Pages

တစ္ဆေမြို့တော်သို့ တစ်ညတာ


လပြည့်ကျော်သွားပြီမို့ လရောင်ကခပ်ဖျော့ဖျော့ သာနေသည်။ ဆောင်းကုန်လုပြီဖြစ်သော်လည်း ပြင်ဦးလွင်မှာတော့ နှင်းတွေထူထပ်စွာကျဆင်းကာ မေးခိုက်ခိုက် တုန်အောင် ချမ်းနေဆဲဖြစ်သည်။ ည ၁၁ နာရီထိုးခါနီးပြီမို့ ပြင်ဦး လွင်-လားရှိုးလမ်းမပေါ် ကျွန်တော်တို့ စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးမှလွဲ၍ ဖြတ်သွား ဖြတ်လာမရှိတော့။ လမ်းဘေးဝဲယာတစ်လျှောက် မြင့်မားထူထပ် အုံ့ဆိုင်းနေ သည့် သစ်ပင်ကြီးများက ဆိုင်ကယ်ပေါ်က ကျွန်တော်တို့အား ငုံ့ကြည့် နေသလိုလို။

လမ်းဘေးဝဲယာ သစ်ပင်တွေဆီက အအေးဓာတ်တွေ ကျွန်တော်တို့ခန္ဓာကိုယ်ပေါ် ရိုက်ခတ်လာတော့ ကျောထဲစိမ့်ခနဲဖြစ်သွားသည်။ အမှန်ဆိုလျှင်တော့ သည်လောက်ချမ်းအေးလှသည့် ပြင်ဦးလွင်မြို့ညအချိန်မှာ ဆိုင်ကယ်ဖြင့် လမ်းပေါ်ထွက်နေတာထက် ဂွမ်းစောင်ထူထူထဲဝင်အိပ်စက်နေခြင်းက ပိုကောင်းမည်ကို ကျွန်တော်တို့သိပါသည်။ သို့သော်လူငယ်သဘာဝ စူးစမ်းချင်စိတ်က အအေးဓာတ်ကို မမှုစေခဲ့ပါ။ ကျွန်တော်တို့ ဦးတည်နေသည့်နေရာက ပြင်ဦးလွင်မြို့ရှိ သရဲတစ္ဆေခြောက်သည်ဟု နာမည်ကြီးသည့်ဟိုတယ်တစ်ခုထံသို့ဖြစ်သည်။

အေးချမ်းငြိမ်သက်လွန်းလှသည့် တောင်ပေါ်မြို့ ပြင်ဦးလွင်ကို ရုပ်ရှင်ဗီဒီယိုများနှင့် ဝတ္ထုဇာတ်လမ်းများတွင် သရဲတစ္ဆေများခိုအောင်း ရာမြို့တစ်မြို့အဖြစ် ဇာတ်အိမ်ဖွဲ့ခဲ့ကြသည်။ ပြင်ဦးလွင်မြို့ကို အနုပညာသမားများက သရဲတစ္ဆေဇာတ်လမ်းများ ရေးသားရိုက်ကူးရန် မျက်စိကျမည်ဆိုလည်း ကျလောက်သည်။ ပြင်ဦးလွင်တွင် အင်္ဂလိပ်ကိုလိုနီခေတ်အဆောက်အအုံပေါင်း ၁၇၀ ကျော်ရှိ၍ ထိုအဆောက်အအုံ အိုများသည် သရဲတစ္ဆေဇာတ်လမ်းများအတွက် များစွာပံ့ပိုးနိုင်ခဲ့သည်။

ထို့အပြင် လူတွေ၏ စိတ်ထဲတွင် အဆောက်အအုံအိုဟောင်းလျှင် တစ္ဆေသရဲရှိသည်၊ ခြောက်သည်ဆိုသည့် အစွဲတွေက ပြင်ဦးလွင်မြို့အား တစ္ဆေသရဲမြို့တော်အဖြစ် ပုံသွင်းပေးခဲ့ခြင်းလည်းဖြစ်သည်။ ဘယ်အဆောက်အအုံမှာ နေထိုင်သူအဆက်ဆက် ဆွဲကြိုးချသေခဲ့သဖြင့် မကျွတ်မလွတ်ကာ ခြောက်လှန့်နေသည်၊ ဘယ်ရုံးဌာနမှာ အင်္ဂလိပ်လူမျိုးလူကြီး တစ်ဦး မကြာခဏလမ်းလျှောက်ကာ ကိုယ်ထင်ပြနေသည်၊ ဘယ် ဟိုတယ်မှာတော့ ညဘက်ခြေသံတရှပ်ရှပ်ကြားကာ ခြောက်လှန့်တတ်သည် ဆိုတာတွေဖြစ်သည်။

ပြင်ဦးလွင်မြို့၌ ရထားလုံး မြင်းလှည်းမောင်းခဲ့ဖူးသူ အသက် (၈၄)နှစ်အရွယ် ဦးကြည်ကတော့ သူငယ်စဉ်က ကြုံတွေ့ခဲ့ဖူးသည့် သရဲတစ္ဆေအတွေ့အကြုံကိုဝေမျှသည်။ မိုးအေးသောနေ့တစ်နေ့ ညနေခင်းတစ်ခုတွင် ကန်တော်လေးအနီး ခရီးသည်မျှော်နေသည့် ရထားလုံး မြင်းလှည်းမောင်းသူ ဦးကြည်ထံသို့ အင်္ဂလိပ်လူမျိုးစုံတွဲ တစ်တွဲလာရောက်ငှားရမ်းခဲ့သည်။ ထိုအတွဲက ပြင်ဦးလွင်မြို့တွင်းရှိ သရဲတစ္ဆေခြောက်သည်ဟု နာမည်ကြီးသည့်ဟိုတယ်သို့ ပြန်မည်ဟုဆိုသည်။ သူတို့က အဲဒီမှာနေသည်တဲ့။ ဦးကြည်ကတော့ ဟိုတယ်တွင် လာတည်းခိုသည့်ဧည့်သည်လို့ပဲထင်မှတ်ပြီး လိုက်ပို့သည်။

ဟိုတယ်ရှေ့ရောက်တော့ မြင်းလှည်းပေါ်ကနေ ဆင်းသံမကြားလို့ ဦးကြည် ရထားလုံးထဲကို ခေါင်းငုံ့ကြည့်မိတော့ အင်္ဂလိပ်စုံတွဲမရှိတော့။ ဦးကြည် ကြက်သီးဖြန်းဖြန်းထသွားသည်။ ‘‘တက်တုန်းက ပေးသွားတဲ့မြင်းလှည်းငှားခပိုက်ဆံတွေကလည်း အစစ်တွေ။ ဘယ်လိုမှစဉ်းစားမရဘူး’’ဟု ဦးကြည်ကပြောသည်။

အမျိုးသမီးငယ်တစ်ဦးလာရောက်တည်းခိုရင်း ကိုယ့်ကိုယ်ကိုယ်ဆွဲကြိုးချသေသွားသဖြင့် အခန်းကိုပါဖြိုဖျက်ထားရသည့် တည်းခိုခန်းတစ်ခုတွင်တော့ မကြာခဏ တံခါးလာခေါက်ခြင်း၊ ဝင်ပူးပြောဆိုခြင်းများဖြစ်ပွားတတ်သည်ဟု တည်းခိုခန်းဝန်ထမ်းတစ်ဦးက ဆိုသည်။ ‘‘ကျွန်တော်တို့ဆို အပေါ်ထပ်ကို တစ်ယောက်တည်းမတက်ရဲဘူး။

တက်လိုက်တာနဲ့ ခေါင်းနားပန်း ကြီးသွားတာ’’ဟု အမျိုးသားဝန် ထမ်းတစ်ဦးက ပြောသည်။ ယခုတော့ ထိုတည်းခိုခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အပြီး ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းတစ်ခု ပြောင်း လုပ်နေပြီဖြစ်သည်။

ကြောက်သည်ရှိ၊ မကြောက် သည်ရှိ ကြားထားရတဲ့ တစ္ဆေသရဲ ဇာတ်လမ်းတွေကတော့ နား ထောင်လို့ကောင်းလှသည်။ ခြောက်ခြောက်၊ မခြောက်ခြောက် ကြောက်လန့်သည့်ရသတစ်ခုခု ကို ခံစားဖို့အတွက် ကျွန်တော်တို့ သူငယ်ချင်းသုံးဦး ပြင်ဦးလွင်မြို့ သို့ တက်လာခဲ့ခြင်းဖြစ်သည်။
မြို့ခံများနဲ့ စကားပြောပြီး နောက် ကျွန်တော်တို့ကြုံတွေ့လို သည့်အနေအထားမျိုးရရှိနိုင်မည့် သင့်လျော့်သည့်နေရာတစ်ခုကို ညွှန်းပေးရန် အကြံဉာဏ်တောင်း ကြည့်သည်။ သူတို့တွေညွှန်းကြ တဲ့နေရာတွေက သရဲတစ္ဆေ ခြောက်သည်ဟု အသံထွက်သည့် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ဖြစ်သည်။ တချို့နေရာတွေက အပြီးပိတ်သွားကြတာမျိုးတွေ၊ လုပ်ငန်းပြောင်းတာတွေ ရှိသည်။ နောက်ဆုံး သရဲတစ္ဆေဇာတ်လမ်း မျိုးစုံထွက်ပေါ်ခဲ့ဖူးသည့် ဟိုတယ် တစ်ခုကို ရွေးလိုက်ကြသည်။

