Pages
(Move to ...)
စိတ်ကူးအိမ်
ဘာသာရေး
ကျန်းမာရေး
သတင်း
နည်းပညာ
ထူးထူးဆန်းဆန်း
ဗဟုသုတ
မိဘမေတ္တာ
တရားတော်များ
ပန်းချီ
အနုပညာ
အလှအပ
စာအုပ်၊စာပေ
စားဖိုဆောင်
ဟာသ
ရသ
ပုံရိပ်
သံဝေဂ
စိုက်ပျိုးရေး
ပညာရေး
ပုံပြင်
တီးဝိုင်း
တက်ကျမ်း,
▼
သိန်းငှက်သူရဲကောင်းဇာတ်လမ်းတွဲဖြင့်အောင်မြင်လာခဲ့သော.. လျိုးရီ့ဖေး(An Fei)
သိန်းငှက်သူရဲကောင်းဇာတ်လမ်းတွဲထဲမှ“ကူးကူး”ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့အတွက်လျိုး ရီ့ဖေးသည်တရုတ်ပြည်မရဲ့မျိုးဆက် သစ်သရုပ်ဆောင်ဘ၀မှကျော်ကြား တဲ့သရုပ်ဆောင်ဘ၀ကိုပိုင်ဆို င် ခွင့်ရခဲ့ပါတယ်။သူမရဲ့အေးစက်စက်မျက်နှာပေးအမူအရာ သည်သူ့ပရိတ်သတ်တွေအတွက်တော့ နှစ်သက်စရာပါပဲ။သူမသည်ဂျက်လီ၊ဂျက်ကီချန်းတို့နှင့်အတူ“ForbbidenKingdom”တွင်သရုပ် ဆောင်ခဲ့တဲ့အတွက်အာရှသိမင်း သမီးတစ်ဦးဘ၀မှကမ္ဘာသိမင်းသမီးတစ်ဦးဖြစ်လာခဲ့ပါသည်။ ၂၀၁၄တွင်ရုံတင်ခဲ့သောOut cast”တွင်အမေရိကန်မင်းသားနီကိုလက်(စ်)ဂေ့ခ်ျနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။တောင်ကိုးရီးယားသရုပ်ဆောင်ေ တွဖြစ်သောRain၊ ဆောင်ဆောင်ဟွန်းတို့နှင့်လည်း“For love or money ”နှင့်“Third Love ”ရုပ်ရှင်တို့တွင်ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။လျိုးရီ့ဖေးသည်ငယ်ငယ်ရွယ်ရွ ယ်နဲ့အောင်မြင်မှုတွေကိုပိုင်ဆိုင် ထားပေမဲ့သူမရဲ့ကိုယ်ရေးကိုယ်တာတွေကိုတော့သူမရဲ့အောင်မြ င်မှုတွေနဲ့ရောထွေးလိုက်မှာကို တော့သဘောမကျတတ်ပါဘူး။ဒါကြောင့်လည်းသူမအချစ်ရေးနဲ ပတ်သတ်လို့ဘယ်တော့မှဖွင့်ဟ ၀န်ခံခဲ့ရိုးထုံးစံမရှိခဲ့ပါဘူး။ဒီတစ်ပတ်တော့သူမပါဝင်သ ရုပ်ဆောင်ထားခဲ့သော“TheFour”ရုပ်ရှင် နဲ့ပတ်သတ်ပြီးပြုလုပ်ခဲ့တဲ့ အင်တာဗျူးးတွင်သူမရဲ့ခံစားမှုတစ်ချို့ ကို ပြောပြခဲ့ပါသည်။
မေး။“The Four”ရုပ်ရှင်ကိုတတိယအပိုင်းထိရိုက်ကူးခဲ့ရတဲ့အကြောင်းရင်းလေးကိုပြောပြပါ အုံး။
ဖြေ။သတ္တိရှိတယ်လို့ပြောရမှာ ပဲ။ပတမဦးဆုံးရုပ်ရှင်တောင် ရုံပေါ် ကနေမချရသေးဘူး။ထုတ်လုပ်သူနဲ့ ဒါရိုက်တာကဒုတိယပိုင်း၊တတိ ယ ပိုင်းတွေကိုဆက်ပြီးရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ကြတယ်လေ။ပထ မပိုင်းရုပ်ရှင်ရဲ့ဝင်ငွေကိုတောင်မ သိရသေးဘူးလေ။ဒါကြောင့်ရင်းနှီးမြှပ်နှံ သူ တွေတော်တော်သတ္တိရှိတယ်လို့။ ကျွန်မအနေနဲ့ကတော့စိုးရိမ်စရာမရှိဘူး။ကျွန်မတို့ကသရုပ်ဆောင်တွေဆိုတော့စီးပွားရေးအရရှုံးမှာကိုမစိုးရိမ်ရဘူးလေ။ကျွန်မတို့အတွက် ကတော့ဇာတ်ကားထဲမှာပါဝင်ခဲ့ရ တဲ့အချိန်လေးကိုပဲတန်ဖိုးထားခဲ့တာ။ကျွန်မတို့စက်အဖွဲ့ သားတွေ၊ရုပ်ရှင်ထဲမှာပါဝင် ခဲ့တဲ့သရုပ်ဆောင်တွေ၊ရုပ်ရှင်အ တွက်အလုပ်လုပ်ပေးခဲ့ကြတဲ့ ၀န်ထမ်းတွေနဲ့အကြာကြီးအတူတူ နေခဲ့ရတဲ့အချိန်တွေက ဘ၀မှာတော့ရဖို့ခဲယဉ်းတဲ့အခွ င့်အရေးတစ်ခုပါပဲ။
မေး။ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲ တွေမှာသရုပ်ဆောင်တဲ့အခါမှာမတူတာတွေများရှိသလဲ။
ဖြေ။ကျွန်မတီဗီစီးရီးတွေမှာ သရုပ်ဆောင်တုန်းကဘာကိုမှနားမလည်တဲ့သူတစ်ဦးလေ။ အခုတော့တော်တော်လေးရင့်ကျက်လာပြီလို့ ပြောလို့ရပြီ။ကျွန်မလုပ်တဲ့ အလုပ်တွေ အတွက်တိကျသေချာတဲ့အမြင်တွေ၊ ဆုံးဖြတ်ချက်တွေရှိနေပြီ။ကျွန်မအတွက်တော့ခံစားမှုတွေက မတူတော့ဘူးလေ။ရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ဇာတ်ကောင်ကရင့်ကျက်လာရ မယ်လေ။ဒါမှပိုပြီးတော့အဓိပ္ပာယ်ရှိလာမှာပေါ့။
မေး။ရှင်“Sina”စာမျက်နှာပေါ် မှာ“တစ်နေ့တစ်နေ့ဘာတွေနဲ့ အလုပ်ရှုပ်နေမှန်းမသိဘူး။နား ရတယ်လို့ကိုမရှိဘူး”လို့ရေး သားခဲ့ တယ်နော်။ဘာဖြစ်လို့အဲဒီလိုေ ရးသားခဲ့တာလဲ။
ဖြေ။ကျွန်မကတော့အမှန်အတိုင်းပြောတတ်သူလေ။ကျွန်မနေ့တိုင်းခံစားနေရတဲ့ခံစားမှုတွေကိုမျှဝေပေးချင်လို့ပါ။စိတ်ထဲရှိ တဲ့အတိုင်း ပြောလိုက်တာလေ။အဲဒီနေ့မှာကျွန်မအဲဒီလိုခံစားနေ ရလို့လေ။ကျွန်မဒီလိုပြောလို က်လို့ကျွန်မအသက်အရွယ်နဲ့ကိုက်ညီရဲ့လားဆိုတာကိုတော့ကျွန်မလည်းမသိဘူး။တစ်ချို့သရုပ်ဆောင်တွေသူတို့နဲ့ပတ်သ တ်တဲ့အရာတွေအားလုံးကို ဖုံးကွယ်ထားတတ်တယ်ဆိုတာကိုေ တာ့ကျွန်မသိတယ်။အဲဒီလိုလုပ်တာလည်းကောင်းပါတယ်။တစ်ခါတစ်လေကိုယ့်နဲ့ပတ်သတ်တာတွေကိုအပြင်မှာပြောနေကြတာ ကိုလဲကျွန်မမကြိုက်ဘူး။
ကျွန်မဖြည်းဖြည်းချင်းအရွယ် ရောက်လာတော့မှပဲတည်ငြိမ်တဲ့စိတ်ဆိုတာကိုနားလည်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်လာနိုင်ခဲ့တယ်။ရုပ်ရှင် ကားတွေမှာသရုပ်ဆောင်တော့တစ်ကတ်ချင်းသရုပ်ဆောင်ရတာ။ဒါပေမဲ့ခံစားမှုကိုတော့ထိန်းထားရတယ် ။အမှန်တော့ခံစားမှုတွေ ကကျွန်မတို့အပေါ်မှာဖိထားတာေ လ။ကျွန်မတို့ပေါ်မှာရှိနေတဲ့ဖိအားတွေကသာမာန်လူတွေထက် ပိုများတယ်။ပြင်ပကမ္ဘာမှာရှင်နဲ့ပတ်သတ်တဲ့ဝေဖန်မှု