Pages

ဘေးထွက်နေရဆဲ ဟာသအကယ်ဒမီဆု



၁၉၅၂ ခုနှစ်မှ စတင်ပေး အပ်ခဲ့တဲ့အကယ်ဒမီထူးချွန်ဆု (မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကြီး)ဟာ လက်ရှိ ၂ဝ၁၂ ခုနှစ်အတွက်အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်
ဆုပေးပွဲကြီး ကျင်းပပြီးစီးခဲ့တဲ့အချိန်အထိ (သမိုင်းတစ်လျှောက်လုံးမှာ) ဟာသပညာရှင်လူရွှင်တော်တွေကို အကယ်ဒမီထူးချွန်ဆုပေးအ ပ်နိုင်ခြင်းမှာလွန်စွာမှနည်းပါးခဲ့ တယ်။

၁၉၅၅ခုနှစ်တွင် ဟာသပညာရှင်ဦးဖိုးပါကြီးက "ဖိုးပြုံးချို" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဟာသပညာရှင်တွေထဲမှာ ပထမဦးဆုံးအကယ်ဒမီထူးချွန်ဆုပေးအပ် ခြင်းခံခဲ့ရတဲ့
(သမိုင်းဝင်) ဟာသ ပညာရှင်တစ်ဦးအဖြစ် မော်ကွန်းတင်နိုင်ခဲ့တယ်။

အဲဒီနောက်ပိုင်း ၂ဝဝ၇ခုနှစ် အကယ်ဒမီထူးချွန် ဆုပေးပွဲမှာတော့ ဟာသပညာ ရှင်ဦးမိုးဒီက " ကိုးဆယ်ဆသာလိမ့်မယ်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကယ်ဒမီကို ရယူနိုင်ခဲ့တယ်။ ၂ဝ၁၁ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲမှာတော့ ဟာသပညာရှင်မော့စ်က အကယ်ဒမီထူးချွန်ဆု ကို " ထာဝရအလင်းတန်းများ" ရုပ်ရှင်ဇာတ်ကားနဲ့ ရယူနိုင်ခဲ့တယ်။

ဒါပေမဲ့ ဟာသပညာရှင်မော့စ်က တော့ ၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်။ အကယ်ဒမီမော့စ်ရဲ့ ၁နှစ်ပြည့်အလွမ်းပြေဟာသပဒေသာ ကပွဲကို ပြီးခဲ့တဲ့ရက်ပိုင်း ၂ဝ၁၄ဖေဖော်ဝါရီ ၂၁ရက်နေ့က ပြည်သူ့ရင်ပြင်ထဲမှာ ပြုလုပ်ခဲ့တယ်။ အဲဒီပွဲမှာ မြန်မာနိုင်ငံက နာမည်ကျော်လူရွှင်တော်များစွာ ပါဝင်ခဲ့ကြတယ်။ဟာသပညာ ရှင်တွေထဲမှာ အကယ်ဒမီရပြီးလက်ရှိအချိန်အထိ ကျန်းကျန်းမာမာရှိနေဆဲ အကယ်ဒမီဦးမိုးဒီကလည်း အဲဒီနေ့ကပါဝင် အားဖြည့်တင်ဆက်ပေးခဲ့သလို အကယ်ဒမီမော့စ်အတွက် အလွမ်းပြေအမှတ်တရစကားတွေကိုလည်း ပြောခဲ့ပါတယ်။

အဲဒီနေ့(ဖေဖော်ဝါရီ ၂၁ရက် နေ့)က အကယ်ဒမီမိုးဒီနဲ့ ခဏ တွေ့ဆုံခွင့်ရတော့ ဟာသပညာရှင်တွေကို ဘာကြောင့်အကယ်ဒမီပေးဖို့အတွက် သိပ်လိုလိုလား
လားမရှိကြတာလဲ မေးကြည့်တော့

" အဲဒါကဒီလိုပါ။ ဟာသကို ပေးမယ်ဆိုရင်ဟာသပိုင်းကို စိစစ်ပြီးတော့ ဟာသအပေါ်မှာ နိုင်နိုင်နင်းနင်းနဲ့ ခြုံမိငုံမိအောင်
အလုပ်လုပ်နိုင်မယ့်ဟာသပညာရှင်မျိုးတွေကိုဇာတ်လမ်းအပေါ်မှာမူတည်ပြီးတော့ လမ်းကြောင်းရှိခဲ့ရင်ပေးလို့ရလိမ့်မယ်လို့ ထင်ပါတယ်။ဒါပေမဲ့ ဟာသပညာကိုတော့ သူတို့က အကယ်ဒမီထဲသိပ်ထည့်မစဉ်းစားဘူးလေ။ အခုဟာကတကယ့်သဘာဝ တွေကိုပဲပေးတယ်။

အဲဒီတော့ သဘာဝအတိုင်းပဲရနေကြတာပေါ့။တစ်နှစ်တစ်ခါ
ဟာသပညာရှင်ကိုပေးဖို့ကျပြန်တော့လည်း ရမှာမဟုတ်ဘူးလေ။ ဟာသ ပညာရှင်တွေကိုပေးနိုင်လောက်တဲ့ နေရာ၊ဇာတ်ကားထဲမှာပါရင် တော့ရကြမှာပါ။ အခုဟာက ပေး လောက်တဲ့ဇာတ်ကားမျိုးမပါနေ တော့ တစ်နှစ်တစ်ယောက်ကို ပုံသေပေးဖို့ကလည်း မဖြစ်နိုင်ပါဘူး " လို့ အကယ်ဒမီဦးမိုးဒီက ပြောပါတယ်။

