ပိုးဟက် ဟာ လူသားတွေနဲ့ အနီးစပ်ဆုံး ရှိနေတတ်တဲ့ အင်းဆက် မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့မှာ ထူခြားချက် တစ်ခု ကတော့ ခေါင်း မပါပဲနဲ့ တစ်ပတ် တိတိ အသက်ရှင်နိုင် ပါတယ်။
နောက်ပြီးတော့ ပိုးဟက် တွေဟာ တစ်လ လုံးလုံး ဘာ အစားအစာမှ မစားပဲ အသက်ရှင် နိုင်ပါတယ်။ သို့ပေမယ့် သူတို့က ရေ မသောက်ရရင် တစ်ပတ်ပဲ အသက်ရှင်နိုင်ပြီး အဲ့ထက် ပိုရင် သေပါတယ်။
ပိုးဟက် တစ်ကောင်ရဲ့ သွားနှုန်းဟာ တစ်နာရီ ၃ မိုင်နှုန်း ရှိပါတယ်။ ပျံလည်း ပျံနိုင်ပါတယ်။ လူအများစုမှာ ပိုးဟက်ကို ကြောက်/ရွံ့ တဲ့ စိတ် ရောဂါ တစ်မျိုး ရှိနေကြောင်း သိရ ပါတယ်။
.
Ref: discovery
အောင်ခမ်း (www.innewsmyanmar.com)
https://www.facebook.com/Internationalnewsformyanmar/photos/a.150971318323342.40
မိမိခွေးတို့ တွေးနေတာကို ဘာသာပြန်ပေးမယ့် စက်
ဆွီဒင်နိုင်ငံက နည်းပညာ ရှင်များက စက်ပစ္စည်း တစ်မျိုး တီထွင်ဖို့ အတွက် ကြိုးစား နေပါတယ်။ အဲ့ဒါကတော့ မိမိတို့ အိမ်မွေးခွေး များ ပြောချင်နေ တာ၊ တွေးနေ တာ ကို ဘာသာပြန်ပေးမယ့် စက် ဖြစ်ပါတယ်။
ခွေးရဲ့ ဦးနှောပတ်လည်မှာ ဝတ်ဆင်ထားပေး ရုံပါပဲ။ ဗိုက်ဆာတယ်။ မကြိုက်ဘူး။ လှတယ် အစရှိသဖြင့် ခွေးက ပြောချင်ပြီး တွေးနေတဲ့ စကား များကို ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင် စက်က စပီကာ ကနေ အသံ ထွက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ တစ်ကမ္ဘာလုံးက ခွေးပိုင်ရှင်များ ဝယ်ယူ အသုံးပြု နိုင် မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)
http://
ငလျင်လှုပ်ပြီး တစ်ကောင်တည်း နေရန် ကြောက်ရွံ့နေသော တရုတ်ပြည်က ပန်ဒါငယ်လေး
https://www.facebook.com/Internationalnewsformyanmar/photos/a.15097131832334
No comments:
Post a Comment