တွေကိုရှင်ဘယ်လိုကာထားရမ လဲဆိုတာကိုသိနေရမယ်။အဲဒီဝေဖ န်မှုတွေကိဘယ်လိုချေဖျက်ရမလဲဆိုတာကိုလည်းသိနေရမယ်။ဒါကြောင့်သရုပ်ဆောင်တွေရဲ့စိတ်အခြေအနေတွေကတခြားလုပ်ငန်းတွေကိုလုပ်နေတဲ့သူတွေ ထက်ရှင်လင်းပြီးဖြူ စင်နေဖို့လိုတယ်။နောက်ပြီးအဲဒီလိုစိတ်မျိုးကိုလည်းတည်မြဲနေအောင်မွေးမြူထားရမယ်။ကျွန်မအဲဒီလိုမျိုးစိတ်အခြေအနေတွေကိုသရုပ်ဆောင်ကောင်းတွေဆီမှာ မြင်တွေ့ခဲ့ရတယ်။တစ်ခါတစ်လေ ကျရင်ကျွန်မပင်းပန်းတယ်လို့ခံစားရတယ်။အနားမရပါလားလို့လည်းခံစားရပြန်တယ်။ကိုယ့်ကိုယ်ကိုယ်ဘာကိုလိုချ င်နေမှန်းကိုမသိဘူးဖြစ်နေတယ်။ အဲဒါဆိုအခြေအနေမကောင်းတော့တာပါ ပဲ။
မေး။ပြင်ပလောကရဲ့ဝေဖန်မှုတွေ ကိုကာထားရမယ်လို့ရှင်ပြောခဲ့တယ်နော်။ရှင်မှာနည်းလမ်းတွေရှိနေလို့လား။
ဖြေ။ကျွန်မကိုယ်ကျွန်မစိတ်ေ လးကိုငြိမ်နေဖို့အတွက်အချိန်ပေးရပါတယ်။သရုပ်ဆောင်တဲ့အချိန်တွေမှာလည်းကိုယ့်အတွက်အချိန်လေး တော့ဖယ်ထားရတာပေါ့လေ။ရိုက်ကွင်း မှာကိုယ့်အခန်းအတွက်စောင့် နေရတဲ့အချိန်လေးမှာတော့ မျက်စိလေးမှတ်ပြီးစိတ်လေးကိုသတိ လေးနဲ့စောင့်ကြည့်ခဲ့ ရတာပေါ့။ဒါမှမဟုတ်စာဖတ်နေလိုက်တယ်။တစ်ခါတစ်လေကျတော့လဲကိုယ်ရေးချင်တာလေးတွေချရေးတာပေါ့။
မေး။ စိတ်ပညာနဲ့ပတ်သတ်တဲ့စာအုပ်မျိုးတွေကိုဖတ်တယ်နဲ့ထင်တယ်။
ဖြေ။ အမှန်ပဲ။ မေး။ရှင့်ကိုကြည့်ရတာပြင်ပက ရှင့်ကိုဘယ်လိုပဲဝေဖန်နေဝေဖ န်နေ၊မတုန်လှုပ်ဘူးဆိုတဲ့ပုံစံမျိုးပဲ။
ဖြေ။အမှန်မှာတော့အဲဒီလိုပဲ။ ကျွန်မပြောချင်တာအခြေအနေတစ်ခုကိုပြောချင်တာ။တစ်ခါတစ်လေမှာတော့ရှင်ဘာကိုမှဂရုမစိုက်ဘူးဆိုတာဟန်ဆောင်ထားတာ။အခုတော့ကျွန်မအနေနဲ့အရာရာကိုအမှန်အတိုင်း ပဲရင်ဆိုင်လိုက်တယ်။ကျွန်မ စိတ်ထင်တော့လူတစ်ဦးကကိစ္စအချို့၊အကြောင်းအရာအချို့ ကိုဖယ်ထုတ်ဖို့ကြိုးစားလေလေ ၊ဖယ်ထုတ်ပစ်လိုက်ဖို့အတွက်ခက်ခဲလေလေပဲ။စိတ်ပညာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ၊စိတ်တွေကိုလေ့ကျင့်ပေးတဲ့စာအုပ်တွေကအဲဒီအတွက်အရမ်းကိုအသုံးဝင်တ ယ်။သရုပ်ဆောင် ဆိုတာကိုယ့်စိတ်နဲ့ကိုယ်ပြန်ပတ်သတ်နေရတာလေ။ကိုယ့်စံချိန်တွေကိုကိုယ်ပြ န်ချိုးနေရတာလေ။ သက်(ref: Feng huang wang)
https://www.facebook.com/myanmakyaymon/photos/a.623687667672709.1073741828
No comments:
Post a Comment