Pages

အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုတို့ဖြင့် နေသွားရင် ငြိမ်းချမ်းမည်


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ငါပြောတာကတော့ သုံးခုပြောပါတယ်။
■ - တစ်ခုကတော့ Missionary နဲ့ Ministry ကို တွဲပြီးတော့
ဆောင်ရွက်တော်မူကြပါ။ Missionary ဆိုတာ သာသနာပြု။သာသနာပြုလုပ်ငန်းကိုလုပ်တဲ့နေရာမှာ လူမှုရေးလုပ်ငန်းနဲ့တွဲလုပ်ပါ။အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ခြင်းကိစ္စဟာ
အလိုလိုပါဝင်သွားပါလိမ့်မယ်

■- နောက်တစ်ခုကတော့ - မိဘမဲ့ကလေးများ၊ ကျောင်းမနေ
ရတဲ့ကလေးများ၊ဆင်းရဲနွမ်းပါတဲ့ကလေးများ၊ ခိုကိုးရာမဲ့တဲ့အဘိုးအဘွားများ၊ ဒုက္ခရောက်နေကြရှာတဲ့ အားကိုးရာမဲ့ပြီးတော့ ၀င်ငွေနည်း ဆင်းရဲနွမ်းပါးပညာမတတ်တဲ့မိန်းကလေးများ၊
အဲလိုဆင်းရဲနွမ်းပါးတဲ့ပုဂ္ဂိုလ်တွေ အဘိုးအဘွား၊ကလေးသူငယ်နဲ့ မိန်းကလေးတွေ စောင့်ရှောက်တဲ့လုပ်ငန်းကို အင်တိုက်အားတိုက် သံဃာအဖွဲ့ကြီးကဆောင်ရွက်ချင်းဟာလည်းပဲ အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးဖြစ်ပါတယ်။ အဲဒါလည်းပဲ
လုပ်ကြပါ။ အဲဒါပြောပါတယ်။

■- နောက်တစ်ခုကတော့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ ဒီမြေကြီး
ပေါ်မှာဗုဒ္ဓဘာသာတရားတော်ဟာ ရောက်လာတဲ့ နှစ်(၂၀၀၀)ကျော်ပြီ။ခရစ်တော်သည်ဗုဒ္ဓရဲ့နောက်မှာ နှစ်(၆၀၀)ကျော်ကြာမှ မွေးဖွားတာဖြစ်ချင်းကြောင့်၊ ခရစ်ယာန်ကအစောဆုံးရောက်ရင် ဗုဒ္ဓရဲ့နောက်မှာ
အစောဆုံးရောက်သည့်တိုင်အောင်တောင်မှ ဗုဒ္ဓနောက်၊ ဗုဒ္ဓဘာသာနောက်မှာ နှစ်(၆၀၀)နောက်ကျတယ်။အစ္စလာမ်ဘာသာက အဲဒါထက်
ပိုပြီးတော့ နောက်ထပ်နှစ်(၆၀၀)နောက်ကျတယ်။

အဲဒါကြောင့်မို့လို့ အားလုံးနားလည်ကြဖို့ကတော့ ငယ်သူငယ်သူတို့က၊
ကြီးသူကြီးသူတို့ကို ရိုရိုသေသေလေးလေးစားစားနဲ့ Mutual Understanding,Mutual Respect အဲလို အချင်းချင်း အပြန်အလှန် နားလည်ရင်းနှီးကြပြီးတော့လုံလုံခြုံခြုံ၊ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ နေထိုင်သွားကြဖို့။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့မြေကြီးပေါ်မှာ
ရောက်လာတဲ့ လူတွေဟာအာလုံးချစ်ချစ်ခင်ခင် ၊ညီညီညွတ်ညွတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း တစ်ယောက်နဲ့တစ်ယောက်ရိုသေလေးစားပြီးတော့ နေသွားကြဖို့ဆိုပြီးတော့ ငါကတော့ နိဂြောဓဇာတ်ကိုဟောတယ်။

- သီတဂူဆရာတော်ကြီး
[ RFA သတင်းဋ္ဌာနမှ မေးမြန်းလျှောက်ထားချက်အား ဆရာတော်
ဘုရားကြီး ပြန်လည်ဖြေကြားမှုကို ကောက်နှုတ်ဖော်ပြအပ်ပါသည် ]
- Admin Team of YBAM

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment