အမြတ်ရအောင် ရောင်းရတယ်။
••••••••••••••••••••••••••
ဈေးရောင်းသူဟာ အရင်းအတိုင်းရအောင်ရှုံးအောင်ရောင်းတာမဟုတ်။ အမြတ်ရအောင် ရောင်းတာဖြစ်တယ်။
ဒီလိုပဲ၊ ဗုဒ္ဓသာသနာနဲ့ ကြုံကြိုက်တုန်းလူဖြစ်နေသူတွေဟာ အရင်းနဲ့လည်း
မကျေနပ်သင့်ဘူး။ ရှုံးလည်း မရှုံးသင့်ပါဘူး။
အမြတ်ရအောင် ကြိုးစားရမယ်။
နောက်ဘဝလူဖြစ်ပြန်ရင် အရင်းအတိုင်းပဲ။
အပါယ်ကျရင်တော့ ရှုံးတာပဲ။ နတ်ပြည်၊
ဗြဟ္မာပြည် ရောက်ရင်တော့ အမြတ်ရတာပဲ။
ဒါပေမယ့် အဲဒီအမြတ်က အာမခံချက် မရှိတဲ့အမြတ်ပဲ။ အပါယ်အတွက် အာမခံချက်
မရှိသေးဘူး။ နိဗ္ဗာန်ကတော့ အကောင်းဆုံးအမြတ်ပဲ။
●●●●●●○○○○○○●●●●●●○○○○○○
သာသနာ (၃) မျိုး။
••••••••••••••••••
သာသနာ (၃) မျိုးရှိတယ်။
၁။အသေသာသနာ၊
၂။အရှင်သာသနာ၊
၃။သန်မာ သာသနာ တဲ့။
ဘုရား ဥပဒေတော်တို့ကို မလိုက်နာယူသန္တာန်မှာ သာသနာ သေနေတယ်။
လိုက်နာယူသန္တာန်မှာတော့ သာသနာ ရှင်နေတယ်။
သမာဓိ၊ ပညာ ကျင့်နေသူတို့ သန္တာန်မှာ သာသနာရှင်ရာမှ သန်မာထွားကြိုင်းနေတယ်။
●●●●●●○○○○○○●●●●●●○○○○○●
အင်အားကောင်းတဲ့ မေတ္တာ။
••••••••••••••••••••••••••
မနောကံ မေတ္တာမျှသာ ထားနိုင်ရုံကတော့မေတ္တာအင်အား မကောင်းလှသေးပါဘူး။

နှုတ်ကရော ကိုယ်ကပါ မေတ္တာ ပါလာမှမေတ္တာအင်အားကောင်းတယ်လို့ ဆိုရပါတယ်။
●●●●●●○○○○○○●●●●●●○○○○○○
ဓမ္မဒါန အလှူရှင်
Su Htwe & Zin Swe Aung.
●●●●●●○○○○○○●●●●●●○○○○○○
ဓမ္မဒါန အလှူရှင်
Su Htwe & Zin Swe Aung.
No comments:
Post a Comment