အခုနောက်ပိုင်း ဟာသဇာတ်ကားတွေ ထွက်တာများလာတာနဲ့အမျှ ပရိသတ်ကလည်း ကြည့်ရတာများလာတော့ ပေါလွန်းတယ်လို့ ပြောဆိုတာတွေရှိ လာနေတယ်။

အဲဒီအပေါ်ကို ဦးမိုးဒီဘယ်လိုမြင်ပါသလဲလို့ ဆက်မေးတော့ " ဟာသပညာဆိုတာက အဋ္ဌာရသ (၁၈)ရပ်ထဲမှာ ဟာသပညာရပ်ပါတယ်။ အဲဒီဟာသတွေက ဒီလိုဟာသမျိုး တွေပဲလားလို့မေးရင်အဲဒီလို ပြောလို့မရနိုင်ဘူး။ အင်မတန် ခက်ခဲတဲ့၊နက်နဲတဲ့ပညာရပ်ပါ။ ပြောရမယ်ဆိုဟိုခေတ်တုန်း ကတော့ အမတ်ကြီးဦးပေါ်ဦးက
ရှင်ဘုရင်လွဲမှားနေတာလေးကို ဟာသပါပါလေးနဲ့ တည့်မတ်ပေးတယ်။ အမျက်ရှနေတာကို ပြေအောင်လုပ်တာတွေ ရှိခဲ့ပါတယ်။ ဟာသပညာဆိုတာ သရော်လုံး၊ ကလော်လုံး စတာတွေရှိတယ်။ ပြီးတော့ဟာသဆိုတာကိုစတဲ့ အခြေခံကိုက ကိုးရိုးကားရားဖြစ်တာ။ စကားလုံးကိုးရိုးကားရား ဖြစ်မယ်။ ရယ်စရာတွေပေါ့။ အဲဒီမှာလိုင်းအမျိုးမျိုးရှိတယ်။

အခုနောက်ပိုင်းအောက်လုံး (ညစ်ညမ်းအောက်ပိုင်း ပြက်လုံး)တွေပါရှိလာတယ်။ အများကြီးထဲမှာ အနည်းပါရင်လည်း ပါမှာပေါ့။ ဒါပေမဲ့ သိပ်မရိုင်းအောင် တော့ထိန်းသိမ်းရမှာပေါ့။ ပြက်လုံးမှာမြေစမ်းခရမ်းပျိုးတာရှိတယ်။ ပြက်လုံးအကြမ်းကြိုက်တဲ့ နေရာရှိတယ်။ မပြက်ရတာရှိတယ်။ တွဲလုံးလေးတွေပေါ့။ အဲဒီ တော့
ပရိသတ်ဘာကြိုက်လဲဆိုတာကို အရင်သိအောင်လုပ်ရမယ်။ အဋ္ဌာရသ (၁၈)ရပ်ထဲမှာပါတာပဲဆိုပြီးတော့ဘဝင်မြင့်နေလို့ မရဘူး။ အဲဒီတော့ဟာသပညာရဲ့ နက်နဲမှုကိုအသုံးချတတ်ဖို့တွေ ဝေမှုမရှိဘဲနဲ့တန့်မနေပါနဲ့။ ဆက်လက်တိုးတက်အောင်၊ မြင့်မားကြံဆပြီးပြက်လုံးတွေလည်း သွားဖို့လိုအပ်ပါတယ်" လို့
အကယ်ဒမီ ဦးမိုး ဒီကရှင်းပြပါတယ်။

ဟာသရုပ်ရှင်ဇာတ်ကားတွေ တစ်နှစ်တစ်နှစ်ကို ဆန်ခါတင် အကယ်ဒမီစာရင်းဝင်တဲ့အထဲမှာ ပါဝင်နေပေမယ့်လည်း အကယ်ဒမီစိစစ်အကဲဖြတ်ရေးအဖွဲ့ ဝင်တွေထဲမှာ
ဟာသ ပညာရှင်တွေပါဝင်ခြင်းမရှိတဲ့ အပေါ်ကို ဘယ်လိုမြင်လဲလို့ အကယ်ဒမီ ဦးမိုးဒီကို ဆက်မေးတော့ " ကျွန် တော်ထင်တယ် ဟာသကို အကယ်ဒမီပေးဖို့
ရည်ရွယ်ချက်ကို မရှိပါဘူး။ အဲဒါကြောင့်မို့လို့ ဟာသဇာတ်ကားကို အကယ်ဒမီပေးတယ်ဆိုတာလည်း သဘာဝကိုပဲ ရွေးပေးတာလေ။ ဇာတ်ကားကတော့ ဟာသဇာတ်ကားပဲ။

ဒါပေမဲ့သဘာဝကို ရွေးပေးတာ။ ဟာသကို ရယ်ရလို့ ပေးတာမဟုတ်ဘူး။ အဲဒီလိုပဲ မြင်တွေ့နေရတယ်။ ဟာသဇာတ်ကားတွေကို အကယ်ဒမီမပေးဘူးဆိုတာလည်း မှန်ပါတယ်။ ဟာသကို ရယ်ရလွန်းလို့ အကယ်ဒမီပေးတယ်လို့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှမတွေ့ဖူးသေးဘူး။ ဒါကြောင့် လည်း အကယ်ဒမီအကဲဖြတ်အဖွဲ့ထဲမှာ
ဟာသပညာရှင်ကို မထည့်ထားတာလေ" လို့ ပြောပြပါတယ်။

ထက်လူလူ

Popular Journal


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35

No comments:

Post a Comment