Pages

သောက ဖြေ ဆေး



 

ပုထုစဉ် လူသားတို့ သည် အဆိုးလောကဓံ လေးပါးနှင့် သော်လည်းကောင်း၊ဆွေမျိုးတို့ ၏ ပျက်စီးခြင်း၊
အနာရောဂါ နှိပ်စက်ခြင်း၊စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊စသည့်  တရားဆိုးတို့ နှင့် သော်လည်းကောင်း ကြုံ
တွေ့ လာသောအခါ စိတ်ဓါတ်တည်ငြိမ်မူကင်းလာ၏။လောကဓံ မုန်တိုင်းကြောင့် ဘဝ ပင်္လယ် ပြင် တွင် 

သောက လှိုင်းဘောင် ဘင် ခတ်ခဲ့ ရ၏။
 

ယောနိသော မနသိကာရ ခေါ်သည့် အသင့် အတင့်  နှလုံးသွင်း ဆင် ခြင် နိုင် ခြင်း ဖြေ ဆေး မရှိလျှင်

မျှော်လင့် ခြင်း အ ဆောက်အအုံများ ပြိုလဲသည် အထိ သောက လှိုင်းရိုက်ခတ်ခြင်းခံရတတ်၏။
ထို ကြောင့်  မိမိ စိတ်ဓါတ် ကြံ့ ခိုင် နိုင် ရန် ဖြေ ဆေးလိုအပ်လာလေသည်။ ထို ဖြေ ဆေးတို့ ကား ဘု
ရားရှင် ကိုယ်တော်တိုင် ပေးခဲ့ ၏။ အဖိုးထိုက်သော ဆေးများပင် တည်း။
 

လောကဓံ တရားကို လောက သားအားလုံး ခံကြရမည်သာ ဖြစ်၏၊လောက ထဲတွင် နေထိုင် သူဖြစ်ပါ
လျှင် မည်သူမျှ မလွတ်နိုင် ကြ ၊သာမည လူသား ကို မဆိုထားဘိ၊ဘုရား ရှင် ပင် လျှင် ထို လောကဓံ
တို့ မှ လွတ်တော် မမူခဲ့ ။ နီတိ ပညာ ရှင် တို့ က အဆိုးအ ကောင်း လောကဓံ တရားတို့ သည်၊လှည်းဘီး
ကဲ့ သို့ ပင် အထက်တစ်လှည့်  အောက်တစ်လှည့် ရောက်ကြရ၏ဟု ဥပမာပေးခဲ့ သည်။

ဘုရားရှင် သည် တစ်ခါတစ် ရံ မကုန် မခန်းနိုင် သော လာဘ်လာဘ တို့ ကို ရရှိတော်မူ၏။တခါ တရံ မူ
ရှားရှားပါးပါး ကြူံတွေ့ ခဲ့ ရဖူး၏ ၊သာဓက တင် ရလျှင် ဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူစဉ် ၊မုယောဆွမ်း
ကြမ်း(မြင်းစားဆန်) များကိုပင် ဘုည်းပေးခဲ့ ရဖူး၏။ ဇကနာဠ ပုဏ္ဏားရွာ၌ ဆွမ်းခံစဉ် လူများအား မာရ်
နတ်လှည့် စားမူကြောင့်  ဆွမ်းလောင်းရန် အမှတ်မရမိကြ၊ဆေးမြဲတိုင်းသော သပိတ်ဖြင့် သာ ပြန်ကြွ

တော်မူ ခဲ့ ရသည် ။ လူ နတ်ဗြဟ္မာ တို့ ၏ ချီးမွမ်းခြင်း ခံရ သော်လည်း စိဉ္စမာဏ၏ စွပ်စွဲခြင်း ၊မာဂဏ္ဍီ
၏ ဆဲရေးခြင်း စသည်တို့ ကို ခံတော်မူ ရ သေး၏။
အတုလ ဥပသကါ သည် ဘုရား ရှင် အားကျောင်းသို့  တရားနာ လာပါကြောင်း လျှောက်၏။
ဘုရား ရှင် က .''တရား နာပြီးပြီလား ''ဟု မေးရာ -

''မြတ်စွာဘုရား -တပည့် တော် အရှင် ရေဝတ ထံသွားရာ အရှင် ရေဝတ က စကားမ ပြော ၊အရှင် သာ
ရိပုတ္တရာ ကအဘိဓမ္မာ တရားတွေ များစွာ ဟောသည်။အရှင် အာနန္ဒာ ရောက်လျှင် နည်းနည်းပဲ ဟော
ပါသည်။ ထို့ ကြောင့်  စိတ်ဆိုး၍ ဘုရားရှင် ထံ ရောက် ခဲ့ ပါသည် ''ဟု လျှောက်၏။