ဟိုတယ်ဝင်းထဲဝင်လိုက် တော့ လုံခြုံရေးဂိတ်မှာစောင့်သူ မရှိတော့။ ကွေ့ဝိုက်ဖောက်ထား သည့် ကတ္တရာလမ်းကျဉ်းကျဉ်း ပေါ် ဆိုင်ကယ်ကိုဖြည်းညင်းစွာ မောင်းရင်း ဝင်းအလယ်ထဲတွင်ရှိ သည့် ဟိုတယ်အဆောက်အအုံထဲ မောင်းဝင်လာခဲ့သည်။ ဟိုတယ် အဆောက်အအုံရှေ့ ဆိုင်ကယ် ကိုရပ်ပြီး ဧည့်ကြိုကောင်တာကို လှမ်းကြည့်မိတော့ ဝန်ထမ်းတစ် ဦးတစ်ယောက်မျှမတွေ့ရ။ ဟို တယ်ဝင်ပေါက်နံရံမှာ အဆောက် အအုံစတင်တည်ဆောက်သည့် ခုနှစ်ကို ကြေးပြားဖြင့် ရေးထိုး ထားသည်ကိုတွေ့ရပြီး နှစ်ပေါင်း တစ်ရာနီးပါးရှိနေပြီဖြစ်သည်။

သုံးယောက်သား ကိုယ့် အထုပ်ကိုယ်ဆွဲပြီး ဧည့်ကြို ကောင်တာကို လှမ်းကြည့်ကာ ဝင်လာချိန် အခန်းဘေးမှရုတ် တရက် အမျိုးသားကြီးတစ်ဦး ထွက်လာတော့ လန့်သွားမိသည်။ ကျွန်တော်တို့ လန့်သွားသည့်ပုံစံ ကို သူကဖော်ရွေစွာရယ်ပြပြီး ဧည့်ကြိုကောင်တာအတွင်းဝင် ကာ အခန်းကိစ္စပြောသည်။ နှစ် ယောက်ခန်းတစ်ခန်းယူလိုက် သည်။ နောက်ထပ်ဝန်ထမ်းတစ် ဦးထပ်ရောက်လာကာ တည်းရ မည့်အခန်းသို့လိုက်ပို့မည်ဟုဆို သည်။ ကျွန်တော်တို့တည်းရမည့် အခန်းကတော့ အဆောင်(၁)၊ အခန်းနံပါတ် (၁၀၆)ဖြစ်သည်။

ဟိုတယ်ဝန်ထမ်းမှဦးဆောင် ကာ အဆောင်(၁)ဆီခေါ်သွား သည်။ တစ်ခြမ်းပဲ့လမင်းက အဆောက်အအုံထိပ်ဖျားပေါ် ရောက်နေသည်။ အဆောက် အအုံရှေ့ရှိ မြင့်မားလှသည့် ယူ ကလစ်ပင်အိုက မကောင်းဆိုးဝါး တစ်ကောင် ငုတ်တုတ်ထိုင်နေ သည့်ပုံစံပေါက်နေသည်။ ဟို တယ်ဝန်ထမ်းအား ဧည့်သည်တွေ ရှိ၊ မရှိမေးကြည့်မိသည်။ ‘‘ဧည့် သည်ကတော့ နွေရာသီနဲ့ အခါ ကြီးရက်ကြီးလောက်ပဲရှိတာ။ ကျန်တဲ့အချိန်ကပါးတယ်’’ဟု ဆိုသည်။ ‘‘ဒီညကော တခြားဧည့် သည်တွေရှိလား’’ဟု ကျွန်တော့် မိတ်ဆွေက ထပ်မေးလိုက်သည်။ ‘‘ဒီညတော့ အစ်ကိုတို့အဖွဲ့ပဲရှိ တာ’’ဟု ဆိုလိုက်တော့ ကျွန်တော် မသိမသာလေးသက်ပြင်းချလိုက် မိသည်။

