Pages

တကယ့်စစ်မြေပြင်များကဲ့သို့ခံစားလေ့ကျင့်နိုင်တော့မည့်အမေရိကန်စစ်သည်များ



ရန်သူ၏ လက်အောက်သို့ရောက်ရှိနေသော ဓါးစာခံများကို ကယ်တင်ခြင်း၊ အနုကြမ်းစီးမှုများကို ကယ်တယ်ခြင်း၊ မီးလောင်နေသည့်အဆောက်အဦများထဲရှိ ဒုက္ခသည်များကို ကယ်တင်ခြင်းအစရှိသည့် လုပ်ငန်းဆောင်တာများသည် လက်တွေ့မလုပ်ဆောင်မီ အချိန်ကိုက်နေရာကိုက် လှုပ်ရှားနိုင်ရန် အရေးကြီးသည့် အမှားမခံနိုင်သော လုပ်ရပ်များဖြစ်ပါသည်။ ထိုသို့သော ဖြစ်စဉ်များကို ပွဲမ၀င်ခင် အပြင်က ကျင်းပဆိုသည့်အတိုင်း လေ့ကျင့်နိုင်ရန်အတွက် Vipe Holodeck ဟုအမည်ပေးထားသော ဧရာမမြင်ကွင်းကျယ်ပုံရိပ် ဖော်ပြခြင်းစနစ်သည် စစ်သားများ၊ ရဲများနှင့် မီးသတ်သမားများအား ပတ်ဝန်းကျင် အခြေအနေ နှင့်ကိုက်ညီစွာ ကြိုတင်လေ့ကျင့်နိုင်ရန် အတွက် အကူအညီပေးနိုင်တော့မည်ဖြစ်သည်။

Vipe Holodeck စနစ်အား Northrop Grumman မှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး စစ်သည်များအနေဖြင့် မြင်ကွင်းကျယ်ဖန်သားပြင်စနစ်ကို အသုံးပြုကာ တကယ့်စစ်မြေပြင် ရောက်နေသကဲ့သို့ ခံစား လေ့ကျင့်စေနိုင် မည်ဖြစ်သည်။ ယခုစနစ်တွင် 3D ဖန်သားပြင်စနစ်အား အသုံးပြုထားကာ အခြားသော နေရာဒေသ တွင်ရှိနေသော Vipe Holodeck စစ်သည်များနှင့်လည်း ချိတ်ဆက်ကာ လေ့ကျင့်နိုင်မည်ဟု ဆိုသည်။
စစ်သည်များအနေဖြင့် Holodeck တွင် စစ်ဆင်ရေးအတွက် လေ့ကျင့်ခန်းများကို အခြားသော Holdecks စစ်သည်များ၏ အကူအညီဖြင့်လည်း လေ့ကျင့်နိုင်ပါသည်။ Northrop Grumman သည် ပုံရိပ်တုလေ့ကျင့်ရေးစနစ်များစွာကို အဆင့်မြင့်စွာလေ့ကျင့်နိုင်ရန် လုပ်ဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

Holodeck သည် မည်သည့်ပတ်ဝန်းကျင်၊သို့မဟုတ် တည်နေရာမျိုးကိုမဆို အမှားအယွင်းမရှိ အရည်အသွေးမြင့်စွာဖြင့် ပုံရိပ်ဖော်ပြခြင်းကို စွမ်းဆောင်နိုင်ပါသည်။ စစ်သည်များအနေဖြင့် ကမ္ဘာ၏မည်သည့် နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ယခုစနစ်ကိုအသုံးပြု၍ ၄င်းနေရာသို့ မသွားရောက်မီ ယခုအခါ ကြိုတင်လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

Ref:http://www.dailymail.co.uk/sciencetech/article-2548242/US-Army-reveals-portable-holodeck-train-soldiers-battlefield.html#ixzz2rraUn25L


https://www.facebook.com/photo.php?fbid=540070422757460&set=a.351047714993066.

No comments:

Post a Comment