Pages

မြန်မာခရီးသွားများ အထူးသတိပြုပါရန် !





(ဘန်ကောက်ကို ဆေးသွားပြသော၊ ဈေးဝယ်ထွက်ကြသော မြန်မာခရီးသွားများ အထူးသတိပြုပါရန်)

ဒီတလောတွင် ဘန်ကောက်ဆေးရုံးကြီးမှာ ဆေးသွားပြသော ကျွန်တော့်အသိနှစ်ယောက် ကိုယ်တွေ့ကြုံခဲ့ရတာပါ..

ဘန်ကောက်ဆေးရုံကြီးနားက 7/11 ဆိုင်နားမှာ ညဖက်ဖြစ်တာပါ.. အရှေ့အလည်ပိုင်းက အာရပ်လူမျိုးပုံစံတဲ့.. အတင်းလက်တွဲနုတ်ဆက်ပြီးတော့ စကားပြော၊ မြန်မာပိုက်ဆံကြည့်ချင်ကြောင်းပြော.. သူရဲ့ ဒေါ်လာအထပ်လိုက်ထုတ်ပြ၊ ကိုယ့်ပိုက်ဆံကို ပြခိုင်းပြီးတော့ လိမ်ကြတာပါ.. မျက်လှည့်ဆန်ဆန် သို့ ဆေးသုံးတယ်လို့ ယူဆရပါတယ်..

အသိအစ်ကိုနဲ့ သူရဲ့အဖေကတော့ ဒေါ်လာ ၁၃၀၀ လောက်ပါသွားပါတယ်.. အခြားသူငယ်ချင်းတစ်ယောက်ကတော့ တော်သေးတယ်.. အလိမ်ခံရခံနီး.. သတိဝင်ပြီး.. အဲ့လူတွေကို ဝေးရာကို သွားဖို့ပြောလွှတ်နိုင်ခဲ့လို့ပါ..
ဒါကြောင့်မို့ ဘန်ကောက်ကို ဆေးသွားပြတာပဲ ဖြစ်ဖြစ်၊ ဈေးဝယ်သွားတာပဲဖြစ်ဖြစ်၊ အရမ်းသတိရှိပါစေလို့၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းက အာရပ်လူမျိုးလာရောပြီးဆို ပိုပြီးသတိရှိပါစေလို့ ခရီးသွားဧည့်သည်တော်များကို အထူး သတိပေးပါရစေ ခင်ဗျာ..

အကြောင်းအမျိုးမျိုးကြောင့် ဘန်ကောက်ကို လာမယ်ဆိုရင်
အခုဆိုရင် မြန်မာနိုင်ငံသားအများစုဟာ ဘန်ကောက်ကို အလည်၊ ဈေးဝယ် ၊ ဆေးခန်းပြ၊ အလုပ်၊ အစည်းအဝေးစတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဘန်ကောက်ကိုလာရောက်ကြတယ်။

ကျွန်တော့ ဧည့်သည်တွေ တွေ့ကြုံခဲ့ရတဲ့ အထူးသတိထားရမယ့် အကြောင်းအရာတစ်ခုကို မိတ်ဆွေတို့ကိုပြောပြပါရစေ။
ကျွန်တော့ဧည့်သည်တွေက ဆေရုံမှာ Medical Check-Upလုပ်ပြီးသွားတော့ ဈေးဝယ်ထွက်ချင်တာနဲ့ ဘန်ကောက်မြိုလယ်က MBK Shopping Mallကို ကျွန်တော်ကိုယ်တိုင်ပဲ Taxi ငှားပေးလိုက်တယ်။ သူတို့ ဘန်ကောက်ကို ပထမတစ်ခေါက်လာတုန်းကတော့ သူတို့တွေအတွက် မြန်မာနဲ့ ထိုင်းစကားပြောတတ်တဲ့ Guideတစ်ယောက်ငှားပေးလိုက်တယ်။ အခုတစ်ခေါက်ကတော့ ဘန်ကောက်ကို ဒုတိယတစ်ခေါက်ရောက်ဖူးတာလည်းဖြစ်၊
အရင်တစ်ခေါက်ကလည်း MBK Shopping Mallကို ရောက်ခဲ့ဖူးတာလည်းဖြစ်တာကြောင့် Guideမငှားပေးလိုက်တော့ပဲ သူတို့ဘာသာသူတို့ပဲ သွားခိုင်းလိုက်တယ်။ ဒါပေမယ့် လိုအပ်ရင်ဖုန်းဆက်ဖို့တော့ ပြောလိုက်ပြီးသား။

