သင်က သာမန်မိန်းကလေးတွေနဲ့ယှဉ်ရင် အရပ်အနည်းငယ်ပုတဲ့သူဖြစ်နေမယ်ဆိုရင် တော့ သင်ထင်နေမှာက လူကြားထဲမှာ ဘယ်တော့မှ ထင်ပေါ်မှာမဟုတ်ဘူးလို့ပါ။ ဒီလိုခံစားရရင်တော့ သင့်ရဲ့ ခံစားချက်တွေကိုပြောင်းလဲလိုက်နိုင်မှာက ဖက်ရှင်ကျတဲ့ ၀တ်စားဆင်ယင်မှုပါပဲ။ အရမ်းပုတဲ့ သူတွေကဖက်ရှင်လောကကို စိုးမိုးကြတယ်၊ ချုပ် ကိုင်ကြတယ်လို့လည်း ကမ္ဘာ့အကျော်ကြားဆုံးဖက်ရှင်လောကမှာ ပြောစမှတ်ပြုထား တယ်။
ကဲဒါဆို အရပ်ကလေး မစိုသလောက်လေးပုတဲ့ လေဒီလေးတွေအတွက် အ လန်းဆုံးဖက်ရှင် ဖြစ်စေမယ့် နည်းလမ်းလေးတွေကို အကြံပြုပေးပါရစေ
၁။ သင့်ရဲ့ ခါးကိုသိမ်စေမယ့် ခါးပတ်ပါခပ်မြင့်မြင့် ဘောင်းဘီ၊ စကတ်တွေကို ရွေးချယ် ပြီးတော့ ၀တ်ဆင်ပါ။ ခါးသိမ်စေတဲ့ ဘောင်းဘီခပ်ရှုးရှုးတွေက သင့်ရဲ့ အရပ်ပုနေတယ် ဆိုတဲ့ အတွေးမှားကို ဖျောက်ဖျက်ပေးမှာဖြစ်ပါတယ်။
၂။သင့်ရဲ့ အရပ်ရှည်သွားစေမယ်လို့ ထင်စေတဲ့ဖက်ရှင်နောက်တစ်မျိ
၃။ မှောင်နေတဲ့ အရောင်တွေကို ပဲ ရွေးချယ်ဝတ်ဆင်ပါ။ အမြဲတမ်းချည်းပဲဝတ်ဆင်ဖို့ဆ
၎။ သင်ဝတ်ဆင်မယ့် ဖိနပ်အရောင်ကိုလည်း ကောင်းကောင်းရွေးတတ်ဖို့လို
၅။အကယ်၍ သင့်ရဲ့ ဘောင်းဘီခပ်ရှည်ရှည်က ဖိနပ်အောက်နားထိရောက်အောင် ဖုံး သွားမယ်ဆိုရင် သင့်အရပ်ကိုအတော်သင့်ရုံလောက် ရှည်သွားပါပြီ။ ဒါပေမဲ့လည်း ခေါင်း လောင်းဘောင်းဘီကို အောက်အနားပွပွကြီးတွေကိုတော့ ရှောင်စေချင်ပါတယ်။ ဘာ လို့လည်း ဆိုတော့ အဲဒီဘောင်းဘီတွေက ပုကွကွသဏ္ဍာန်ဖြစ်စေလို့ပါပဲ။
၆။ ပါးလွှာတဲ့ ခါးပတ်တွေကို ရွေးချယ်ပြီးပတ်လိုက်တာက အရပ်ကိုပိုပြီး ရှည်စေပါ တယ်။ ဒီဇိုင်းရှင်းရှင်းလင်းလင်းနဲ့ ကိုယ်ခန္ဓာကိုယ်နဲ့လိုက်ဖက်မယ့်၊ အ၀တ်အစား အ ရောင်နဲ့လိုက်ဖက်နဲ့ခါးပတ်ကို ခါးအထက်ပိုင်းမှာ စနစ်တကျ ပတ်ပေးမယ်ဆိုရင် အရပ် ကို သွယ်လျှသွားစေမှာပါ။
ကဲ ဒီလောက်ဆို အရပ်ပုတယ်ထင်တဲ့ ပျိုမေတွေ ဖက်ရှင်အလန်းစားတွေ တွဲဖက်ဝတ် ပြီးတော့ ယုံကြည်ချက်အပြည်နဲ့ လျှောက်လှမ်းလို့ရပြီလို့ထင်ပါတယ်။
Phothutaw
မူရင်း>>http://
No comments:
Post a Comment