ထိုအခါ ဘုရားရှင် က ''အတုလ ' လောက ၌ ဘုရင် ကို လည်း အချို့ ကဲ့ ရဲ့ ကြ အချို့ ချီးမွမ်းကြ၏။
 
နေ-လ-မြေ တို့ ကို လည်း အချို့ ကဲ့ ရဲ့ ကြ၊ချီးမွမ်းသူက ချီးမွမ်းကြ၏။ ငါ ဘုရား ကို ပင် ကဲ့ ရဲ့ သူက
ကဲ့ ရဲ့ ကြ၊ချီးမွမ်းသူက ချီးမွမ်းကြ၏။ လူ မိုက် တို့ ကဲ့ ရဲ့ သည်မှာ လိုရင်းမဟုတ် ၊ပညာ ရှိများ မကဲ့ ရဲ့  
 
အောင် ဂရုစိုက် နေရမည်။ ကဲ့ ရဲ့ ခြင်း မှာ ခေတ်ပေါ်သ ဘော တရား မဟုတ် ၊ရှေးခေတ်ဟောင်း သ
ဘောတရားဖြစ်၏၊ ဆိတ်ဆိတ် နေသူ ကိုလည်း ကဲ့ ရဲ့ ၏၊စကားများသူကိုလည်း ကဲ့ ရဲ့ ကြ၏။နှိုင်းချိန်

ပြောတတ်သူကိုလည်း ကဲ့ ရဲ့ ကြ၏။ လောက၌ အကဲ့ ရဲ့  လွတ်သူမရှိ ၊ရှေးကလည်း မရှိဘူး၊နောင် လည်း
ရှိမည် မဟုတ် ၊ယခုလည်း မရှိ ''ဟု ဟောတော်မူခဲ့ ၏။

ရှေ့ က ရဟန်းတစ်ပါး အိမ်တစ်အိမ် ၌ ဆွမ်းခံရင်း ထိုအိမ်နှင့်  အကျွမ်းတဝင် ဖြစ်နေ၏။
 

နောင် အခါ အားထုတ်၍ ရဟန်းသာ ဖြစ်သည်၊ထို အိမ်၌ အကျွမ်းတဝင် ရှိသည်ကို နတ် တစ်ဦးက ထို
ရဟန်းပျက်ဆီးမည် ကို မလိုလား၊အကျိုးကို လိုလားသည် ဖြစ်၍ ထိုအိမ်မှ အိမ် ရှင် မ အ ယောင်ဆောင်
ကာ''အရှင် ဘုရား-မြစ်ဆိပ် မြို့ ဝ လမ်းမ သဘင် နေရာ တိုင်းတွင် အရှင် ဘုရားနှင့် တပည့် တော် မ အ

ကြောင်း မ ကောင်းပြောနေကုကြပြီ''ဟုလျှောက်၏။

ရဟန်းက ...ဆန့် ကျင် ဘက် ပဲ့ တင် ခတ်လာသော အသံတို့ ကား များလှစွာ၏၊ ရဟန်း ဆိုသည်မှာ
ထိုအသံများကို ခံနိုင် ရည် ရှိရမည်။ ထို အသံကြောင့် ညစ်နွမ်းခြင်း မဖြစ်နိုင် ၊လေတိုက် တိုင်းလန့် 

သော သမင် ပမာ အသံ ကို လန့် နေ သော ရဟန်းကို စိတ်ပေါ့ သူဟု ဆိုကြကုန်၏။
ထိုရဟန်းမျိုးကာ အကျင့် နှင့်  မပြည့် စုံ နိုင် '''ဟု မိန့် တော် မူသည်။
ရဟန်း၏စကားကို ကောက်ချက်ချလျှင် ကဲ့ ရဲ့ သည် ကို လန့် နေ လျှင် အလုပ်ပျက် ရုံသာ ရှိသည် ဟု
သ ဘောထားရမည် ကို ဆိုလိုသည် ။

လောကဓံ တရားကို ခံနိုင် စွမ်းရည် ရှိသည့်  မိန်းမသား တစ်ဦး ကို တင် ပြ ပါဦးမည်၊သူမ ကာ ဗန္ဓုလ
စစ်သူကြီးက တော် မလ္လိကာပင် တည်း။ တစ်နေ့ ၌ မလ္လိကာသည် ရဟန်းတော် များအား ဆွမ်းကပ်နေ
၏ ။သူ'' ချီမ လာသော ထောပတ်အိုး သည် အခန့် မသင့် ကျကွဲသွားလေသည် ၊အရှင် သာရိပုတ္တရာ
မထေရ်မြတ် က ''ကွဲတတ်သော အရာ မှာ ကွဲမည်သာ ဖြစ်သည်။ စိတ်ပူ မ နေနှင့်  မလ္လိကာ''ဟု မိန့် 