ဧည့်သည်မရှိသော်လည်း ကျွန်တော်တို့အဖွဲ့တည်းရမည့် အဆောင်အပေါ်ထပ်နှင့် အောက် ထပ်မှာ လျှပ်စစ်မီးတွေလင်းနေ သည်။ ဟိုတယ်အခန်းတံခါးက အဖွင့်အပိတ်နည်း၍လားမသိ။ တံခါးပတ္တာတွေကျပ်ကာ ကျွီခနဲ မြည်သွားသည်။ တံခါးဖွင့်ဖွင့်ချင်း မှောင်မည်းနေသည့်အခန်းက ဆီး ကြိုသည်။ ဟိုတယ်ဝန်ထမ်းက မီးဖွင့်ပေးပြီး သော့ပေးကာ ပြန် ထွက်သွားသည်။

အခန်းထဲမှာ သန့်ပြန့်နေ သည့် ခုတင်နှစ်လုံးကဆီးကြို သည်။ ခုတင်ဘေးမှာတော့ အို ဟောင်းနေသည့် သစ်သားဘီရို ကြီးတစ်လုံးရှိနေသည်။ ဘီရိုဘေး မှာ မီးလင်းဖိုကြီးတစ်ခုရှိနေပြီး အုတ်နီနီရဲရဲများဖြင့် တည် ဆောက်ထားသည်။ မှန်ပြတင်း ပေါက်များလည်း တပ်ဆင်ထား ပြီး မှိုင်းညို့ညို့မိုးသားနှင့် မည်း မှောင်နေသည့် ဟိုတယ်ဝင်းကျယ် ကို လှမ်းမြင်နေရသည်။ စိတ် ချောက်ချားစရာကောင်းလာ သဖြင့် ခန်းဆီးစကို ခပ်မြန်မြန်ဆွဲ ပိတ်လိုက်ရသည်။

သုံးယောက်အိပ်မည်မို့ ခုတင်နှစ်လုံးကို ပူးဖို့ပြင်ဆင် သည်။ ခုတင်နှစ်လုံးအလယ်က ကြိုးဖုန်းကိုဆွဲဖြုတ်လိုက်ပြီး ဖုန်း တင်ထားသည့်ခုံကိုပါ ဆွဲဖယ် လိုက်သည်။ ကျွန်တော့်မိတ်ဆွေ က ‘‘အရေးအကြောင်းရှိရင် Reception ကိုလှမ်းဆက်ဖို့ဖုန်း နံပါတ်မေးခဲ့လား’’ဟု မေးသည်။ ‘‘မမေးခဲ့ဘူး။ မေးလည်းဆက်လို့ မရတော့ဘူး။ ဖုန်းကဖြုတ်ပစ် လိုက်ပြီ’’ဟု ဆိုလိုက်တော့ မိတ် ဆွေပခုံးတွန့်သွားသည်။

မိတ်ဆွေက သူ့လက်ပ်တော့ ထဲက ဇာတ်ကားတစ်ကားကြည့် ဖို့ပြင်သည်။ ထိုင်းသရဲဇာတ်ကား တစ်ကားဖြစ်သော The Swim-mer ဆိုသည့်ဇာတ်ကားဖြစ် သည်။ ချစ်သူမိန်းကလေးကို မရည်ရွယ်ဘဲ သတ်လိုက်မိသည့် ရေကူးချန်ပီယံအမျိုးသားနောက် သို့ ၎င်း၏ချစ်သူဝိညာဉ်က လိုက် လံနှောင့်ယှက်မှုများအား ရိုက်ကူး ထားခြင်းဖြစ်သည်။ တဖြည်း ဖြည်းကြည့်ရင်း အနည်းငယ်လန့် လာသဖြင့် ပိတ်လိုက်ကြသည်။

