Pages
▼
Taxi မောင်းသူတစ်ဦးထံမှရတဲ့အသိပညာတစ်ခု
တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာအသက် ၃၀
ဝန်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။
နေကာမျက်မှန်လေးတပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။
ဆီထည့်ပြီးတော့ ပေးတဲ့ဘောင်ချာကို ဗလာစာအုပ်တစ်အုပ်မှာတွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာအစုံပါလာသဗျာ.. ဒါနဲ့စကားတွေစမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင်
အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ်တွေ့လိုက်ရပါတယ်။
စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင်
ဘာတွေမှန်းတောင်မသိမှာပါ။
အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ +
လေးတွေနဲ့မာတိကာထုတ်ထားပါတယ်။ တစ်နေ့ခြင်းစာရင်းသွားပါတယ်။
ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။
ဆီထည့်ဆိုရင်လည်း +++++ ငါးလုံးပေးထားပါတယ်။ လက်ဖက်ရည်သောက်၊
ကွမ်းစားတွေကိုတော့ ---- အနုတ်လေးလုံးပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + - တွေနဲ့မှတ်တမ်းရေးပါတယ်တဲ့။
ဗဟုသုတရစရာကတော့ မဖြစ်မနေကိစ္စအသုံးတွေကို + ပြပါတယ်။
အပိုသုံးအဖြုန်းတွေကို - ပြပါတယ်။ ညအိမ်ပြန်ရင် တစ်ရက်စာစာရင်းချုပ်လို့
အပေါင်းကတော့ ပုံမှန်ရှိနေတတ်ပြီး -- တွေများလာရင် နောက်နေ့ အစားချေစနစ်နဲ့
အနုတ်တွေကိုညီအောင် မသုံးပဲနေပါတယ်တဲ့။ အတန်းကတော့ ၇
တန်းပဲသင်ဖူးပါတယ်တဲ့ဗျာ။ စာ၇င်းထားတာနဲ့ တွက်တာ Account
သမားတွေဆလံသရပါလိမ့်မယ်။ တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့တွက်ထားသဗျာ
၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ - အ၀တ်ပွန်းခ ၅၀၀ - အသက်ရှင်ကြေး ၁၀၀၀ - အချိန်ကုန်ခ
၅၀၀၀ ဒီသုံးခုကို သီးသန့်ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀
မရမနေပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ - တွေကိုအစားချေပါတယ်တဲ့ သန်းထိုက်
လိုလူတောင် ထိုင်ကန်တော့ချင်စိတ်ပေါက်မိသွားပါတယ်။ ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လတစ်ကြိမ်အ၀တ်ပြန်ဝယ်ပါတယ်။
အဟောင်းကိုအပေါင်ဆိုင်ပို့ပြီးမရွေးပဲထားလိုက်ပါတယ်တဲ့။
ရောင်းရင် ပေါင်သ လောက်မလွယ်သလို တန်ဖိုးလည်းမရလို့ပါတဲ့။ သူ့မှာအ၀တ်အား ၅
စုံထက်ပိုမထားပါတဲ့။ အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီးတစ်လတစ်ခါ
မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့်အသက်ရှင်နေရလို့ပါတဲ့ဗျာ..
အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့်အချိန်အတွက် ပြန်စုနေပါတယ်တဲ့
အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။ ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ
ဒါဆိုမင်းတွက်တဲ့အထဲပါ Owner ကြေးမတွေ့ပါလားလို့မေးတော့
နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့..
အများကြီးပြောချင်ပါသေး၊ စာတစ်အုပ်ရေးလို့ရတယ်ဗျာ အမှတ်တရ
-သန်းထိုက်(ရွှေရိပ်)
https://www.facebook.com/photo.php?fbid=530096160421553&set=a.351047714993066.7
No comments:
Post a Comment