Pages

အရှိန်မထိန်းနိုင်သည့်ယာဉ်ကြောင့် စက်ဘီးစီးသူသေဆုံး




ကျောက်တံခါးမြို့မရဲစခန်းမှ ဒု-ရဲအုပ် ကျော်ကျော်ခိုင် တာဝန်မှူးဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးကားလမ်း (လမ်းဟောင်း)စခန်းအနောက် တစ်ဖာလုံခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ြ
ဖြစ်စဉ်မှာ ဇွန် ၆ ရက် ညနေ ၆ နာရီခန့်တွင် ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် (၁၁၆/၆)အနီး စာတိုက်ရပ်ကွက် ကျောက်တံခါးမြို့အထွက်တွင် ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ရဲလင်းထွန်း (၂၈)နှစ် သိမ်ကုန်းရပ်ကွက် မထူးတန်းလမ်း ဖြူးမြို့နေသူ မောင်းနှင်လာသော ၁စ/-----အပြာရောင်နစ်ဆန်းအမျိုးအစား ၁ဝ ဘီးယာဉ်မှာ ဆက်သွယ်ရေး ပစ္စည်းများတင်ဆောင်လာစဉ်
 
 ရှေ့မှ ခိုင်စိုး (၃ဝ)နှစ် သပြေကုန်းကျေးရွာ ရွာသစ်အုပ်စုနေသူ စီးနင်းလာသည့် ဂျပန်နိုင်ငံလုပ် အဖြူရောင်စက်ဘီးအား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိရာ စက်ဘီးစီးသူ ခိုင်စိုးမှာ နောက်စေ့ပေါက်ပြဲ၊ ဝဲချိုစောင်းပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲလင်းထွန်းအား အရေးယူပေးရန် ရဲအုပ်ကျော်ကျော်ခိုင်က တိုင်တန်းသဖြင့်
ကျောက်တံခါး မြို့မရဲစခန်းက ယာဉ်(ပ)၂၄/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃ဝ၄-ကဖြင့် အရေးယူထားပြီး တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မျိုးဦး(ကျောက်တံခါး)
 
 
  အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရားကို သတိရကာ သံဝေဂ စိတ်တစ်ချက်လောက်ဖြစ်ပါစေ..

No comments:

Post a Comment