Pages

မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ

              
    အတိက်ကာလ နှစ်ပေါင်းများစွာမှ စတင်ကာ ဗုဒ္ဓမြတ်စွာသာသနာ၏ အဆုံးအမ၌တည်သော မြန်မာလူမျိုးတို့ တွင် မဟာသက္ကရာဇ် သာသနာသက္ကရာဇ် ကောဇာသက္ကရာဇ် ဟူ၍ သက္ကရာဇ် သုံးသွယ်ရှိခဲ့ပါသည်။။
နှောင်းခေတ်လူငယ်မောင်တို့ မယ်တို့သည်မြန်မာပြည်ဖွားမြန်မာလူမျိုးများဖြစ်လင့်ကစား သာသနာတော်နှစ်မြန်မာသက္ကရာဇ်အသုံးပြုမှုနည်း၍ ဗဟုသုတအားဖြည့်ပေးလိုသဖြင့်လည်းကောင်း မဟာသက္ကရာဇ်ဆိုတာလည်း ကင်းကွာမှုအချိန်အတိုင်းအတာကာလရှည်နေပြီဖြစ်၍ သက္ကရာဇ်သုံးမျိုးမြန်မာတို့ မှာရှိနေကြောင်းနှင့် မဟာ၊ကောဇာ-သာသနာသက္ကရာဇ်တို့ဆက်စပ်နေပုံကိုမြန်မာနှစ်ကူးချိန်တွင် ဗဟုသုတအဖြစ်တင်ပြလိုက်ပါသည် ။။

သုံးသွယ်သက္ကရာဇ် ဤသို့ဖြစ်၏
=============
၁/ ဗုဒ္ဓမြတ်စွာ ပွင့်တော်မမူမီခေါ်ဝေါ်သုံးစွဲသည့်သက္ကရာဇ်ကို မဟာသက္ကရာဇ်
၂/ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အဇာတသတ်မင်းဖြိုထားသော သာသနာသက္ကရာဇ်
၃/ ယခုမျက်မှောက်ကာလ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ သုံးစွဲနေကြသောကောဇာသက္ကရာဇ်
တို့ပင်ဖြစ်ပါသည်။။
သက္ကရာဇ်ဖြိုဖို အကြောင်းသုံးပါးဤသို့ဖြစ်၏။
+++++++++++++++++++
ကမ္ဘာဦး မဟာသမ္မတမင်းလက်ထက်မှပြု၍ -နှစ်-အတွတ်ပြုခဲ့ရာနောင်ခါ ကာလရှည်ကြာလာသောအခါ သက္ကရာဇ်ဖြို့ရန်အကြောင်းပေါ်သည်မှာ
၁။ နှစ်အရေတွတ်များလာခြင်းကြောင့်လည်းအကြောင်းတစ်ခု
၂။ နှစ်ဆိုးအခါကြုံလေသဖြင့်ကိန်ခန်းအလိုက် သက္ကရာဇ်ဖြိုရခငြ်းလည်းတစ်ခု
၃။ လူတို့အသုံးပြုနေမြဲ နက္ခက်ပြက္ခဒိန်တို့မှနက္ခက်ကိန်တို့နှင့်ကောင်းကင်ရှိမျက်မြင်နက္ခက်တို့
အနေထားလွဲချော်နေခြင်းကြောင့်မှန်သောပြက္ခဒိန်အသစ်ဖန်တီးနိုင်ရန် သက္ကရာဇ်ဖြိုရခြင်းလည်းတစ်ခုတို့ဖြစ်ပါသည်။။

