“လောက၌မကောင်းမှုပြုလုပ်သူအားစိတ်ကွယ်ရာအရပ်မရှိ”(သီလ၀ီမံသနဇာတက)
၇။
လူ့လောကမှာတရားဥပဒေဟာမျက်နှာကြီးရာဟင်းဖတ်ပါတတ်ပေမယ့်၊ ငရဲမင်းကတော့ဘယ်သူ့ကိုမျှမျ က်နှာမလိုက်ပါဘူး။လူ့လောကကတ ရားသူကြီးအချို့တရားမျှတမှု မရှိကြပေမယ့်၊သေမင်းတို့၊ငရဲမင်းတို့ကတော့လုံးဝတရားမျှ တကြပါတယ်။အပြစ်ဆိုတဲ့တရားသူ ကြီးကတော့…….လက်ဆောင်ပေးတဲ့ သူမို့၊ငွေများများပေးနိုင် တဲ့သူမို့၊ချမ်းသာတဲ့သူမို့၊သူဋ္ဌေးသားမို့ ၊အရာရှိသားမို့၊တရားသူကြီးသားမို့၊၀န်ကြီးသားမို့၊ရှင် ဘုရင်သားမို့၊ရှင်ဘုရင်မို့ ဆိုပြီးပြစ်ဒဏ်လျော့ပေါ့ပေး မှာမဟုတ်သလို၊လူစားလဲပေးမှာ လည်းမဟုတ်ပါဘူး။
“တရားဥပဒေသည်ဆင်းရဲသူကိုအနိုင်ကျင့်ပြီးချမ်းသာသူကိုမျ က်နှာသာပေးသည်”ဆိုတဲ့အတိုင်းဆင်းရဲသူကိုအနိုင်ကျင့်ပြီးချမ်းသာသူကိုအခွင့်အရေးပေး တာလူ့လောကမှာပဲရှိပါတယ်။တရားဥပဒေအထက်မှာတရားသူကြီးရှိတ တ်ပေမယ့်သေမင်းဆိုတဲ့တရားသူ ကြီးအထက်မှာတော့ဘယ်သူမှမရှိ ပါဘူး။မြေနိမ့်ရာလှံစိုက်တတ်တဲ့အစားထဲမှာသေမင်းတို့ငရဲ မင်းတို့မပါပါဘူး။”ငါကသူဋ္ဌေး သား……၀န်ကြီးသား…..ဘုရင့်သားဆိုပြီး….လူ့လောကမှာလူတိုင်းကိုပမာမခန့်တဲ့အကြည့်နြဲ့ ကည့်သလိုသေမင်းကိုသွားကြည့် လို့ကတော့တစ်ခါတည်းဂွမ်းသွားမယ်မှတ်ပါ”။
ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်၊ရှင်ဘုရ င်ပဲဖြစ်ဖြစ်၊ပြည်သူပြည်သား ပဲဖြစ်ဖြစ်မည်သူမဆိုမကောင်း တဲ့ပြစ်မှုကြူးလွန်လျှင်မကောင်းတဲ့အကျိုးတရားတွေကနေမလွ တ်ပါဘူး။လူ့လောကမှာလိုအပြစ် လွတ်အောင်ရှောင်ပြေးလို့မရပါဘူး။အပြစ်လွတ်ချင်လို့”ကော င်းကင်မှာပဲသွားပြီးနေနေ၊တောထဲမှာပဲသွားနေနေ၊သမုဒ္ဒရာအလ ည်မှာပဲသွားနေနေ၊ရေအောက်မှာ အိမ်ဆောက်ပြီးနေနေ၊ဘုံခုနှစ်ဆင့်ပေါ်မှာပဲတက်နေနေ၊နေချင်တဲ့နေရာသွားနေနေမကောင်းမှု ကံကနေမလွတ်ပါဘူး”။ဘယ်နေရာမှာသွားပြီးတော့ပုန်းပုန်းမရပါဘူး။
၈။
သုပ္ပဗုဒ္ဓ(သုပ်ပဗုဒ်ဓ)ဆိုတာသိဒ္ဓတ္ထမင်းသားရဲ့ယောက်ခမ၊ယသော်ဓရာနှင့်ဒေ၀ဒတ်တို့ရဲ့ဖခင်ဖြစ်ပါတယ်။လူ့လောကအရပြောမယ်ဆိုလျှင်သူဟာသာမန်ပုဂ္ဂိုလ် မဟုတ်ပါဘူး၊ရှင်ဘုရင်တစ်ယော က်ပါ။သူ့သမီးကိုသားတစ်ယောက် နဲ့ထားခဲ့ပြီးတောထွက်သွားတယ်၊သားဖြစ်တဲ့ဒေ၀ဒတ်ကိုလည်းေ ယာက်ဖဖြစ်လျှက်နဲ့ရန်သူလိုသ ဘောထားတယ်ဆိုပြီးမြတ်စွာဘုရားကိုရန်ငြှိုးအာဃာတဖွဲ့ထား တဲ့ဘုရင်တစ်ပါး။
