Pages

နိုင်ငံဝန်ထမ်း လုပ်ကြည့်မလား


              

အခက်အခဲများကြားက ပြည်သူ့ဝန်ထမ်း မီးအိမ်ရှင်လေးများ

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ ။ နေရာက တောင်ငူဆေးရုံ။ ကျတော်အလုပ်ကိစ္စနဲ့ အဲဒီနေရာကိုရောက်နေခဲ့တယ်။ကိုယ်တွေ့ ရမယ့်လူနဲ့ မတွေ့ သေးခင် ပျင်းပျင်းရှိတာနဲ့ ဆေးရုံထဲလျှောက်ကြည့်နေမိတယ်။ လူနာဆောင်တွေဘက်ရောက်တော့ သုံးသပ်မိတာလေးက ဆေးရုံတက်နေတဲ့လူတော်တော်များများကသိပ် တတ်နိုင်ကြပုံမပေါ်ဘူး။
တောင်ငူပတ်ဝန်းကျင်ရွာကများမယ်ထင်တယ်။ ချို့ ချို့ တဲ့တဲ့ပုံစံတွေတွေ့ ရတယ်။ င်္ဒီလိုနဲ့ ပြင်ပ
လူနာဆောင်ဘက်ရောက်တော့ ဒေါက်တာလာပြီလို့ အသံကြားတယ်။ လှည့်ကြည့်မိတော့ ဆရာဝန်ခပ်ငယ်ငယ်လေးပါပဲ။ ကျတော့ညီအရွယ်လောက်ပေါ့။ ကျတော်လဲသူ့ တွေ
့တော့ ကျတော်တွေ့ ချင်တဲ့လူဘယ်အချိန်လောက်လာမလဲ ဘာညာသွားမေးပြီး ရပ်စကားပြောနေမိတယ်။ ခဏနေတော့ အဒေါ်င်္ကြိးတစ်ယောက်လာတယ် ။ သူတို့ နှစ်ယောက်စကားပြောနေတော့
ကျတော်ဘေးခဏထွက်ပြီးကြည့်နေမိတယ်။

"သြော် ..အဒေါ်ရောက်ပြီလား"

"ဟုတ်တယ်ဆရာလေး စောင့်နေတာတောင်ကြာပြီ"

သူတို့ စကားဆက်ပြောနေတယ်။ ကျတော်ကလဲ ကိုယ့်အတွေးနဲ့ ကိုပေါ့။ အဲမှာနားစွန်နားဖျားကြားမိတယ်။

"အဒေါ်ဆေးရုံမတက်ချင်ရင် ဆေးတော့ထိုးရမယ် နှစ်ရက်ခြားဖြစ်ဖြစ် ၃ရက်ခြားဖြစ်ဖြစ်ပေါ့ ။ တတ်နိုင်ရင်တော့ တစ်နေ့ တစ်ခါထိုးတာပိုကောင်းတယ်။ "

"ဆရာလေးရယ်..ထိုးဆိုတော့လဲထိုးတာပေါ့။ ဆေးဘိုးမတတ်နိုင်ရင်တော့ ဒေါ်ကြိး မထိုးတော့ပါဘူး။ ဦးရီးကလဲ အခု ဆေးရုံတက်ရမယ်ထင်ပြီး ပိုက်ဆံသွားရှာနေတာ။ အဒေါ့်မှာကလဲ ပိုက်ဆံကိုမပါတာ ဆရာလေးရဲ့ ။"

ဆရာဝန်လေး မျက်နှာညှိုးသွားတာ ကျတော်သတိထားမိလိုက်တယ်။

"ဆေးတစ်လုံးကို နှစ်သောင်းလောက်တော့ရှိတယ် အဒေါ်ရဲ့ ။ဆေးရုံမှာလဲမရှိဘူး။ အပြင်က၀ယ်ရမှာ။"

"အဲလောက်များရင်တော့ မထိုးတော့ပါဘူးဆရာရယ်။ ဦးရီးလဲပြန်လာရင် ပိုက်ဆံကအဲလောက်တောင်
ပါလာမှာမဟုတ်ဘူး။"

"အဲလိုတော့မလုပ်နဲ့ အဒေါ် ရယ်။ ကျတော်စိုက်ပေးလိုက်မယ်။ အဒေါ်အပြင်မှာသွားဝယ်လိုက်။"

ပြောပြောဆိုဆိုနဲ့ အိပ်ကပ်ထဲက နေ ၅ ထောင်တန် ၄ရွက်ထုတ်ပေးတယ်။

"ကျေးဇူးပါပဲဆရာလေးရယ်။ "

"ရပါတယ်အဒေါ်ရဲ့ ။ အခုဆေးသွားဝယ်လိုက် ကျတော်ရေးပေးမယ်။ ပြီးရင် ၃နာရီလောက် ဒီကိုပဲပြန်လာခဲ့လိုက် ကျတော်ရှိတယ်။ "

"ဟုတ်ကဲ့ ဟုတ်ကဲ့ ။"