တော်မူ၏။ ထိုအခါ မလ္လိကာ က မိမိ ခါးပိုက်အတွင်းမှ စာကို ထုတ်ပြပြီး ''အရှင် ဘုရား -တပည့် တော်
မ ရဲ့ ခင် ပွန်းနှင့် တကွ သား သုံးကျိပ် သုံးယောက်လုံးအသတ်ခံ ရ ကြောင်း စာရပါသည်။
ဒါကိုပင် မပူပန် ပဲ ထောပတ် အိုးလေး ကွဲရုံမျှဖြင့် ဘယ်မှာ စိုးရိမ်ပါ့ မလဲ။ ''ဟု လျှောက်၏။မလ္လိကာ ၏


ေ လာကဓံ ခံနိုင် စွမ်းရည် ကား ချီးမွမ်းထိုက် လှ ပေသည်။

ဇာတ်တော်လာ သာဓက တစ်ခုလည်း ရှိသေး၏ ရှေ့ က ပုဏ္ဏားတစ်ဦးတွင် သား သေဆုံး၍မီးသဂြိုဟ်

နေကြ၏၊ထိုစဉ် သိကြားမင်းသည် ခရီးသွားယောက်ျား အသွင် ဆောင် ကာ အဘယ်ကြောင့်  မငို ကြွေး
ကြပါသလဲ -ဟု မေး၏။ ဖခင် ပုဏ္ဏားကြီးက မြွေ သည် အ ရေ ဟောင်းကို စွန့် သကဲ့ သို့ သူလည်း ကိုယ်
အ ဟောင်းကို စွန့် ၍ သွားခြင်းဖြစ်သည်။ သေ ၍ အသုံးမဝင် တော့ သော ဤ ကိုယ်ကြီးကို မီးရှို့ သည်
ကိုလည်း သူမသိတော့ ၊ဆွေမျိုး များ ငို ကျွေးနေကြသည် ကို လဲ သူ မသိ ၊သူ သွားရမည့်  လမ်း သွား
သည် ဖြစ်၍ မငို ကြွေးပါဟု ''ဆို၏။

မိခင် ကို မေးပြန် ရာ ပုဏ္ဏားမ က သူ့ ကို ငါ တို့ မ ခေါ်ပဲ ရောက်လာတယ်၊ ယခု ငါတို့ မနှင် ပဲ သူထွက်
သွားပြီ သူ သ ဘောအတိုင်းလာ၍ သူ့ သ ဘော အတိုင်းသွားခြင်း ဖြစ်၍ ငိုခြင်းဖြင့်  အကျိုးမရှိနိုင် ၊ဟု ပြောခဲ့ သည်။ 
နှမ ဖြစ်သူကလည်း ကျွန်မ ငို နေလျှင် ကိုယ်ပိန်ချူံးရုံပဲ ရှိမှာပေါ့ ၊ဘာမှ အကျိုးထူးလာမှာလဲ မဟုတ်ဘူး
ချစ်ခင် ကျွမ်းဝင် သူ သာ စိတ်မချမ်းသာ ဖြစ်ကြမယ် ဟု ဖြေသည်။
 

သေသူ ၏ မယား ကို မေးရာ '''က လေးသည် ကောင်းကင် တွင် သွားလာသည့်  လမင်းကို ရလိုရေး
အတွက် ငို ကြွေးသကဲ့ သို့ သေသူကို တ ပြီးငို ကြွေးခြင်းဖြင့်  အစားပြန်မရနိုင် ၊ငို နေလျှင် ထို က လေး
မိုက် ကဲ့ သို့ ပင် ဖြစ်မည် ဟု'' ဖြေခဲ့ သည်။

အ စေခံ ကျွန် ကို မေးပြန် ရာ '''ကွဲပြီးသော အိုးကို ပြန်ဆက်ဖို့  မဖြစ်နိုင် သလို သေသူကို တပြီး ငိုဆွေး

နေခြင်းမှာ အိုးကို ပြန်ဆက် ရန် ကြိုးစားသူပမာ အကျိုးကို မမြင် နိုင် ပါ''ဖြေခဲ့ သည်။
မြတ်ဗုဒ္ဓ ၏ သောက ဖြေ ဆေး များကို သောက်၍ ဆင်းရဲ ဖျောက်နိုင် ကြပါစေဟုသာ
စာရေးသူ ဆန္ဒ ပြုလိုက်ပါသည်။

12.6.2014. 


https://www.facebook.com/photo.php?fbid=454760131328253&set=a.153070

No comments:

Post a Comment