တစ်နေ့တော့သုပ္ပဗုဒ္ဓဟာမြတ်စွာဘုရားနှင့်သံဃာတော်တွေဆွမ်းခံ၊ဆွမ်းစားကြွမည့်လမ်းကို ပိတ်ထားပါတယ်။မြတ်စွာဘုရားနှင့်သံဃာတော်တွေကြွလာတဲ့အခါ မှာလမ်းမဖယ်ပေးပါဘူး။ဘယ်လို ပြောပြောလမ်းမဖယ်ပေးပါဘူး။ေ နာက်ဆုံးမြတ်စွာဘုရားနှင့်သံဃာတွေဟာလှည့်ပြန်သွားပါတယ် ။(သုပ္ပဗုဒ္ဓဘုရင်ကမြတ်စွာဘုရားနဲ့သံဃာတွေကိုလမ်းပိတ်ရုံ လေးပါ။သေနတ်နဲ့ပစ်တာမဟုတ်ဘူးဆိုတာကိုတော့သတိရှပ်ထားစေလိုပါတယ်….။)အဲ့ဒီအခါမှာမြတ် စွာဘုရားပြုံးတော်မူတာကိုတွေ့ပြီးအရှင်အာနန္ဒာကမေးလျှော က်ပါတယ်။ပြုံးတော်မူခြင်းရဲ့ အကြောင်းကဘာလဲအရှင်ဘုရား။
သုပ္ပဗုဒ္ဓဟာမပြုသင့်တဲ့အမှုကိုပြုလိုက်ပြီ၊အဲ့ဒီအကျိုးဆ က်ကြောင့်နောက်ခုနှစ်ရက်ပြည့်လျှင်မြေမြိုလိမ့်မယ်လို့ မိန့်လိုက်တာကိုကြားပြီးသုပ္ပဗုဒ္ဓကစဉ်းစားပါတယ်။”ငါ့တူေ ဂါတမပြောတဲ့စကားတွေကအမြဲတမ်းမှန်တယ်၊ခုငါ့ကိုလည်းမြေမြိုလိမ့်မယ်လို့ပြောတယ်၊ဘုံခုနှစ်ဆင့်ပေါ်တက်နေလျှင်ဘာတတ်နိုင်မလဲ။မြေမမြိုလို့ကတော့ ဂေါတမကိုမုသာဝါဒနဲ့စွပ်စွဲ ပစ်မယ်”။
ပြီးတော့…….မြေမမြိုရလေအောင်ဆိုပြီးဘုံခုနှစ်ဆင့်ပေါ်မှာတက်နေပါတယ်။မြတ်စွာဘုရားတို့မည်သည်နှစ်ခွန်းနှစ်ခွသော စကားကိုပြောရုံးမရှိပါဘူး။ခုနှစ်ရက်ပြည့်တဲ့နေ့မှာတော့ သုပ္ပဗုဒ္ဓမြေမြိုပြီးအ၀ီစိရောက်သွားပါတယ်။
၉။
တကယ်တော့သုပ္ပဗုဒ္ဓမြေမြိုသွားတာဟာသူပြုလုပ်ခဲ့တဲ့အကုသို လ်ကြောင့်ပါ။တန်ခိုးရှင်တစ် ဦးဦးကမြေမြိုစေဆိုပြီးပြောလိုက်လို့မြေမြိုသွားတာမဟု တ်ပါဘူး။မည်သည့်ပုဂ္ဂိုလ်တစ် ဦးတစ်ယောက်ကမျှဘာပြစ်ဒဏ်ခံ စေ၊ညာပြစ်ဒဏ်ခံစေဆိုပြီးတော့ လည်းပြောလို့မရပါဘူး။ပြီးေ တာ့…..မည်သည့်တန်ခိုးရှင်၊မ ည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယော က်ကမျှအပြစ်ဒဏ်ပေါ့သွားအောင်လုပ်ပေးလို့လည်းမရပါဘူး။လု ပ်ပေးလို့ရစတမ်းဆို….ရှင်းရှင်းလေးပဲ။
မြတ်စွာဘုရားရှင်လောက်တန်ခိုးအရာမှာပြည့်စုံတဲ့သူရှိပါ အုံးမလား။သုပ္ပဗုဒ္ဓဆိုတာမြတ် စွာဘုရားရဲ့ဦးရီးတော်ဖြစ်သ လို၊ယောက်ခမလည်းဖြစ်ပါတယ်။ဒီလောက်ဆွေမျိုးတော်နေတာလောက်နဲ့တင်သုပ္ပဗုဒ္ဓရဲ့အပြစ်တွေ ကိုပေါ့လျော့သွားအောင်တန်ခိုးနဲ့လုပ်ပေးလို့ရနေပါပြီ။ဒါပေမဲ့မြတ်ဗုဒ္ဓဟာသုပ္ပဗုဒ္ဓကြူးလွန်ခဲ့တဲ့အပြစ်တွေကိုပေါ့ လျော့သွားအောင်မလုပ်ပေးနို င်ခဲ့ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့အပြစ်မှာဆွေမျိုးမရှိ လို့ပါပဲ။ဒါ့အပြင်…..ပုဂ္ဂို လ်တစ်ဦးတစ်ယောက်ကိုဘာပြစ်ဒ ဏ်ကျစေ၊ညာပြစ်ဒဏ်ကျစေဆိုပြီးသူကိုင်တိုင်သတ်မှတ်ပြဋ္ဌာန်းပေးခဲ့တာမဟုတ်လို့ပါပဲ။