သက္ကရာဇ်ဖြိုခဲ့ခြင်းများ
#######
သက္ကရာဇ်ရေတွတ်ခြင်းအစ ကမ္ဘာဦး မဟာသမ္မတမင်းလက်ထက်ကဖြစ်ရာ
၁၊၊ နှစ်ပေါင်း ၁၁၄၉၇၈၇ သို့ရောက်သောအခါ အာကာရဋ္ဌမင်းလက်ထက်၌ သက္ကရာဇ်ဖြို
ကိန်းကြုံ၍ မဟာသုဒ္ဓဝယပ္ပကိန်အရ နှစ်ပေါင်း ၁၁၄၉၇၈၅ ကိုဖြို၍အကြွင်း ( ၂ )
ထားခဲ့သည်။။
၂။။ထိုအကြွင်း(၂)မှစ၍ရေတွတ်လာခဲ့ရာ နှစ်ပေါင်း ၁၄၉၃၈၅၆၂ အရောက် ကုသမင်းကြီး
သည် သက္ကရာဇ်ဖြိုကိန်းကြုံသဖြင့် နာတိမဇ္ဇလဒ္ဓံဝိယ ကိန်းအရ နှစ်ပေါင်း ၁၄၉၃၈၅၆၀
ကိုဖြိုပြီး အကြွင်း(၂) ထားခဲ့ပြန်သည်။။
၃။။ထိုအကြွင်း(၂) မှဆက်၍ရေတွတ်လာခဲ့ရာ သက္ကရာဇ် ၈၆၄၇ အရောက် ဘိုးတော် အဉ္ဇနမင်းလက်ထက်တွင် သက္ကရာဇ်ဖြိုကိန်းကြုံပြန်ရာ မာဃစနြေ္ဒကိန်းအရ သက္ကရာဇ်နှစ်
၈၆၄၅ ကိုဖြို၍ အကြွင်း(၂)ိကိုထားခဲ့သည်။။
၎။။ ထိုမှစတင်ကာရေတွတ်လာပြန်ရာ ၆၈ ခုရောက်သောအခါ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်း
သားကိုဖွားမြင်သည်။
ဘုရားဖြစ်တော်မူပြီး သက်တော်(၈၀) အရောက် သက္ကရာဇ် ၁၄၈း၌ အဇာတသတ်
မင်းကြီးသည် သက္ကရာဇ်ဖြိုကိန်းကြုံသဖြင့်ဒေဝီယကိန်းအရ သက္ကရာဇ် အားလုံးကိုမချွန်းမချန်ဖြိုသည်။။။

ပထမ သင်္ဂါယနာတင်သောနှစ်ဖြစ်သဖြင့် သာသနာသက္ကဇ်(သာသနာတော်နှစ်) ၁-နစ်
ဟုစတင်သတ်မှတ်ခဲ့သည်။။

ဘိုးတော်အဉ္ဇနမင်းကြီးဖြိုသောနှစ်မှစ၍ အဇာတသတ်မင်းဖြိုသောနှစ် သက္ကရာဇ်ကို မဟာသက္ကရာဇ်ဟုခေါ်သည်။။

၅။။ အဇာတသတ်မင်းသတ်မှတ်ထားခဲ့သော (၁)နှစ်မှစ၍ရေတွတ်လာရာ ၄၃၃ နှစ်ရောက်သောအခါမြန်မာနိုင်ငံသရေခေတ္တရာ ပျူမင်းဆက်(၁၁)ဆက်မြောက်သော သီရိရာဇ်
မင်းကြီးလက်ထက်တွင် သက္ကရာဇ်ဖြိုရန် အကြောင်းပေါ်ပြန်သော်လည်း သက္က မဖြိုခဲ့သဖြင့်
၄၃၃ ဟုပင်ဆက်၍မှတ်သားလာခဲ့ကြသည်။။

၆။။ ထိုသက္ကအတိုင်းရေတွတ်လာခဲ့ရာ ၆၂၄ အရောက်သရေခေတ္တရာ ပျူမင်းဆက် ၁၁ဆက် သီရိရာဇ်မင်းနောက် ၁၄ ဆက်မြောက် သုမုန္ဒရီမင်းလက်ထက်တွင်
ဒေါဒေါရသ(ရသ-၆။ဒေါ-၂။ဒေါ-။၆၂၂)ကိန်းအရ အကြွင်း ၂ ထား၍ သက္ကရာဇ်ဖြိုပြန်ပါသည်။။

