ခွန်နေ - Khun Nay
Ha Wenjin လို့ခေါ်တဲ့ တရုတ်အမျိုးသမီးကြီးပါ
။နေ့စဉ် အလုပ်သွားရင်း လမ်းမှာမြင်သမျှလေလွှင့်ခွေးတွေနဲ့ ကြောင်တွေကို အစာကျွေးစုဆောင်း
လာရာကနေ အခုတော့ ခွေးအကောင် ၁၅၀၀ နှင့် ကြောင်အကောင် ၂၀၀ ရာအထိတိုးလာခဲ့ပါတယ် ။
အကောင်ပေါင်းထောင်နဲ့ချီ
ပိုင်ရှင်မဲ့ဖြစ်နေတဲ့ သတ္တဝါတွေကို ကျွေးမွေးဖို့
အတွက် အကုန်ကျစရိတ်ကြီးမြင့်လာပါတယ်
။ ဒီလိုနဲ့ Wenjin ဟာသူမှပိုင်
ဆိုင်တဲ့ အိမ်ကြီးကိုရောင်းချပြီး
ဈေးပေါပေါနဲ့ မြေကွယ်အကျယ်ရရှိနိုင်မယ့်
နေရာကို ပြောင်းရွှေ့ ခဲ့ရပါတယ်
။ အကောင်ရေ များလာတဲ့ ခွေးနဲ့ ကြောင်တွေ ကို အစာကျွေးထိန်းသိမ်း နိုင်ဖို့ အတွက် ဝန်ထမ်း
၁၂ ယောက်ကိုခန့်ထားပြီး ပိုင်ဆိုင်တဲ့ ကားနဲ့ ရတနာဆိုင်ကိုပါ ရောင်းချခဲ့ရပါတယ်။
ဒီလိုနဲ့ နာမည်ကြီးလာတဲ့
Wenjin ဟာယခုအခါမှာတော့ လှူဒါန်းသူတွေနဲ့
ခွေးချစ်သူများအဖွဲ့  ရဲ
့ထောက်ပံ့မှုတွေကြောင့် အစာလုံလုံလောက်လောက် ကျွေးမွေးစောင့်ရှောက်လာနိုင်ခဲ့ပါတယ် ။
အခြားသောပိုင်ရှင်မဲ့ လေလွှင့် ခွေးမျာစွာလည်း လိုက်လံစုဆောင်းနေသလို သူမ အတွက် ခွေးနဲ့
ကြောင်တွေဟာ အကောင်းဆုံး အဖော်မွန်တွေပါလို့ ဆိုပါတယ်။
ယခုအခါမှာတော့ အစိုးရကထောက်ပံ့ထားတဲ့
မြေနေရာကိုပါ ရရှိထားပြီး
လေလွှင့်ခွေးတွေလည်း နေ့စဉ်
အကောင်တိုးလျက်ရှိနေတယ်လို့ သိရပါတယ် ။
ခွန်နေ - Khun Nay
No comments:
Post a Comment