၁၀။
မြတ်ဗုဒ္ဓရဲ့ကမ္မ၀ါဒဆိုတာကိုယ်လုပ်တဲ့အလုပ်ကိုကိုယ်ကိုယ် တိုင်တာဝန်ယူရတဲ့အလုပ်ပါ။ကိုယ်လုပ်လိုက်တဲ့အလုပ်ဟာကောင်းကောင်း၊ဆိုးဆိုးကိုယ်နဲ့ပဲဆိုင်ပါတယ်။ကံဆိုတာလောကသဘာ ၀လိုကိုယ့်ရဲ့အရှုပ်ထုတ်တွေ ကိုသူတစ်ပါးအပေါ်ပစ်ချလိုက်လို့၊လွှဲချပစ်လိုက်လို့ရတဲ့အ ရာမဟုတ်ပါဘူး။ဒါ့အပြင်…ကံဆိုတာပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အ ပေါ်”အမြင်ကတ်တဲ့ပုဒ်မတပ်ပြီးတော့”ဘယ်တော့မှမတရားပြစ်ဒဏ်မချတတ်ပါဘူး။
တကယ်တော့….ကံဆိုတာ….”လောကမှာရှိတဲ့လူတွေလို…ကိုယ်အမြင် ကတ်တဲ့လူတစ်ယောက်ကောင်းတာလု ပ်တဲ့အခါမှာမသိချင်ယောင်၊မြ မင်ချင်ယောင်ဆောင်တတ်သလောက် ၊ကိုယ်အမြင်ကတ်တဲ့လူတစ်ယောက်မကောင်းတာလုပ်ရင်တော့….တစ် စိတ်ကိုတစ်အိတ်လုပ်…ဂျပိုးကိုလိပ်ဖြစ်အောင်လုပ်ပြီး….င ပိရည်ကိုရဲယိုရွက်နဲ့…….အား ပါးတရစွဲသလိုစွဲတတ်တဲ့အမျိုးအစားလည်းမဟုတ်သလို၊ခုတစ်မျိုး၊တော်ကြာတစ်မျိုး၊ကြိုက် တစ်မျိုး၊မကြိုက်တစ်မျိုး၊နှစ်မျိုးပြောင်းလဲတတ်တဲ့လျှာနှစ်ခွရှိတဲ့သူလည်းမဟုတ်ပါ ဘူး”။ဘာ့ကြောင့်လည်းဆိုတော့ ကံတရားမှာ……ချစ်ခြင်း….မုန်းခြင်း..စတဲ့အဂတိတရားတွေကင်းလို့ပါပဲ။
၇။
လူ့လောကမှာတရားဥပဒေဟာမျက်နှ
“တရားဥပဒေသည်ဆင်းရဲသူကိုအနိ
ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ဆင်
၈။
သုပၸဗုဒၶ(သုပ္ပဗုဒ္ဓ)ဆိုတာသ
တစ်နေ့တော့သုပ္ပဗုဒ္ဓဟာမြတ်စွ
သုပ္ပဗုဒ္ဓဟာမပြုသင့်တဲ့အမှုက
ပြီးတော့…….မြေမမြိုရလေအောင
၉။
တကယ်တော့သုပ္ပဗုဒ္ဓမြေမြိုသွာ
မြတ်စွာဘုရားရှင်လောက်တန်ခိ
၁၀။
မြတ်ဗုဒ္ဓရဲ့ကမ္မ၀ါဒဆိုတာကိုယ
တကယ်တော့….ကံဆိုတာ….”လောကမှ
**************************
ကျမ်းကိုး..........
ဓမ္မပဒအဋ္ဌကထာ
ဇာတကဋ္ဌကထာ
************************************
အားလုံးပျော်ရွှင်ကြပါစေ....
သာကီဝင်
Kandy, Sri Lanka
__________________________
Sri Sumangala Sami ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
No comments:
Post a Comment