ေေ
မွေးကတည်းက နှစ်ယောက်ပေါင်း ခြေထောက်နှစ်ချောင်းနဲ့ လက်လေးချောင်းသာ ပါရှိပြီး ခါးချင်းဆက်နေတဲ့ အမြွှာ Shivanath နဲ့ Shivram Sahu တို့ နှစ်ယောက် ကျောင်းသွားဖို့ နည်းလမ်းရှာတွေ့ ခဲ့ပါပြီ။ ပင့်ကူတစ်ကောင်လို မြေပြင်ပေါ်မှာ ပြေးပြီး ကျောင်းအရောက်သွားတက်ကြမှာပ
ကိုယ့်ဘာသာအ၀တ်လျှော်၊ အ၀တ်စားလဲ၊ အစာစားပြီး ဆရာဝန်တွေကို အံ့အားသင့်စေခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် အမြွှာနှစ်ယောက်ဟာ ဘယ်တော့မှ ခွဲစိတ်မှု ခံယူမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချထားကြသူတွေပ
“ ကျွန်တော်တို့ နှစ်ယောက် သီးခြားမနေချင်ပါဘူး။ ဒီပုံစံအတိုင်းပဲ ကျွန်တော်တို့ အသက်တွေကြီးလာတဲ့အထိ နေသွားမှာ။ ကျွန်တော်တို့ မွေးလာတဲ့ ပုံစံအတိုင်းပဲ နေချင်ပါတယ်” လို့  Shivram က ပြောကြားခဲ့ပါတယ်။
ဒီအမြွှာနှစ်ယောက်ကို အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ Raipur မြို့ အနားက ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာပါ။
သူတို့ မွေးဖွားလာတော့ တစ်ရွာလုံးအုတ်အော်သောင်းနင
သူတို့ နှစ်ယောက်ဟာ အစာအိမ်တစ်ခုထဲကို မျှဝေသုံးစွဲတယ်လို့ ယူဆရပေမယ့် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အဆုတ်၊ နှလုံးနဲ့ ဦးနှောက်တွေ ရှိပါတယ်။
သူတို့ နေထိုင်တဲ့ အိမ်နှစ်ခန်းတွဲရဲ့ လှေကားတွေကို အတက်အဆင်းပြုလုပ်နိုင်သလို ခြေချောင်း၊လက်ချောင်း ခြောက်ချောင်းလုံးနဲ့ ပြေးလွှားနိုင်ပြီး ခရစ်ကတ်နဲ့ တခြားကစားနည်းတွေကိုလည်း အိမ်နီးချင်းကလေးတွေနဲ့  အတူကစားနိုင်တယ်လို့ သိရပါတယ်။
အမြွှာနှစ်ယောက်ဟာ ဒေသတွင်း အထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ကြားနေပြီး ဖခင်ဖြစ်သူက မနက်တိုင်း စက်ဘီးနဲ့ ကျောင်းလိုက်ပို့ ရပါတယ်။ နှစ်ယောက်လုံးဟာ စာတော်တဲ့ကျောင်းသားတွေဖြစ်
Ref: Mirror.co.uk
Trend Myanmar
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101865
No comments:
Post a Comment