့ သိပ်မသိကြတာမို့ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

Manicure ဆိုတဲ့ စကားလုံးဟာ ပြင်သစ်စကားလုံးဖြစ်ပြီး လက်တွေကို ဂရုစိုက်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ၁၉၂၀ နဲ့ ၁၉၃၀ တုန်းကဆိုရင် ပါရီမှာခေတ်စားခဲ့ပါသတဲ့။ ဟိုအရင်ခေတ်က ပြင်သစ်မှာဆိုရင် အထက်တန်းလွှာနဲ့ အခြေခံအလွှာကိုတောင် လက်သည်းသန့်စင်မှုပြုခြင်း၊ မပြုခြင်းနဲ့ ခွဲခြားနိုင်ပါတယ်။ 
 
လက်သည်းဆိုးဆေးတွေကို များသောအားဖြင့် ပျားဖယောင်း၊ ကြက်ဥအကာ၊ ဟင်းသီးဟင်း ရွက်ဆိုးဆေး၊ ဂျယ်လတင်၊ ကော်စေးစတာတွေနဲ့လုပ်ကြပေမယ့် ရှေးဟောင်းအီဂျစ်တွေကတော့ ရနံ့မွှေးတဲ့အနီရောင်ကို လက်သည်းဆိုးကြပြီးနောက်ပိုင်းမှာ ခရင်မ်တို့၊ ပေါင်ဒါမှုန့်လိုမျိုးတွေ ထည့်သွင်းခဲ့ကြပါတယ်။

ယနေ့ခေတ်မှာ လူကြိုက်များလှတဲ့ အနီရောင်တောက်တောက် လက်သည်းဆိုးဆေးတွေဟာ ၁၉၅၀ ခုနှစ်များဆီကဆိုရင် လူလက်မခံတဲ့အရောင်ဖြစ်ပြီး ဘုရားကျောင်းတက်တဲ့အခါ လက်သည်းအနီရောင်ဆိုးခွင့်မရှိပါဘူး။ ဗစ်တိုးရီးယားခေတ်က ဆိုရင်လည်း လက်သည်းအနီရောင်ဆိုးတဲ့ အမျိုးသမီးတွေကို မကောင်းမှုလုပ်သူတွေ (ဒါမှမဟုတ်) ပြည့်တန်ဆာတွေလို့ သတ်မှတ်ကြပါတယ်။ လက်သည်းဖျက်ဆေးတွေဟာ သက်တမ်းကုန်ရက် မရှိပေမယ့် လက်သည်းဆိုးဆေးတွေကတော့ တစ်နှစ်လောက်ပဲသုံးသင့် ပါတယ်။ 
 
လက်သည်းဆိုးဆေးတွေက ဆိုးထားတိုင်း ကောင်းတဲ့အရာ မဟုတ်တာကို လက်သည်းတွေခြောက်တာ၊ ဝါတာ၊ ကြွပ်ဆတ်လာတာတွေကိုကြည့်ရင် သိသာပါတယ်။ လက်သည်းဆိုးဆေးတွေက တကယ်တော့ ကားမှုတ်ဆေးတွေကို အဆင့်မြှင့်ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။
 —Ref: wellnessbin
 

No comments:

Post a Comment