တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးကို မြန်မာနိုင်ငံတွင် ၁၉၄၉-ခုနှစ်မှစ၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့သည်။
တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံကို အာဂုံပြန်နှင့် သဘောရေးဖြေ နှစ်မျိုးလုံး ပြန်ဆိုဖြေကြရသော စာမေးပွဲကြီးဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲကြီးလည်း
တိပိဋကဓရ သာသနာ့အာဇာနည်ဘွဲ့ထူးကို ခံယူနိုင်ရန်-
(က) စာမျက်နှာ ၂၂၆၀-ရှိသော ၀ိနယပိဋကတ်ကို၎င်း။
(ခ) စာမျက်နှာ ၇၇၉-ရှိသော သုတ္တန္တပိဋကတ်ကို၎င်း။
(ဂ) စာမျက်နှာ ၄၉၈၇-ရှိသော အဘိဓမ္မပိဋကတ်ကို၎င်း။
စုစုပေါင်း စာမျက်နှာ ၈၀၂၆-ရှိသော ပိဋကတ်သုံးပုံကို ကောင်းမွန်စွာ အာဂုံပြန်ဆိုနိုင်ကြရသည်။
ထို့ပြင် ထိုပိဋကတ်သုံးပုံ ပါဠိတော်များ၏ သဘောသဘာဝ အနက်အဓိပ္ပါယ် အ၀၀တို့ကိုလည်း အဋ္ဌကထာ, ဋီကာ, အနု, မဓု, ယောဇနာ, ဂဏ္ဍိ-ဖွင့်ဆိုချက်များနှင့်အ
ဤမျှခက်ခဲသော်လည်း ယနေ့အထိ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့ထူးကို ဆွတ်ခူးရရှိတော်မူသော ရဟန်းမြတ် အားဇာနည်များမှာ ၉-ပါးအထိ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ သာသနာတော်အတွက် ၀မ်းမြောက်ဖွယ် အားတက်ဖွယ် ကောင်းလှပေသည်။ လှိုက်လှဲစွာလည်း ဦးခိုက်ပူဇော်မိပါသည်။
ဤသို့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးများ ပေါ်ထွက်လာအောင် စာရင်းသွင်းဖြေဆိုကြသည့် သာသနာ့အာဇာနည် လောင်းလျာများကိုလည်း အထူးကျေးဇူးတင်မိပါသည်။ ချီးကျူးဂုဏ်ယူမိပါသည်။ ထို့ပြင် စီစဉ်အားပေးချီးမြှောက်လျက်
No comments:
Post a Comment