Pages

ကရင်ရိုးရာ ဆေးသောက်ခြင်း


                   ===================
ထားဝယ်ဒေသ အရှေ့ဘက်မှာ နေထိုင်သည့် ကရင်တိုင်းရင်းသားများ
တစ်နှစ်တစ်ခါ သွားရောက် သုံးဆောင်လေ့ ရှိသော တောတွင်း ဆေးသောက်ခရီးစဉ် အကြောင်းကို ဖော်ပြလိုက်ပါသည်။ တစ်နှစ်ပတ်လုံး ပေါ့ပါးကျန်းမာရန် တစ်နှစ်တစ်ကြိမ် ဆေးသောက်ခရီးသွားသူ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်ဟု ဆိုသည်။
ဆေးကို သောက်လည်းသောက်နိုင်သည်။ လိမ်းရုံအပြင် ချိုးလည်း ချိုးရသည်။ ဆေးချိုးခြင်းကို ညပိုင်းတွင် အနည်းဆုံးသုံးကြိမ် အချိန်အလိုက် လုပ်ဆောင်ရသည်။ အချို့သူများက ဆေးအိုးကျိုထားသော မီးဖိုတွင် စောင်ပတ်ကာ ဆေးလှုံသည်။


ရက်ညချီ ကြာမည့်ခရီးစဉ် မတိုင်မီ လိုအပ်သည့်ကိစ္စ အဝဝကို အသေးစိတ် ပြင်ဆင်ရသည်။ ဆန်၊ ဆီ၊ ဆား၊ ချက်ရန်အိုး၊ ဓားကအစ အိပ်ရန်ပုခက်အဆုံး သယ်ပိုးရန် ပြင်ရသည်။
ထားဝယ်မြို့မှာ နှစ်နာရီကျော်ကြာ ဆိုင်ကယ်မောင်းနှင်ရသော မြင်းခံဘော်ကျေးရွာ အုပ်စုမှ နောက်ထပ် သုံးနာရီဝန်းကျင်ကြာ ဆိုင်ကယ်ဖြင့် လှည်းလမ်းအတိုင်း ခရီးကြမ်း နှင်ရသည်။ ကျူတော၊ ဝါးတော၊ ယာတော၊ ကျောက်ကြီး ကျောက်ငယ်အသွယ်သွယ် ပြွန်းတီးနေသော ချောင်းကို အကြိမ်ကြိမ် ဖြတ်ကျော်ရသည်။


ဆိုင်ကယ်ခရီးပြီးနောက် လမ်းအနည်းငယ် လျှောက်ပါက တောင်ခြေရှိ စမ်းချောင်းတစ်ခုတွင် စခန်းချ ညအိပ်ရသည်။ ပါလာသောဆန်များကို ချက်၊ တောတောင်အတွင်းမှ ရရှိသော အသီးအနှံများ ချက်ပြုတ် စားသောက်ရသည်။ တစ်ခါတစ်ရံ တစ်နပ်စာကို ထမင်း၊ ငါးပိချက်နှင့် တောငှက်ပျော ဖြင့်လည်း စခန်းသွားရသည်။


ယင်းနောက် နောက်နေ့နံန
က်တွင် ဆေးတောင်ဟု ဒေသခံ ကရင်တိုင်းရင်းသားများ ခေါ်သော ပထန်တောင်ခြေသို့ ပေ ၂၅၀၀ ကျော်မြင့်သော တောင်တစ်လုံးကို ကျော်ဖြတ်ကာ တစ်မနက်ခန့် လမ်းလျှောက် ခရီးနှင်ရသည်။

ပုံမှန်အားဖြင့် နေပြောက်မထိုးသော မိုးသစ်တောကို သစ်ရွက်ခြောက်များအတိ ဖုံးနေသော လမ်းတစ်လျှောက် ဖြတ်သန်းရသော်လည်း တစ်ခါတစ်ခါ အတော့်ကို နိမ့်သော ဝါးရုံတောများကို ဖြတ်သန်းရသည်။ ထိုအချိန် မျိုးတွင် လမ်းပါ ပျောက်တတ်၍ ပိုသတိထားရသည်။ လျှောက်နေကျ ကရင်တိုင်းရင်းသား အဖို့ သုံးနာရီကျော် ခန့်ဖြင့် ခရီးပေါက်ပြီး ဧည့်သည်များ အတွက်မူ အနည်းဆုံး ငါးနာရီအထိ ကြာပြီးနောက် ပထန် ဆေးတောင်ခြေသို့ ရောက်သည်။
တနင်္သာရီရိုးမ အတွင်း တောင်ကုန်းတောင်တန်းပေါင်း များစွာရှိသော်လည်း ဆေးဖက်ဝင် သစ်ဥ၊ သစ်ဖု၊ အပင်စုံသောတောင်မှာ ယင်းပထန်တောင် တစ်ခုတည်း ရှိကြောင်း ဒေသခံတို့က ဆိုသည်။ ဆေးတောင်သို့ တက်ရန် အခက်အခဲ များလွန်းသဖြင့် ပုံမှန်အားဖြင့် အခြားသူ တက်လေ့မရှိဘဲ ဆေးဆရာနှင့် အချို့သူများသာ ဆေးအရှာ ထွက်လေ့ရှိသည်။


ကရင်တိုင်းရင်းသားများ အမျိုးအစဉ်အဆက် မှတ်သားလာခဲ့မှု အရ ဆေးသစ်ဥ၊ သစ်ဖု၊ သစ်ရွက်အမျိုးအစား ၃၇ မျိုးရှိသည်ဟု ဆိုပြီး အမျိုးတစ်ဆယ်ကျော် ကိုသာ အမည်ဖြင့် မှတ်သားခဲ့ရသည်ဟု ဆေးဆရာမောင်နှံက ရှင်းပြသည်။


ရရှိလာသော ဆေးသစ်ဥ၊ သစ်ဖု၊ သစ်ရွက်များကို စဉ်းတန်သည်စဉ်း၊ ခုတ်တန်သည် ခုတ်ရသည်။ ယင်းနောက် ဆေးကို အိုးအမျိုးမျိုးခွဲကာ ချက်ကျိုရသည်။ အသက် ၃၀ ကျော်များ အတွက် ဆေးအိုး၊ ၃၀ အောက်လူငယ်များ အတွက် ဆေးအိုး၊ အမျိုးသမီးများအတွက် ဆေးအိုး သတ်သတ်စီ ဖြစ်သည်။ တစ်ခါတစ်ခါ ဆေးဆရာက လူပျိုဆေးအိုးဟု သတ်သတ်ကျိုပေး တတ်သေးသည်။


ဆေးသောက်၊ ဆေးချိုးကာလအတွင်း တောင်ခြေစခန်းတွင် သုံးရက်ခန့် နားလေ့ရှိသည်။ ယင်းနားချိန်တွင် စာဖတ်လျှင်ဖတ်၊ စကားပြောလိုက ပြော၊ အိပ်စက်လိုက အိပ်စက်မည်။
The Voice Weekly


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment