မိန်းမတွေက မွေးရာပါဗျစ်တောက်ဗျစ်တောက်
(၁) သူ မီးဖိုချောင်ဝင်တဲ့အခါ
မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့သတ်မှတ်ပြီ
(၂) သန့်ရှင်းရေးဝိုင်းကူလုပ်တဲ
ဂျပန်နိုင်ငံက ပညာရှင်တချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာခေတ်စားနေတဲ့ ကွာရှင်းပြတ်စဲခြင်းရဲ့ အဓိကတရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း
တစ်လောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူတို့အိမ်ကရေချိုးခန်းကို သန့်ရှင်းဖို့ သူ့လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေသွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ဘေဇင်နဲ့ရေစက်ေ
ပြောင်လက်အောင်ဆေးနိုင်ကြော
"တွေ့တယ်မဟုတ်လား၊ ဒီရေမြုပ်နဲ့ဆေးရတာ လွယ်လည်းလွယ်တယ်၊ ပြောင်လည်းပြောင်တယ်" လို့ ပြောတော့ သူ့စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံးကောင်းတယ်" လို့ တွေးဖြစ်ပေမယ့် ပါးစပ်က "ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ" သူ့စကားကို လင်တော်မောင်က တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွားရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်" လို့ ပြောလိုက်တယ်။ ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား..
(၃) သူဒေါသထွက်တဲ့အခါ
အပြင်ကိစ္စတစ်ခုခုကြောင့် သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို စကားခွန်းကြီးခွန်းငယ်ဖွြဲ့
(၄) သူရင်ဖွင့်လာတဲ့အခါ
အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနှိမ်ကျင့်တာကိုခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။ အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို သူမျှော်လင့်နေပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ သူ့ကိုပွေ့ဖက်ပေးလိုက်ပါ၊ ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။ သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေမကြံ့ခိုင်ကြောင
(၅) သူပင်ပန်းလာတဲ့အခါ
အလုပ်မှာ တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူ အိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်ချင်ပြီး မအိပ်ရသူရဲ့စိတ်က ဒေါသထွက်လွယ်ပါတယ်။ တကယ်လို့ ကိုယ်က ဘေးမှာနေပြီး ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့ အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက် မနက်စာ စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ....
အကြင်လင်မယားတိုင်း ချစ်တတ်ကြပါစေ....
မူရင်းရေးသားသူ -茉 莉 (Maw Li)
နိုင်းနိုင်းစနေ။
No comments:
Post a Comment