မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သော သိုင်း ဗန်တို ဗန်ရှည်သည် ယေဘူယျအားဖြင့်ခြုံငုံခေါ်ဝေ
သိုင်းဗန်ဒို ပညာသည် ထူးခြားသော ရိုးရာပညာရပ်တစ်ခုဖြစ်ပါသည်
လက်ချည်းသက်သက် ကို ဗန်တို ဟု ခေါ်ဆိုပြီး လက်နက်တစ်ခုခု ကိုင်ဆောင်ပါက ဗန်ရှည်ပညာ ဟုခေါ်ဆိုပါသည်။
ဗန်တိုပညာသည် ရန်သူက မိမိအား လက် ခြေ သက်သက်ဖြစ်စေ လက်နက်တစ်ခုခု ကိုင်ဆွဲ၍ ဖြစ်စေ တိုက်ခိုက်လာသည် ကို
ခုခံကာကွယ်ရင်း လက်နက်လုယူသည်ဖြစ်စေ အပြတ်တိုက်ခိုက်သည်ဖြစ်စေ အသုံးချသော ပညာဖြစ်ပြီး ဗန်ရှည်ပညာကမူ
မိမိတွင်ရှိသောလက်နက်ဖြစ်စေ
ဗန်တိုနည်းဖြင့် လုယူထားသောလက်နက်နှင့်ဖြစ်ေ
ဗန်တိုပညာစဉ်များတွင် ကိုင်ပေါက်နည်း
အဆစ်ဖြုတ်နည်း အဆစ်ချိုးနည်း ချုပ်ကိုင်ဖမ်းဆီးနည်း အချုပ်ဖြေနည်း လက်နက်လုယူနည်း စသည့်ဖြင့်နည်းပေါင်းများစွ
သတ်ကိုးသတ် မောင်းကိုးမောင်း ကိုသုံးလျက် တိုက်ခိုက်ခြင်းဖြစ်သည်။
သတ်ကိုးသတ် ဆိုသည်မှာ ရန်သူကို တိုက်ခိုက်ရသော အမာပိုင်း အစိတ်အပိုင်း ဖြစ်ပြီး
မောင်းကိုးမောင်း မှာ ခုခံရှောင်တိမ်းရသော အပျော့ပိုင်း အစိတ်အပိုင်း ဖြစ်သည်။
လူတိုင်းတွင် သဘာဝမှပေးသော သတ်ကိုးသတ် မောင်းကိုးမောင်း ရှိပါသည်။ အသုံးပြု တတ်မှု မပြုတတ်မှုသာကွာ၏
သိုင်း ဗန်တိုဗန်ရှည် ပညာများသည် ရှေးယခင်က စစ်ပွဲကြီးများတွင် အသုံးချခဲ့သော တိုက်ပွဲဝင်ပညာရပ်ဖြစ်ပါသည်
အနော်ရထာ ဘုရင့်နောင် အလောင်းမင်းတရား တို့ခေတ်မှ ဟံသာဝတီ အင်းဝ စစ်ပွဲကြီး များတွင် သူရဲကောင်းများ စစ်သည်များအသုံးပြုခဲ့သော ပညာများ ဖြစ်ပါသည်။
သိုင်းပညာဖြင့် တရုတ်တို့ကျုးကျော်မှုများကိ
မြေပုံပင်ပျောက်လုခမန်းဖြစ်
ပြည်တွင်း စစ် အင်အားပြိုင်ခြင်းဖြစ်သော အင်းဝ ဟံသာဝတီ တိုက်ပွဲများသည်လည်း
သူရဲကောင်းများ ပေါ်ထွက်စေခဲ့သလို သိုင်းပညာ အရလည်း တိုးတက်မှုများရှိခဲ့သည်။
ပွဲတွေ့  တိုက်ပွဲဝင်ပညာ ဖြစ်သည့်အလျောက် ရန်သူအား နာစေ ကွဲစေ ပဲ့စေ
ကျိုးစေ ကန်းစေ သေစေ အထိ တိုက်ခိုက်
နိုင်သောပညာဖြစ်သည်။
လက်နက်မဲ့သိုင်းပညာ ရှိသလို တုတ် ဓား
လှံ လေး ကြိုး ချွန်းသီး စသည့် ဗန်ရှည်နည်းများလဲရှိပါသည်။
သိုင်းပညာတွင် အနာမခံနိုင်သူ ပျော့ညံ့သူ လေ့ကျင့်မှု မရှိသူတို့အတွက် နေရာမရှိပါ
ငွေကြေးသက်သက်ဖြင့်လည်း ဝယ်ယူမရနိုင်ပါ။ ထိုက်တန်သော ဝါသနာ အချိန်
ဇွဲ လုံ့လ လေ့ကျင်မှု ရှိမှသာ ရရှိနိုင်ပါသည်။
စနစ်တကျ လေ့ကျင့်ထားသော လက်သီးတစ်ချက်သည် ပရမ်းပတာ လက်သီး အချက်တစ်ရာထက် ပိုတန်ဖိုးရှိပေသည်။
(ဆရာကြီးဦးစိုးမြင့်ထံမှမှ
ဗန်ဒိုဆောင်ပုဒ်
ခြေကျဲ၊လက်မြဲ၊ဓားရဲ
အကွက်မြင်၊လက်လျင်၊မျက်စိရှ
သင်ဆရာ မြင်ဆရာ ကြားဆရာများကိုဦးထိပ်ထားလျက်
MFMAM
No comments:
Post a Comment