ခုတင်နှစ်လုံးဆက်ထား သည့်အတွက် အလယ်မှာအနည်း ငယ်တော့ ဟနေသည်။ အလယ် တွင် အိပ်နေသည့် မိတ်ဆွေက တော့ သူ့တစ်ကိုယ်လုံးစောင်တွေ ရစ်ပတ်ဖုံးကာ ခေါင်းမြီးခြုံထား သည်။ ခုတင်နှစ်ခုကြားထဲကနေ လှမ်းဆွဲလိုက်မှာစိုးသည်ဟုဆို သည်။ သုံးယောက်သား တစ်နေ ကုန်ပင်ပန်းလာသဖြင့် မျက်လုံး တွေမှေးစင်းလာကြသည်။ နာရီ ကြည့်လိုက်မိတော့ ည ၁၁ နာရီ ကျော်ပြီ။ ပြင်ပမှာလည်း ဘာသံမှ မကြားရတော့။ အရာအားလုံးက တိတ်ဆိတ်နေသည်။
မှေးခနဲအိပ်ပျော်သွားချိန် ဝုန်းခနဲထမြည်သံကြားသဖြင့် သုံး ယောက်စလုံးလန့်သွားကြသည်။ စောင်ကိုအသာဖယ်ပြီးကြည့်မိ တော့ အခန်းထောင့်ရှိ ရေခဲ သေတ္တာမှ ထမြည်တာဖြစ်သည်။ မီးအားကျလျှင်ရပ်သွားပြီး မီးအား တက်လျှင် ပြန်အလုပ်လုပ်သဖြင့် ရေခဲသေတ္တာက ဆယ့်ငါးမိနစ် တစ်ခါလောက်ထထမြည်နေ သည်။ ရေခဲသေတ္တာပိတ်ဖို့က လည်း တစ်ယောက်မှမထရဲကြ တော့။ သည်အတိုင်းပဲခေါင်းမြီးခြုံ ကာ အိပ်လိုက်ကြသည်။ အိပ်နေ ချိန် ထူးခြားမှုတစ်ခုခုများဝင်လာ မလားဟု စိုးရိမ်မိသေးသည်။ သို့ သော်မျှော်လင့်ထားသကဲ့သို့ တစ် ခုမျှဖြစ်မလာခဲ့ပါ။

နံနက်လင်းတော့ အဆောင် အပြင်ဘက်မှာ အမျိုးသမီးဝန် ထမ်းလေးတွေ သန့်ရှင်းရေးလာ လုပ်နေတာတွေ့ရသည်။ သရဲ တစ္ဆေခြောက်သည်ဟု နာမည် ကြီးနေသည့်ကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်းတစ်ယောက်အား စကား စကြည့်သည်။ ‘‘အစ်မတို့ဟိုတယ် က သရဲခြောက်တယ်ဆိုပြီး ခြောက်လည်းမခြောက်ဘူးနော်’’ ဟု ပြောတော့ သူမကရယ်သည်။ သရဲတကယ်မခြောက်ကြောင်း၊ သရဲတစ္ဆေခြောက်၊ မခြောက်စမ်း သည်လို၍ လာရောက်တည်းခိုသူ များလည်းရှိကြောင်း ပြောပြ သည်။ ‘‘သူတို့အချင်းချင်း ပြန် ခြောက်သွားတာ။ ကျွန်မတို့ဖြင့် တစ်ခါမှအခြောက်မခံရပါဘူး’’ဟု သူမက ဆိုသည်။

ပြင်ဦးလွင်မြို့အား တစ္ဆေ သရဲခြောက်သည်ဆိုသည့်ဖြစ်စဉ် များအား လက်ခံသည့်သူရှိသလို လက်မခံသည့်မြို့ခံများလည်းရှိ သည်။ ‘‘ရုပ်ရှင်သမားတွေလုပ်လို့ တစ္ဆေသရဲမြို့ဖြစ်နေတာ။ အဆောက်အအုံတွေက နှစ်ပေါင်းရာကျော်ပြီလေ။ ဟောင်းနွမ်း ဆွေးမြေ့နေတော့ လျှောက်ပြော ကြတာ။ အမှန်က ဘာမှမရှိဘူး’’ ဟု မြို့ခံသတင်းစာဆရာ၊ စာရေး ဆရာ မေမြို့ချစ်ဆွေက ပြော သည်။
သရဲတကယ်ခြောက်သည် ဖြစ်စေ၊ မခြောက်သည်ဖြစ်စေ စိတ်လှုပ်ရှားစွာ အိပ်စက်ခဲ့ရသော ညတစ်ညဖြစ်ခဲ့သည်မှာတော့ သေချာလှသည်။ နေ့ခင်းက မြင်း လှည်းသမားဦးကြည်ပြောလိုက် သည့်စကားအမှတ်ရသည်။ ‘‘လူ တွေလည်း များလာပြီလေ။ သရဲ တွေက လူတွေကိုကြောက်ပြီး ပြေးပြီပေါ့။ သရဲတွေနေစရာမှမရှိ တော့တာ’’

http://7daydaily.com/story/29494#.VL0cnHvdXLU

No comments:

Post a Comment