Pages

မိုးမျှော်အဆောက်အအုံတစ်လုံး ဂျာမနီ၌ ဖောက်ခွဲဖြိုချ



ဖရန့်ဖတ်၊ ဖေဖော်ဝါရီ-၃

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တော်၌ အမြင့် ၁၁၆ မီတာ(ပေ၃၈၀) ရှိမိုးမျှော်အဆောက်အအုံတစ်လုံးကို ဖေဖော်ဝါရီ ၂ ရက်ကဖောက်ခွဲဖြိုချခဲ့ရာ ဥရောပတိုက်၏ အကြီးကျယ်ဆုံး
အဆောက်အအုံဖြိုချမှု တစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဖရန့်ဖတ်တက္ကသိုလ်မျှော်စင်အားဖြိုချရေးအတွက် ဖောက်ခွဲရေးပစ္စည်း ၉၅၀ ကီလိုဂရမ် (၂၀၉၅ ပေါင်) အသုံးပြုခဲ့ရပြီးအဆောက်အအုံကြီးတအိအိ ပြိုဆင်းလာမှုကို လူပေါင်း၃၀၀၀၀ ကျော်တို့ မျက်မြင်ကိုယ်တွေ့ကြည့်ရှုနိုင်ခဲ့ကြောင်းဖရန့်ဖတ်မြို့တော်
ရဲတပ်ဖွဲ့ကပြောကြားသည်။

ဖရန့်ဖတ်တက္ကသိုလ်မျှော်စင် အဆောက်အအုံကို မူလကတဖြည်းဖြည်းသာ ဖျက်ချရန် အာဏာပိုင်များက စီစဉ်ခဲ့သော်လည်းကာလကြာမြင့်နိုင်ခြင်း၊ အဆောက်အအုံဖျက်သိမ်းရေးလုပ်ငန်းမှ
ထွက်ပေါ်လာမည့် အသံဗလံပေါင်းစုံတို့ကြောင့်နယ်ခံပြည်သူများစိတ်အနှောင့်အယှက်ဖြစ်နိုင်ခြင်းတို့ကြောင့်ဖောက်ခွဲဖြိုချရန်ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။

ယင်းအဆောက်အအုံကို မဖြိုချမီအဆောက်အအုံမှ မီတာ ၂၅၀ အကွာအ၀န်းအ၀ိုင်းကို အန္တရာယ်နယ်မြေအဖြစ်သတ်မှတ်ပေးခဲ့ပြီးအဆောက်အအုံအနီးရှိ လမ်းများကိုလည်း ပိတ်ထားခဲ့ရကြောင်း
ဖရန့်ဖတ်မြို့တော်ရဲတပ်ဖွဲ့က ပြောကြားသည်။

ဖရန့်ဖတ်တက္ကသိုလ်မျှော်စင် အဆောက်အအုံနေရာတွင် မိုးမျှော်အဆောက်အအုံနှစ်လုံး အသစ်တည်ဆောက်ရန် ဖရန့်ဖတ်မြို့တော်အာဏာပိုင်များက စီစဉ်ထားကြောင်း သတင်းမီဒီယာများ၌
ဖော်ပြထားသည်။


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101865

No comments:

Post a Comment