ကျွန်တော်အလုပ်ဆင်းချိန်ထိ သူတို့လည်း ဖုန်းတစ်ခါမှဆက်လာတာရှိတော့ အားလုံးအဆင်ပြေကြတယ်ပဲထင်တာပေါ့။ အဲ့ဒါနဲ့ ည ၈နာရီလောက်မှာ သူတို့ဆီက ဟိုတယ်အခန်းကိုပြန်ရောက်ပြီ အားလုံးအဆင်ပြေတယ်ဆိုတဲ့အကြောင်း ဖုန်းဆက်ပြောလာတယ်။ အားလုံးအဆင်ပြေတယ်လို့ ကြားရတော့ မဆိုးဘူးဟ သူတို့ဘာသာသူတို့လည်း သွားလို့အဆင်ပြေကြတာပဲလို့တောင် ထင်ကြေးပေးနေတုန်း ဖုန်းမြည်သံကြားရပြန်ပါပကော
အဲ့ဒီမှစတွေ့တော့တာပါပဲ။ ဧည့်သည်အန်တီက သူ့သုံးဖို့ထည့်ထားတဲ့ငွေ မရှိတော့ဘူးတဲ့။ အဲ့ဒါနဲ့ ဘယ်လိုဖြစ်တာလဲပေါ့။ ကျွန်တော်ထင်တာက ပိုက်ဆံအိပ်ကို ခွဲပြီးယူသွားတာပေါ့။ ဘယ်ဟုတ်မလဲဗျို့ ။ လူကိုယ်တိုင် စကားလာပြောပြီး ယူသွားတာတဲ့ဗျာ
ဖြစ်ပုံက ဒီလိုဗျ။ သူတို့ အဲ့ဒီ MBK မှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နေတယ် နိုင်ငံခြားသားအတွဲတစ်တွဲက လာနှုတ်ဆက်တယ်တဲ့။

Where are you from ဘာညာပေါ့ဗျာ။ သူတို့တွေကလည်း I'm from Myanmarပေါ့။ အဲ့ဒီမှာ ဘိုအောင်ဒင်နဲ့ မမြအေး စတွေ့ကြတာပေါ့ဗျာ။ အဲ့ဒီအတွဲက သူတို့ Dubai ကလာတာတဲ့။ သူတို့ကလည်း မြန်မာပြည်ကို နောက်ရက်မှာ အလည်သွားမှာလို့ပြောတယ်တဲ့။ ပြီးတော့ ငါတို့မှာပါလာတဲ့ ငွေမှာမင်စွန်းနေလို့ မင်းတို့မြန်မာပြည်ကိုရောက်ရင် ငါတို့ကအဲ့ဒီငွေကို သုံးလို့ရပါ့မလားလို့ သူတို့ငွေကို ထုတ်ပြတယ်တဲ့။ ကြည့်ပေးပါပေါ့ဗျာ။ အဲ့ဒါနဲ့ ကျွန်တော့ဧည့်သည်လည်း အိုကေပေါ့
ပြီးတော့ အဲ့ဒီအတွဲက နင်တို့မှာရော ဒေါ်လာပါလားလို့မေးတယ်တဲ့။ ကိုယ့်လူတွေကလည်း ပါတယ်ပေါ့။ အဲ့ဒါဆို ငါတို့ကို ပြပါလားဆိုတော့ ကျွန်တော့ဧည့်သည်တွေကလည်း သူတို့ဈေးဝယ်ဖို့ယူသွားတွေငွေကို ထုတ်ပြတယ်တဲ့။ သူတို့ကလည်း ငွေပျောက်မှာစိုးလို့ စာအိပ်ထဲကိုထည့်ပြီးမှ ပိုက်ဆံအိပ်ထဲကိုထည့်ထားတာ။