၇။။ထိုမှတစ်ဖန်ရေတွတ်လာခဲ့ပြန်ရာ သက္ကရာဇ် ၅၆၂ သို့ရောက်သောအခါ ပုဂံမင်းဆက်
၂၀ မြောက်ဖြစ်သော သံဃာ့ရာဇာခေါ် သံဃရာဇ်မင်းခေါ် ပုပ္ပါးစောရဟန်းမင်းသည်
သက္ကရာဇ်ဖြိုကိန်းကြုံပြန်သဖြင့် ( ခန်းဆပဉ္စာကိန်း) (ခန်း=၀။ဆ-၆။ပဉ္စ-၅။၅၆၀) ကိုဖြိုပြီး
အကြွင်း ၂ ထားခဲပြန်သည်။။

၈။။ထိုမှစ၍ရေတွတ်လာခဲ့ပြန်ရာ နှစ် ၈၀၀ အရောက် သက္ကရာဇ်ဖြိုကိန်းကြုံလာပြန်၍ အင်းဝ
ဘုရင်မိုးညှင်းတရားကြီးသည် သက္ကရာဖြိုရန်အကြံရှိသော်လည်းပြည်သူပြည်သားများကလက်မခံသဖြင့်သက္ကရာဇ်မဖြိုခဲ့ချေ

ထို့ကြောင့်ယခုခေတ်လူတို့သုံးစွဲနေကြသော သက္ကရာဇ်မှာ ပုပ္ပါးစောရဟန်မင်ဖြိုကြွင်းသက္ကရာဇ်
မှမှတ်သားလာကြသောဝေါဟာရကောဇာသက္ကရာဇ်ဖြစ်ပါသည်။။။။။

သို့ပါ၍ မကွေးခရိုင်တောင်တွင်းကြီးမြို့ရှိဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်သမိုင်းတွင်
ဖေါ်ပြပါ သက္ကရာဇ်များကိုမှတ်သားနိုင်ပါသည်။။

အချုပ်အားဖြင့်

၁။။ဘိုးတော်အဉ္စနမင်းကြီးဖြိုခဲ့သော သက္ကရာဇ် ၂ နှစ်မှ အဇာတသတ်မင်းဖြိုသော ၁၄၈ ခုနှစ်ထိကို မဟာသက္ကရာဇ်ဟူ၍ံ၎င်း
၂။။အဇာတသတ်မင်းဖြိုသောနှစ်မှစ၍ သာသနာသက္ကရာဇ်( သာသနာတော်နှစ်)ဟူ၍၎င်း
၃။။ပုပ္ပါးစောရဟန်းမင်းဖြိုသည့်နှစ်မှစ၍ယခုထိကိုကောဇာသက္ကရာဇ်ဟူ၍၎င်း မှတ်သားရပါသည်

ဘိုးတော်အဉ္စနမင်းမှ မဟာသမ္မတမင်းထိအထက်နှစ်များကိုမူ ယုဂနှစ်ဟုခေါ်ပါသည်။။

ယခုရောက်ဆဲမြန်မာသက္ကရာဇ်၊ကောဇာသက္ကရာဇ်သည် ၁၃၇၅ ခုနှစ်၊နှောင်းတန်ခူးလပြည့်
သင်္ကြန် အကျနေ့(၁၄-၄-၂၀၁၄)တနင်္လာနေ့ဖြစ်ပါသည်။။

သို့ဖြစ်ပါ၍
မြန်မာနှစ်= ၁ ၃ ၇ ၅ ထဲကို
သုမုန္ဒရီမင်းဖြိုခဲသော ၆ ၂ ၂ နှစ်
ပုပ္ပါးစောမင်းဖြိုခဲ့သော ၅ ၆ ၀ နှစ် ထိုနှစ်ရပ်ပေါင်း ၆၂၂+၅၆၀=၁၁၈၂ ပို
(၁၃၇၅+၁၁၈၂=၂၅၅၇ သာသနာသက္ကရာဇ်(သာသနာတော်နှစ်)ရှိပါကြောင်း
မြန်မာနှစ်သစ်အပြောင်း သက္ကရာဇ်အကြောင်းသိကောင်းစရာကိုမြန်မာလူမျိုး ဗုဒ္ဓအဆုံးမအောက်
ရှိလူတိုအတွတ်(မဟာကောဇာသာသနာ)သက္ကရာဇ်အကြောင်းဗဟုသုတအဖြစ်လက်ဆင့်ကမ်းလိုက်ရပါသည်။။

ဇာဂရ (သရက်တော)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

No comments:

Post a Comment