Pages

ထူးထူးဆန်းဆန်း, ဗဟုသုတ(၈)

မျက်လုံး ထောင့်စွန်းက အသား
Plica Semilunaris လို့ခေါ်တဲ့ မျက်လုံးထောင့်တွေမှာ ရှိနေတတ်တဲ့ အသား ခေါ် တတိယ မျက်ခွံဟာ လူနဲ့ အခြား သတ္တဝါအချို့ မှာ ပါရှိတတ် ပါတယ်။

သူ့ရဲ့  အဓိက လုပ်ဆောင်ချက်ကတော့ မျက်လုံး ရဲ့  လှုပ်ရှားမှု ဒီဂရီတိုင်းကို ထိန်းပေးခြင်း ဖြစ်ပါတယ်။ သူသာ မရှိရင် မျက်လုံးဟာ ကိုယ်လက်ရှိ လှည့်နိုင်တဲ့ မျက်လုံး ဒီဂရီလောက် လှည့်နိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် လုပ်ဆောင်ချက်ကတော့ ယင်း နေရာကနေ အရည်တစ်မျိုး ထုတ်ပေးပြီး မျက်လုံးပေါ်က မလိုအပ်တဲ့ အညစ်အကြေးနဲ့ အမှုန်တွေကို စုစည်းစေပါ တယ်။

မနက် အိပ်ယာထတဲ့အခါ မျက်လုံးထောင့်မှာ မျက်ချေး ကပ်နေတယ်ဆိုတာ ယင်း Plica Semilunaris က လုပ်ဆောင်ချက် ကောင်း မွန်နေသေးလို့ ဖြစ်ပါတယ်။
---
Ref: wiki
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3

 ငလျင်မလှုပ်ခင် အလင်းရောင်ထွက်ပေါ်မှု

Friday, March 07, 2014

အင်အားပြင်းတဲ့ ငလျင်ကြီးတွေ မလှုပ်ခင်မှာ ကြိုတင် တွေ့မြင်ရလေ့ရှိတဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ အလင်းရောင်ဟာ ဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာကို အခုအခါ အမေရိကန် သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အရင်က ရှင်းမပြနိုင်တဲ့ အလင်းရောင် ထွက်ပေါ်မှုတွေကို တရုတ်ပြည်နဲ့ အီတလီနိုင်ငံတို့မှာ ငလျင်ကြီးတွေ မလှုပ်မီ ကြိုတင် မြင်ခဲ့ကြရပါတယ်။

အခုတော့ သိပ္ပံပညာရှင်တွေက ကမ္ဘာ့အတွင်းပိုင်းက မြေဆီလွှာတွေ လှုပ်ရှားမှုကြောင့် အားကြီးတဲ့ လျှပ်စစ်ဓာတ် ထွက်ပေါ်လာရာကနေ ဒီလို ထူးဆန်းတဲ့အလင်းရောင် ထွက်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီယူဆချက်နဲ့ ပတ်သက်ပြီး သက်သေပြချက်အဖြစ် ပညာရှင်တွေဟာ ဂျုံမှုန့်ထည့်ထားတဲ့ ဘူးတွေနဲ့ စမ်းသပ်ခဲ့ရာမှာ ယခင် မသိသေးတဲ့ ရူပပေဗဒဆိုင်ရာ တွေ့ရှိချက်အသစ်ကို ရှာတွေ့ခဲ့ပါတယ်။

ဒီစမ်းသပ်ချက်အရ ဂျုံမှုန့် သိပ်ထည့်ထားတဲ့ ဘူးကို လှုပ်ခါပြီး အတွင်းက ဂျုံတွေ အက်ကွဲသည်အထိ လှုပ်ခါတဲ့အခါမှာ လျှပ်စစ်ဓာတ်တွေ အလိုလို ထွက်ပေါ်လာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101865


 သင်မသိသေးတဲ့ ဟောလီးဝုဒ်ရဲ့ မင်းသမီးသစ်လေးအကြောင်း


အားလုံးမထင်မှတ်ထားဘဲ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးသွားနိုင်ခဲ့တဲ့ ဟောလီးဝုဒ်ရဲ့ အလားအလာရှိ မင်းသမီးသစ်လေး Lupita Nyongo အကြောင်း သင်သိဦးမှာ မဟုတ်တဲ့ အချက်(၅)ချက်ကို ပြောပြပေးပါမယ်။ “12 Years A Slave” ဇာတ်ကားထဲက သူမဟာ အံ့သြဖွယ် သရုပ်ဆောင်ကောင်း တစ်ဦး ဖြစ်ရုံတင်မကဘဲ fashion icon တစ်ဦးလည်းဖြစ်တာနဲ့အညီ သူမရဲ့ ကိုယ်ရေးနောက်ကြောင်း ဆိုတာ အားလုံး စိတ်ဝင်စားရတဲ့ အရာတစ်ခု ဖြစ်မှာပါ။

ဟောလီးဝုဒ်ရဲ့ အချစ်တော် ကောင်မလေးသစ်အကြောင်း ကျွန်ုပ်တို့ မသိသေးတဲ့ အချက်(၅)ချက် ကတော့

မက္ကဆီကိုမှာမွေး ၊ ကင်ညာမှာ ကြီးပြင်းခဲ့ပေမယ့် လက်ရှိမှာ မောင်ငယ်တစ်ဦးနဲ့အတူ ဘရွတ်ကလင်းမှာ နေထိုင်နေတဲ့ သူမဟာ ကိုယ့်ကိုယ်တော့ New Yorker (နယူးယောက်သူ) တစ်ယောက်လို့ပဲ ခေါ်ပါတယ်တဲ့။

သူမဟာ ဘတ်စကတ်ဘော အားပေးသူတစ်ယောက်ပါ။ အသက် (၃၀)နှစ်ရှိပြီဖြစ်တဲ့ အလှပဂေးက မကြာသေးခင်ကမှ သူမရဲ့ အကြိုက်ဆုံး NBA အသင်းနဲ့ ဓါတ်ပုံရိုက်ထားပါသေးတယ်။ ပြီးတော့ New York Kinks နဲ့ရောပေါ့။

သူမဟာ ပညာတတ်အမျိုးသမီး တစ်ဦးလည်းဖြစ်ပါတယ်။ အလွန်သြဇာ အာဏာ ကြီးမားတဲ့ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Yale School of Drama ကို တက်ရောက်ခဲ့သူပါ။

သူမရဲ့ ၀မ်းကွဲဖြစ်တဲ့ Isis Nyong’o Madison ကတော့ နည်းပညာနဲ့ မီဒီယာပိုင်း ဆန်းသစ်တီထွင် ပြောင်းလဲသူတစ်ဦးဖြစ်ပြီး Forbes’ က ထုတ်ပြန်တဲ့ “အာဖရိကရဲ့ စွမ်းအားအရှိဆုံး အမျိုးသမီးငယ် နှစ်ဆယ်ဦး” စာရင်းထဲ ပါဝင်ထားသူပါ။ သူမဟာ SmokeSignal ရဲ့ CEO ဖြစ်သူ Christopher Madison နဲ့ လက်ထပ်ထားသူတစ်ဦးပေါ့။

Lupita Nyongo ရဲ့ ဖခင် Peter Anyang’ Nyong’o ကလည်း ကင်ညာမှာ လူသိများ ထင်ရှားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။

Trend Myanmar

  https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.1073

No comments:

Post a Comment