(၁) အင်တာဗျူးအခန်းထဲမ၀င်ခင် အမြဲတမ်းဝင်ခွင့်တောင်းပါ။ အခန်းတံခါးကစေ့ထားတယ်ဆိုရင် သို့မဟုတ်ဖွင့်ထားရင်တောင် ညင်ညင်သာသာနဲ့ ၂ကြိမ် ၃ကြိမ်ခန့်ခေါက်ပီး May I come in?ဆိုတာကိုပြောသင့်ပါတယ်။အခြေအနေပေါ်တော့မူတည်တာပေါ့ ခေါက်စရာတံခါးမရှိတဲ့အခါမျိုးဆိုရင်တော့ May I come in?ဆိုရင်လုံလောက်ပါပီ။ သူ့ဆီကနေနှုတ်နဲ့ဖြင့်ဖြင့် အမူအရာနဲ့ဖြင့်ဖြင့်ဝင်ခွင့်ပြုကြောင်းပြောမှသာ အခန်းထဲကိုဝင်ပါ။
(၇) အင်တာဗျူးမေးတဲ့သူမေးတဲ့မေးခွန်းကို Yes or No ပဲတုံးတိကြီးမဖြေပါနဲ့။ ဖြစ်နိုင်ရင်အကြောင်းပြချက်ရှင်းပြပါ။
(၈) မေးခွန်းကိုနားမလည်ရင် ယဉ်ကျေးစွာပြန်မေးဖို့မရှက်ပါနဲ့။ နားမလည်ပဲရမ်းမဖြေပါနဲ့။ Could you please say it again,Sir? Or Would you mind telling me again,Sir? စသဖြင့်ယဉ်ကျေးစွာမေးပါ။
(၉)သူမေးတဲ့မေးခွန်းကိုမသိဘူးဆိုရင် I don’t know လို့တုံးတိတိမဖြေပါနဲ့။ I’m sorry,I have no idea,Sir. ဆိုပီးယဉ်ယဉ်ကျေးကျေးဖြေတာက ပိုသင့်တော်ပါတယ်။
(၁၀) Slangတွေ informalစာလုံးတွေ၊ ရိုင်းတဲ့စာလုံးတွေမသုံးမိပါစေနဲ့။ အတတ်နိုင်ဆုံးယဉ်ကျေးစွာပြောပါ။ ဥပမာ“I want to……”အစား“I would like to……”ကပိုယဉ်ကျေးပါတယ်။ Yep,Yeah,Ya,Nopeတို့အစား Yes or No ပဲသုံးပါ။ Broken English or Pidgin English မသုံးမိပါစေနဲ့။
(၁) Tell me something about yourself?သင့်အကြောင်းနည်းနည်းလောက်ပြောပြပါလား။ ဒီမေးခွန်းကတော့အင်တာဗျူးတိုင်းမှာအရင်ဆုံးမေးလေ့မေးထရှိတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ပက်သက်ပီးဒီဆောင်းပါးရဲ့ပထမဆုံးအပိုဒ်မှာရှင်းပြထားပါတယ်။
(၂) Why did you quit your last job?ဘာလို့အရင်အလုပ်ကထွက်ခဲ့တာလဲ? ဒီမေးခွန်းကိုမေးရခြင်းရည်ရွယ်ချက်ကတော့ သင်ဟာအဆိုးမြင်တတ်တဲ့ သူတစ်ယောက်လားအကောင်းမြင်တတ်တဲ့သူတစ်ယောက်လားဆိုတာကိုသိချင်တာပါ။အကယ်၍သင်ကအရင်အလုပ်မကောင်းကြောင်း အရင်သူဌေးမကောင်းကြောင်းပြောမယ်ဆိုရင်တော့သင့်ကိုအတင်းပြောတတ်တဲ့သူ၊အဆိုးမြင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်။ဒီတော့ဒီမေးခွန်းအတွက်အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
There’s isn’t room for growth with my current employer and I’m ready to
move on to a new challenge to use my skills and experiences in a
different capacity than I have in the past. အခြားသင့်တော်တဲ့အဖြေတွေလဲရှိပါတယ်။ဥပမာအနေနဲ့ဖော်ပြပေးတာပါ။
(၃) Why do you want this job? Or why do you want to work at our company? ဘာလို့ဒီအလုပ်ကိုလိုချင်တာလဲ? ဘာလို့ငါတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်တာလဲ။ ဒီမေးခွန်းကတော့သင့်ရဲ့အလုပ်ပေါ်ခံယူတဲ့သဘောထား၊သူတို့ကုမ္ပဏီပေါ်မြင်တဲ့အမြင်ကိုသိချင်တာပါ။ဥပမာအနေနဲ့ အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
I well understand that this is a company on the way up and I want to be
a part of this business .I think I can use my skills and experiences to
improve this business and I want to improve myself by working at this
company.
(၅) What are your strengths and weakness? ဒီမေးခွန်းအတွက်ကတော့ အားသာချက်ကိုဖြေရတာကလွယ်ပါတယ်။ ဥပမာ I’m detail oriented, hardworking, a team player, etc….ဆိုပီးဖြေလိုက်လို့ရပါတယ်။ အားနည်းချက်အတွက်ကတော့ဖြေတတ်ဖို့လိုပါတယ်။သင်မပြင်နိုင်သေးတဲ့သင့်ရဲ့တကယ့်အားနည်းချက်ကိုဘယ်တော့မှမပြောပါနဲ့။သင်ပြင်ပီးသားအတိတ်ကအားနည်းချက်တစ်ခုကိုပြောလို့ရပါတယ်။ဥပမာအနေနဲ့ အောက်ပါအတိုင်းဖြေ လို့ရပါတယ်။ “I used to come in late to work a lot but after my supervisor explained why it was necessary for me to come in on time, I was never late again.”
(၆) နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးပီးခါနီးမှာ Any Question?ဆိုပီးမေးလေ့ရှိပါတယ်။ အဲဒိအချိန်မှာသင်ကမေးခွန်း တစ်ခုမှ မမေးဘူးဆိုရင်တော့ သင်ဟာသူပြောခဲ့တာတွေကိုအလုံးစုံစိတ်မ၀င်စားခဲ့ဘူးလို့ ထင်နိုင်ပါတယ်။သင်အလုပ်မှာစိတ်ဝင်စားကြောင်းပြဖို့မေးခွန်းတစ်ခုခုတော့မေးပါ။ဥပမာအနေနဲ့အောက်ပါမေးခွန်းတွေကိုမေးနိုင်ပါတယ်။ When can I expect to hear from you? What is the typical work week? Is overtime expected? If I am extended a job offer, how soon would you like me to start?
No comments:
Post a Comment