Pages
(Move to ...)
စိတ်ကူးအိမ်
ဘာသာရေး
ကျန်းမာရေး
သတင်း
နည်းပညာ
ထူးထူးဆန်းဆန်း
ဗဟုသုတ
မိဘမေတ္တာ
တရားတော်များ
ပန်းချီ
အနုပညာ
အလှအပ
စာအုပ်၊စာပေ
စားဖိုဆောင်
ဟာသ
ရသ
ပုံရိပ်
သံဝေဂ
စိုက်ပျိုးရေး
ပညာရေး
ပုံပြင်
တီးဝိုင်း
တက်ကျမ်း,
▼
.How to train your Dragon
လူတွေကိုသတ်ချင်နေတဲ့သူကတော့ သတ်နေမှာပဲဆိုတဲ့စကားလေးတစ်ခွန်းနဲ့.....How to train your Dragon “How to train your Dragon”ကာတွန်းဇာတ်လမ်းလေးသ ည် စာရေးသူအင်မတန်နှစ်သက်တဲ့ကာ တွန်းဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။အဓိကကြိုက်ရတဲ့အေ ကြာင်းရင်းကတော့ နဂါးတွေကြောင့်ပါပဲ။ အရောင်အသွေးစုံတဲ့နဂါးကြီးင ယ်မရွေးတွေကကြောက် စရာကောင်းနေဖို့ထက်ချစ်စရာေ ကာင်းနေတာပါပဲ။ နော်ဝေနိုင်ငံရဲ့ဗိုက်ကင်းေ တွအကြောင်းတွေကိုပုံဖော်ထား တဲ့ ဇာတ်လမ်းလေးဖြစ်ပါသည်။ဒီကား ကိုဖန်တီးသူတွေသည် နော်ဝေကိုသွားရောက်လေ့လာခဲ့ ပါသေးတယ်။ “How to train your Dragon ”ကာတွန်းကား လေးသည် အပိုင်းတစ်၊နှစ်ဆိုပြီးရုံတ င်ခဲ့ပါတယ်။ဇာတ်ကားလေးရဲ့ အဓိကဇာတ်ကောင်လေးကတော့ဟစ်ကပ်(ပ်)ဆိုတဲ့ လူသားလေးနဲ့တူလပ်(စ်)ဆိုတဲ့ နဂါးလေးပါပဲ။ ပထမဇာတ်ကားမှာတော့နဂါးနဲ့လူ သားတွေစစ်ဖြစ်တာတွေနဲ့ ဇာတ်လမ်းလေးကိုစတင်ထားပါတယ် ။ဟစ်ကပ်(ပ်)ရဲ့ဖခင်ဖြစ် သူသည်နဂါးမုန်းဝါဒီတစ်ဦးဖြ စ်ပါသည်။နဂါးတွေသည်လူသားတွေ ရဲ့ဘ၀ကိုဖျက်ဆီးပစ်နေတယ်လို့ ယုံကြည်နေပါတယ်။သားဖြစ်သူ ဟစ်ကပ်(ပ်)ကတော့နဂါးတွေကိုအ ကြောင်းမဲ့မသတ်ချင်ပါဘူး။သူ သည်ဘ၀ကိုငြိမ်းချမ်းစွာနေထိုင်ချင်သူတစ်ဦးလည်းဖြစ်ပါသ ည်။သူ သည်တစ်နေ့မှာတော့သူကိုယ်တို င်ဖန်တီးထားသောနဂါးဖမ်း ပိုက်ကွန်နဲ့နဂါးလေးတစ်ကောင်ကိုဖမ်းမိပါတယ်။သွားတွေကို လို သလိုထုတ်နိုင်သွင်းနိုင်သော နဂါးလေးတစ်ကောင်ဖြစ်ပါသည်။ တစ်ကိုယ်လုံးနက်ပြောင်နေတဲ့ နဂါးလေးသည်တခြားနဂါးတွေ လိုမီးမမှုတ်ပဲလျှပ်စစ်ဓာတ်ေ တွမှုတ်ပါတယ်။ နဂါးနက်လေးသည်ဟစ်ကပ်(ပ်)ကြောင့်အမြီးတစ်ခြမ်းပြတ် သွားခဲ့ရပါတယ်။နဂါးတစ်ကောင် နဲ့လူသားတစ်ဦးကြားထဲကချစ် ခြင်းတွေကိုလူသားလေးဟစ်ကပ်( ပ်)ကြောင့်ဖြစ်တည်လာခဲ့ရပါတ ယ်။ ပျက်စီးသွားတဲ့နဂါးနက်လေးရဲ့ အမြီးတစ်ခြမ်းလေးကိုဟစ်ကပ် (ပ်) သည်သူ့အတတ်ပညာတွေနဲ့ဖန်တီးေ ပးခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်ရန်လိုခြင်းေ တွကင်းခဲ့တဲ့အတွက်သူတို့နှစ်ဦး သည်အသွင်မတူပေမဲ့မိတ်ဆွေတွေ ဖြစ်လာခဲ့ပါသည်။ နဂါးတွေသည်လူနေအိမ်တွေ၊အစား သောက်တွေကိုဖျက်ဆီးရတဲ့ အကြောင်းရင်းကတော့နဂါးမျိုး နွယ်အချင်းချင်းကအနိုင်ကျင့် နေလို့ပါပဲ။ အင်းအားကြီးမားတဲ့နဂါးတစ်ကောင်သည်သူ့ပတ်ဝန်ကျင်မှာရှိတဲ့ နဂါးသေးသေးလေးတွေကိုသူ့အင်း အားနဲ့လူသားတွေဆီက အစားအသောက်တွေကိုလုယက်ခိုင်းပါတယ်။အဲဒီလိုနဲ့ပဲနဂါးနဲ့ လူသား တွေရဲ့ကြားမှာတိုက်ပွဲဖြစ်လာခဲ့ရပါတယ်။လူသားတွေသည် အင်းအားကြီးတဲ့နဂါးကိုတိုက် ခိုက်ပေးလိုက်တဲ့အခါမှာတော့ နဂါးနှင့်လူသားတွေကြားမှာငြိမ်းချမ်းရေးရခဲ့ပါတယ်။ငြိမ်းချမ်းရေး အတွက်ဟစ်ကပ်(ပ်)သည်ခြေတစ်ဖက်တော့ဆုံးရှုံးလိုက်ရပါတယ်။ လောကတွင်အဖျက်လုပ်ငန်းကိုမှ သဘောကျသူတွေလဲရှိနေ တတ်ပါတယ်။ဘုရားရှင်ရဲ့ငြိမ်းချမ်းရေးတရားတွေကိုမှ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ေ ဒ၀ဒတ်ဆိုတဲ့လူမျိုးတောင်ရှိ နေ တတ်တာပဲလေ။လောကကိုကောင်းကျိုးပြုဖို့မွေးဖွားလာသူ တွေရှိသလို၊ဆန့်ကျင်ဘက်ဆိုး ကျိုးတွေကိုသယ်လာဖို့ လည်းဝန်မလေးတတ်သူတွေလည်းရှိ နေပြန်တယ်။ “How to train your dragon”အပိုင်းနှစ်တွင် လောကကြီးကို မငြိမ်ချမ်းအောင်လုပ်ချင်တဲ့ သူတစ်ဦးပေါ်လာခဲ့ပါတယ်။ သူ့ကိုနှိပ်စက်ခဲ့တဲ့နဂါးတွေသူ့ရှေ့မှာဝပ်ထွားနေရမယ် ဆိုတဲ့စိတ်ဓာတ်နဲ့နဂါးတွေကိုသိမ်းပိုက်ပြီးနဂါးစစ်တပ် တည်ထောင်ချင်သူပေါ့။သူကတော့ သူနာကျင်ခဲ့ရတဲ့ဒဏ်ရာ တွေအတွက်ကလဲ့စားချေတာတဲ့။အမှန်တော့သူ့အလိုလောဘတွေ အတွက်နဂါးတွေကိုအသုံးချခဲ့ရုံသက်သက်ပါပဲ။ “သား......လူတွေကိုသတ်ချင်ေ နတဲ့သူတစ်ယောက်ကို လူမသတ်ပါနဲ့လို့မင်းပြောလို့ ရမှာမဟုတ်ဘူးတဲ့။”ငြိမ်းချ မ်းရေး ကိုလိုလားတဲ့သားဖြစ်သူဟစ်က် (ပ်)ကိုဖခင်ဖြစ်သူက ဖျောင်းဖျပြောဆိုခဲ့တဲ့စကား လေးတစ်ခွန်းပါပဲ။နောက်ဆုံးမှာ တော့သားဖြစ်သူကိုကာကွယ်ပေးရ င်ဖခင်ဖြစ်သူသည် သေဆုံးခဲ့ရပါတယ်။လူငယ်တစ်ဦးဖြစ်တဲ့ဟစ်ကပ်(ပ်)အတွက်က တော့လောကကြီးကကိုယ်လိုချင်သ လိုဖြစ်လာလိမ့် မယ်လို့ယုံကြည်ခဲ့ပေမဲ့အတွေ့ အကြုံများတဲ့ဖခင်တစ်ဦး ကတော့သားသင်ခန်းစာရဖို့အတွက်အသက်ပေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့စစ်ဖြစ်ချင်တဲ့သူသည်စစ်ဖြစ်ဖို့အတွက် ဖန်တီးခဲ့သလို၊စစ်မဖြစ်ချင် တဲ့သူကလဲစစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့ရပါတယ်။ စစ်တစ်ပွဲဖြစ်လာပြီးဆိုရင်နှစ်ဖက်စလုံးကတော့ထိခိုက်ကြရ တာပါပဲ။ ဒါပေမဲ့စစ်ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ခံယူချက်လေးတော့ရှိသ င့်ပါ တယ်။ဇာတ်လမ်းထဲမှာတော့ဟစ်ကပ်(ပ်)သည်သူ့ရွာကလေး၊ သူ့လူမျိုးနဲ့နဂါးတွေကိုကာကွယ်ပေးဖို့အတွက်စစ်တိုက်ခဲ့ ရပါတယ်။ စာရေးသူအနေနဲ့ကတော့သူ့ဆီမှာ ဖခင်အတွက်ကလဲ့စားချေစိတ် ရှိချင်ရှိနေလိမ့်မယ်။ဒါပေမဲ့နည်းနေပါလိမ့်မယ်။သူသည်ပြိုင်ဘက် ရန်သူနဲ့နဂါးကြီးကိုသူ့လက်နဲ့မသတ်ခဲ့ပါဘူး။ ဇာတ်လမ်းထဲမှာနဂါးနက်လေးတူလ ပ်(စ်)သည်အညှို့ခံလိုက် ရတဲ့အတွက်ဟစ်ကပ်(ပ်)ရဲ့ဖခင် သည်အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့သူတို့နှစ်ဦးကြားမှာရှိတဲ့ယုံကြည်မှုကြောင့်သူတိုနှစ်ဦးရဲ့ ခင်မင်မှုသည်မပျောက်ပြယ်ခဲ့ပါဘူး။ဆက်ဆံရေးသည်ယုံကြည်မှုေ တွ ကြောင့်တာခိုင်မြဲနေရတာပါ။ ဒါပေမဲ့ယုံကြည်မှုရဲ့အုတ်မြ စ်ကတော့ ရိုးသားတဲ့စိတ်ထားလေးပါပဲ။မျိုးနွယ်မတူ၊ပုံစံတွေကွဲပြားနေပါစေ၊ ရိုးသားတဲ့ဆက်ဆံမှုလေးတွေရှိ နေမယ်ဆိုရင် ယုံကြည်မှုလေးကခိုင်မြဲနေမယ် ဆိုတာကိုနဂါးလေးတစ်ကောင်နဲ့ လူသားလေးတစ်ဦးကဇာတ်ကားလေးထဲမှာပုံဖော်ပေးထားပါတယ်။ လူသားနဲ့တိရစ္ဆာန်တွေဖြစ်ရတဲ့ စစ်ပွဲထက်၊လူသားချင်းချင်း ဖြစ် ရတဲ့စစ်ပွဲတွေကပိုအကျဉ်းတန် ကြောင်းကိုကာတွန်းကားလေး ကပြသခဲ့ပါတယ်။စာရေးသူကတော့ကာတွန်းဇာတ်ကားလေး ကိုကြည့်ပြီးသွားတော့ကားတွန်းအရည်အသွေးတွေကောင်းနေ တာထက်ကာတွန်းရဲ့အတွေးတွေကပိုကောင်းနေတယ်လို့ခံစားမိပါ တယ်။ သက် (ref:how to train your dragon)
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.
No comments:
Post a Comment