Pages
▼
အသားအရေ ကြည်လင်တောက်ပစေမည့် အံ့ဖွယ်နည်းများ
အသားအရေ ကြည်လင်တောက်ပမှုကို လူတိုင်း လိုလားကြပါတယ်။
၁။ ပဲနို့သောက်ပါ
ပဲနို့တစ်ခွက်မှာ အိုက်ဆိုဖလေဗုန်း ၁၆၀ မီလီဂရမ် ပါဝင်ပါတယ်။ ပဲနို့လို ပဲပိစပ်နဲ့ လုပ်ထားတဲ့ အစားအသောက်ကို စားပေးတာကြောင့် (အရေပြားရဲ့ တွယ်ဆက်တစ်သျှူးတွေကို တည်ဆောက်ပေးနိုင်တဲ့) ကော်လာဂျင် ဖြစ်ပေါ်မှုအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။ ဒီနည်းနဲ့ အသားအရေကို တင်းရင်းလှပစေတာပါ။ ပဲပိစပ်ကရတဲ့ အိုက်ဆိုဖလေ ဗုန်းဟာ အရေပြားကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်သလို ဆဲလ်အမြှေးပါးတွေကို အားနည်းထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖရီးရယ်ဒီကယ်ဟာ အရေပြားရဲ့ DNA ကို ထိခိုက်စေနိုင်ပြီး သက်ကြီး အစက်အပြောက်ပေါ်တာ၊ အရေးကြောင်းထင်တာတို့ ဖြစ်စေတဲ့အပြင် ကိုယ်ခံစွမ်းအားစနစ်ကို ဖိနှိပ်ကာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ အိုက်ဆိုဖလေဗုန်း ပါဝင်မှုများတဲ့ ပဲပိစပ် ထုတ်ကုန်တွေက ပဲနို့နဲ့ တိုဟူးတို့ ဖြစ်ကြပါတယ်။
၂။ သံလွင်ဆီ၊ သီဟိုဠ်စေ့တို့ ထည့်ချက်ထားသော ဆယ်လ်မွန်ငါးစားပါ
ဆယ်လ်မွန်ငါးကို သံလွင်ဆီနဲ့ ရောကင်ပြီး အပေါ်က သီဟိုဠ်စေ့ဖြူးကာ စားပေးရင် အရေပြားအကျိုးပြု မပြည့်ဝဆီ၊ အထူးသဖြင့် အိုမီဂါ 3 ဖက်တီးအက်စစ် ပါဝင်တာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ ဒါ့အပြင် အရေပြားကို နေလောင်ဒဏ်နဲ့ အိုမင်းမှုတို့ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဆယ်လ်မွန်ငါးကို တစ်ပတ် နှစ်ကြိမ်နဲ့ အထက်စားပါ။
၃။ ကြက်သွန်ဖြူကို နေ့စဉ်ချက်စားပါ
ဒင်းနစ်ရှ် လေ့လာမှုအရ ကြက်သွန်ဖြူပါတဲ့ ဟင်းလျာတွေထဲမှာ မွေးမြူစေတဲ့ အရေပြားဆဲလ်တွေဟာ တခြားဟင်းလျာတွေထဲက ဆဲလ်တွေထက် ဆဲလ်ကြီးထွားမှု သက်တမ်းခုနစ်ဆ ပိုများတယ်လို့ သိရပါတယ်။ ဒီဆဲလ်တွေက တခြားဆဲလ်တွေထက် ပိုကျန်းမာစေပြီး ပိုမိုနုပျိုတာကိုလည်း တွေ့ရပါတယ်။ ကြက်သွန်ဖြူဟာ အရေပြားဆဲလ်တွေမှာ ကင်ဆာကျိတ် ကြီးထွားမှု မဖြစ်အောင်လည်း သိသိသာသာ ကာကွယ်ပေးနိုင်ပါတယ်။
၎။ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ
လက်ဖက်စိမ်း လက်ဖက်ရည်ကို ရေခဲသေတ္တာထဲ ထည့်ထားပြီး ရေဆာတိုင်းသောက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ အင်ဆီအောက်ဆီးဒင့် ပါဝင်မှု များတာကြောင့် နေဒဏ်နဲ့ စီးကရက် မီးခိုးတွေကြောင့် ဖြစ်လာတဲ့ အရေပြားထိခိုက်မှုကို တွန်းလှန်ပေးနိုင်ပါတယ်။ အရီဇိုးနားလေ့လာမှု တစ်ရပ်အရ လက်ဖက်စိမ်း လက်ဖက်ရည်ကို များများသောက်လေလေ၊ အရေပြားကင်ဆာတစ်မျိုး Squamous Cell ကင်ဆာဖြစ်နိုင်ခြေ လျော့ကျမှုရှိလေလေ ဖြစ်တာကို တွေ့ရပါတယ်။ တကယ်လို့ အရက်သောက်တတ်သူဖြစ်ရင် ဝိုင်တစ်ဖန်ခွက် ဒါမှမဟုတ် အရက်တစ်ပက်ပဲ သောက်ပါ။ အရက်ကို အဲဒီထက် ပိုသောက်လိုက်ရင် မျက်နှာအရေပြားရှိ သွေးကြောတွေကို ကျယ်သွားစေနိုင်ပါတယ်။
၅။ စွမ်းအားမြင့်အားဆေးကို တစ်နေ့တစ်လုံး သောက်ပါ
ဗီတာမင် C၊ ဗီတာမင် A နဲ့ ဗီတာမင် B တို့လို အာဟာရဓာတ်မျိုးစုံဟာ အရေပြား ကျန်းမာရေးအတွက် မရှိမဖြစ် အာဟာရဓာတ်တွေပါ။ ဒီအာဟာရဓာတ်တွေ ရရှိစေဖို့ အကောင်းဆုံးနည်းက နေ့စဉ် အစား အသောက်ကို ကောင်းကောင်း စားပေးဖို့နဲ့ ဖြည့်စွက်ဆေးတစ်လုံးကို မှီဝဲပေးဖို့ပဲ ဖြစ်ပါတယ်။
https://www.facebook.com/photo.php?fbid=523654907732345&set=a.35104771499
No comments:
Post a Comment