ဒီလိုနဲ့ အဒေါ်ကြီး လှည့်ပြန်သွားတယ်။ ကျတော်ဘေးကနေကြည့်ပြီး ဆို့ တက်လာတယ်။ ပြီးတော့ဒေါက်တာလေးကိုလဲ လေးစားတယ်။

"ညီလေး မင်းတို့ ဘ၀လဲမလွယ်ပါလားကွာ။"

"ပိုဆိုးတယ်အစ်ကိုရ ။ တစ်ချို့ ဆို ဘာမှကိုမရှိတာ။ ဒီလိုပဲဖြစ်အောင်လုပ်ပေးကုပေးရတာ။ ကျတော်လဲပိုက်ဆံမရှိဘူးအစ်ကိုရ ရှိရင် အရမ်းလုပ်ပေးချင်တာ။ ခုနကနှစ်သောင်းဆို လက်ကျန်ပဲ။"

"ဟ..မင်းဟာကလဲ လတောင်မစသေးဘူး။ "

"အိမ်လဲပြန်ပေးရတယ်အစ်ကိုရ။ အမေက ကျောက်တံခါးမှာနေတာ။ သိပ်အဆင်မပြေဘူး ။ ရတာနဲ့ ထောက်ပံ့ပြီး။ ဖြစ်သလိုနေတာပဲ။ "

ကျတော်ဒီညီလေးကိုလေးစားသွားတယ်။ သူ့ စိတ်ဓါတ် သူ့ လုပ်ရပ်ဟာ လတ်တစ်လောမှာတော့ မရှိမဲ့ရှိမဲ့ ပိုက်ဆံနှစ်သောင်း ပါသွားပေမယ့် သံသရာမှာတော့ ကမ္မည်းတင်နိုင်ခဲ့မှာပါ။

ဒီလိုမျိုးဆရာဝန်လေးတွေ မြန်မာပြည်အနှံ့ပြားမှာ အများကြီးရှိပါတယ်။ ကိုယ့်စားရိတ်နဲ့ ကိုယ် နယ်လှည့်ဆေးကု ။ ဆေးလှုလုပ်ပီး တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ အများကြီးပါ။
သူတို့ အတွက် လူနာတစ်ခါကြည့် တစ်သောင်းဆိုတဲ့စကားက ရီစရာဖြစ်နေပါလိမ့်မယ်။

ဒီင်္လိုပဲ လူသူအရောက်အပေါက်နည်းတဲ့ ကျေးလက်တွေ ရွာတွေမှာ ဗွက်အိုင်ရွှံ့ အိုင်တွေထဲကနေ သွားရတဲ့ စာသင်ကျောင်းလေးတွေက ဆရာ/ဆရာမလေးတွေဆိုတာထုနဲ့ ဒေးပါ။ သူတို့ အတွက် ၀ိုင်းကျူရှင် တစ်ဝိုင်း ၅သောင်းဆိုတာ ဟာသတစ်ပုဒ်ပါပဲ။

တစ်ချို့ တစ်ချို့ တွေက ဆရာဝန်ဆိုတာနဲ့  ပါရာဒိုပေါ်က ဆင်းလာပြီး လူနာတစ်ယောက်ကြည့် တစ်သောင်း
ဆိုတဲ့ ဆရာဝန်ကိုပဲမြင်ကြတယ်။ ဆရာမဆိုတာနဲ့ တစ်ဝိုင်းတစ်သိန်းသင်တဲ့ လည်ပင်းက ဆွဲကြိုးကြီးတွေနဲ့ ဆရာမတွေကိုပဲပြောကြတယ်။ နေရာတိုင်းမှာ နေရှိရင် လရှိပါတယ်။ မိုးချုပ်ပြီးရင် မိုးလင်းပါတယ်။ အဆိုးရှိရင် အကောင်းရှိပါတယ်။ နိုင်ငံဝန်ထမ်း ဆိုတာနဲ့  မကျေနပ်ချက်တွေနဲ့  နိုင်ငံရော ၀န်ထမ်းကိုပါ အပုပ်ချ မကောင်းပြောနေမယ်ဆိုရင်တော့ ဒီလူရဲ့ ဦးနှောက်ဟာ သာမာန်မဟုတ်ဘူးလို့ ယူဆလို့ ရပါတယ်။ နိုင်ငံဝန်ထမ်းတစ်ချို့ ဟာ ရတဲ့လစာမလောက်
မငှနဲ့ ပြည်သူလူထုကို တတ်နိုင်တဲ့နေရာက ပေးဆပ်နေတယ်ဆိုတာ သိစေချင်ပါတယ်။

ဒီလိုမှမဟုတ်ပဲ ပြည်သူ့ ဆန် စားတာပဲ လုပ်ကြပေါ့လို့ ပြောတဲ့လူရှိရင်တော့ ပြောချင်ပါတယ် ခင်ဗျားတို့ နိုင်ငံဝန်ထမ်းလုပ်ကြည့်လိုက်ပါ။

ထူးဝေ
 

No comments:

Post a Comment