တစ်ကျပ်တန်ကို ပြတော့ အဲ့ဒါမဟုတ်ဘူး တစ်ရာတံတွေပြပါတဲ့။ အဲ့ဒါနဲ့ ကျွန်တော့ဧည့်သည်တွေကလေည်း ဒေါ်လာရာတံတွေပြလိုက်ပါရော။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားရဲ့ ကောင်မလေးက မြန်မာငွေလည်းပါလားမေးပြီး တောင်းကြည့်ပြန်သတဲ့ ကိုယ်လူတွေကလည်း ပါတယ်ဆိုပြီ ထုတ်ပြပြန်သတဲ့။

သူတို့ကြည့်နေတဲ့ ဒေါ်လာကိုတော့ ပြန်ယူပြီးသိမ်းထားလိုက်ပြီတဲ့။ အဲ့ဒါနဲ့ အဲ့ဒီအတွဲနဲ့ သူတို့ လမ်းခွဲလိုက်ကြတယ်လို့ပြောတာပဲ။ အခန်းပြန်ရောက်ပြီး ငွေပြန်စစ်ကြည့်လိုက်တော့ ဒေါ်လာ 600 လောက်မရှိတော့ဘူး။ ပြန်စဉ်းစားကြည့်လိုက်တော့ သူတို့ငွေတောင်းကြည့်နေတဲ့အချိန်မှာ ခဏလောက်အူကြောင်ကြောင်ဖြစ်သွားတယ်တဲ့ ခဏလေးပဲလို့ပြောတာပဲ။ ဘယ်လိုလုပ်ပြီးယူသွားတယ်ဆိုတာ့တော့ သူတို့လည်းမသိဘူး။ ပြီးတော့ အကုန်လုံးယူသွားတာလည်း မဟုတ်ဘူး ၁၀၀တန်ကိုပဲ ရွေးယူသွားတာတဲ့ဗျာ။

သူတို့က အဲ့ဒီအတွဲကို လုံးဝကိုထင်ရက်စရာမရှိဘူး Dubai ကလာတယ် ပြီးတော့ ဝတ်ထားတာကလည်း အပြန်စားနဲ့တဲ့။ သူတို့ကိုယ်တိုင်ကြောင်ပြီးတော့ ကိုယ့်ငွေတွေကိုထုတ်ပြ ၊ ပြန်ယူနဲ့ ဘယ်လိုယူသွားမှန်းကိုမသိလိုက်တာတဲ့ဗျာ။ ကောင်မလေးကလည်း ချောမှချောတဲ့။ ဘာပဲပြောပြော ကိုယ်ငွေ 600လောက်တော့ပါသွားပြီ။

အဲ့ဒါနဲ့ နောက်ရက်မှာ ကျွန်တော်ဆေးရုံကို ဆေးခန်းလာပြတဲ့ဧည့်သည်တွေကို သတိထားဖို့ပြောပြတော့ ဟော သူတို့ကိုခေါ်လာတဲ့ Guide ကိုယ်တိုင် ဘတ် 10000ကျော်ဖို့ အဲ့ဒီလိုပဲ ဒူဘိုင်းကလာတာလို့ပြောပြီး အဲ့ဒီ MBK မှာပဲ အလိမ်ခံခဲ့ရဘူးတယ်တဲ့ဗျာ။

ဒါနဲ့ ကိုယ်လည်း ကိုယ်မြန်မာလူမျိုးတွေ ထပ်အလိမ်မခံရအောင် ကိုယ့်ဧည့်သည်တွေကို အမြဲပြောမိတယ်
မနေ့ကပဲ မြန်မာပြည် 8မိုင်ကလာတဲ့ သူတွေ အဲ့ဒီလိုထပ်ကြုံရပြန်ပြီ။ သူတို့ကတော့ ကံကောင်းသွားတယ် ။ ဖြစ်ဖို့များတာကတော့ အဲ့ဒီအတွဲပဲဖြစ်ဖို့များတယ်။ အရင်လူတွေလို့ပဲပေါ့ မြန်မာပြည် Bagan ဘုရားဖူးသွားမယ်ပေါ့ မြန်မာငွေပါလားပေါ့
အဲ့ဒီအန်တီကလည်း ကြည့်လိုက်အုံးမယ်ဆိုပြီး သူ့ပိုက်ဆံအိပ်ကိုဖွင့်ကြည့်တယ်ပေါ့
 
