Pages
▼
တစ်ခါ သီလ ယူထားရင် နောက်တနေ့မှာ သီလမယူဘဲ ဆက်ပီး ဥပုသ်စောင့်နိုင်ပါသလား
မေး။ တစ်ခါ သီလ ယူထားရင် နောက်တနေ့မှာ သီလမယူဘဲ ဆက်ပီး ဥပုသ်စောင့်နိုင်ပါသလား။
ဖြေ။ ဆက်စောင့်နိုင်ပါတယ်။
သီလဟာ အမြဲကျင့်ရတဲ့ နိစ္စသီလနှင့် တခါတရံ ဆောက်တည်ရတဲ့ ဥပုသ်သီလ-လို့ နှစ်မျိုးရှိပါတယ်၊
ငါးပါးသီလဟာ နိစ္စသီလ ဖြစ်ပါတယ်၊
သီလယူထားသည်ဖြစ်စေ, မယူထားသည်ဖြစ်စေ, ခါးဝတ်သဖွယ် အမြဲလုံခြုံစေရမဲ့ သီလဖြစ်ပါတယ်။
ဥပုသ်သီလဆိုတာ အပိုတန်ဆာဆင်သလို ရွတ်ဆိုကတိက၀တ်ခံပြီး ပြုလုပ်ထားတဲ့ ရှစ်ပါးသီလဖြစ်ပါတယ်၊ ထိုဥပုသ်သီလကို မိမိကျင့်နိုင်သလောက် ရက်ပိုင်းခြားပြီး ဥပုသ်စောင့်နိုင်ပါတယ်၊
တခါဆောက်တည်ထားရင် ထိုရက်မကုန်မချင်း သီလတည်နေပါတယ်၊ ရက်အပိုင်းအခြား စေ့တဲ့အခါမှာ ရှစ်ပါးသီလသိက္ခာ အလိုလိုကျပြီး ငါးပါးသီလပဲ ကျန်ရှိနေပါတယ်။
https://www.facebook.com/501057299977813/photos/a.501060999977443.1073741826.501057299977813/657608440989364/?type=1&theater
No comments:
Post a Comment