ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်တဲ့ Grace Gedler လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ မိမိကိုယ်ကိုယ် မိမိ လက်ထပ်တဲ့ ပွဲ တစ်ခုကို ဧည့်သည်စုံညီ ဖိတ်ကြားလို့ ပြုလုပ်ခဲ့ ပါတယ်။
သူမဟာ ၆ နှစ်တာလုံးလုံး Single ဘဝကို ဖြတ်သန်းပြီး ယခုမှ သူ့ကိုယ်သူ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ပွဲမှာ သူ့ရဲ့ မိသားစု အပြင် မိတ်ဆွေသူငယ်ချင်း များကိုပါ ဖိတ်ပါတယ်။ kiss ပေးတဲ့အခါမှာတော့ ထောင်ထားတဲ့ မှန်ထဲက သူမနဲ့ နှုတ်ခမ်းကိုပဲ သူမ ပြန်နမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါတွေဟာ ရယ်စရာလို ဖြစ်နေပေမယ့် သူမ ကတော့ တကယ် ပြုလုပ်ခဲ့တာပါ။ အချစ်ဆိုတဲ့ အရာဟာ ကိုယ့်ကိုယ်ကို ချစ်တာကလည်း ချစ်ခြင်း တစ်မျိုး ဖြစ်ကြောင်းသူမက ဆိုပါတယ်။ သူမဟာ သူမကိုယ် သူမ ကလွဲ အခြားသူတွေကို ပိုမချစ်နိုင်ကြောင်းဆိုပါတ
သူမအနေနဲ့ သူမကိုယ်သူမနဲ့ နားလည်ပေးမည်ဖြစ်ကြောင်း၊ တစ်သက်လုံး ကြင်ကြင်နာနာ ပေါင်းသင်သွားပါမည် ဖြစ်ကြောင်း ကျမ်းသစ္စာတောင် ကြိမ်ဆိုသွားပါသေးတယ်။ ဒီတော့ သူမဟာ Single မဟုတ်တော့ပဲ Married ဘဝကို ရောက်သွားကြောင်းလည်း ဝန်ခံသွားပါတယ်။ တရားဥပဒေအရ စာရွက်စာတမ်းနဲ့ ဖန်တီးပေးလို့ ရမရ ကတော့ ဖော်ပြမထားကြ ပါဘူး။ သို့ပေမယ့် သူမရဲ့ လက်ထပ် သတင်းကတော့ ကမ္ဘာပြန့်သွားပါတယ်။ မင်္ဂလာဦးညကို သူမဟာ သူမနဲ့ ဖြတ်သန်းမှာ ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1
No comments:
Post a Comment