မြန်မာငွေကလည်း မပါဘူး။ အဲ့ဒီအခါမှာ ဒါဆိုလည်း ဒေါ်လာပြပါလို့ပြောတော့ အန်တီကလည်း သူပိုက်ဆံအိပ်ကို ထပ်ဖွင့်တယ်တဲ့။ ဘာကြောင့်မှန်းကိုမသိဘူး သူပြောတဲ့အတိုင်းကို လိုက်လုပ်နေမိတယ်တဲ့ဗျာ။ သူ့ပိုက်ဆံအိပ်ထဲမှာက ဒေါ်လာရာတန် အရွက် 80လောက် သားရွေကွင်းနဲ့စည်းပြီးထည့်ထားတာတဲ့။ အဲ့ဒီနိုင်ငံခြားသားက ဒေါ်လာအုပ်လည်းတွေ့ရော အတင်းကို ပြဖို့ ဆွဲတော့တော့ပဲ။ ကံကောင်းတာက အဲ့ဒီလိုဖြစ်နေတာကို ဧည့်သည်ရဲ့ သမီးက တွေ့တော့ ဘာလုပ်တာဒုန်းဆိုပြီး သူ့အမေကိုဆွဲပြီး အဲ့ဒီနေရာနဲ့ဝေးတဲ့နေရာကို ထွက်လာခဲ့ကြတယ်။ ပုံမှန်ဆိုရင် အဲ့ဒီအန်တီရဲ့သားကို အရမ်းစွာတာတဲ့ ။အဲ့ဒီနေ့မှ သူ့သားကိုယ်တိုင် အနားမှာရှိနေတာ ဘာမှ ဝင်မပြောဘူးတဲ့။ ကြောင်ပြီး ကြည့်နေတာပဲရှိတယ်တဲ့ဗျာ။ တော်သေးတာပေါ့ သမီးဖြစ်တဲ့သူက တစ်ခြားဆိုင်မှာ ဈေးဝင်ဝယ်ပြီး သူ့အမေဆီလာတော့ နိုင်ငံခြားသားကို အမေဖြစ်သူဆီက ငွေတွေအတွင်းကို ဆွဲကြည့်နေလို့ ဆွဲခေါ်လာလိုက်မိလို့ပေါ့ အဲ့ဒီလိုသာမဟုတ်ရင်တော့ ခုလောက်ဆို မြန်မာပြည်ဖုန်းဆက် ငွေလွှဲပေးပါအုံးပေါ့။

ခြုံကြည့်မယ်ဆိုရင်ပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအများစုက ငွေကို တစ်ပါတည်းသယ်ဆောင်လာတဲ့အကျင့်ရှိကြတယ်။ သူများနိုင်ငံတွေလို ATM, Credit Card စတာတွေနဲ့ အသုံးပြုနည်းကြတယ်။ ပြီးတော့ ကျွန်တော်တို့အများစုက အားနာတတ်ကြတယ်။ ယုံကြည်လွယ်ကြတယ် ကိုယ်စိတ်နဲ့ယှဉ်ပြီးတော့ပေါ့ဗျာ။ ဒါကြောင့် သူတို့တွေက ကိုယ့်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို အတင်းရဲ့စွာနဲ့ လုပ်နေကြတာ။

ခုလိုအဖြစ်မျိုးတွေမကြုံရအောင် ဒီ Post လေးကို လက်ဆင့်ကမ်းပေးကြပါလို့ စေတနာအရင်းခံနဲ့ Share လိုက်ပါရစေ
အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ

source :thanthantravel
Ref from Win Kyaw Thu
 

No comments:

Post a Comment