Pages
▼
အောင်မြင် မှုမှာ လျှို့ဝှက် ချက် ဆိုတာ မရှိပါဘူး အိန္ဒြာ ကျော်ဇင်
လူသန်း ပေါင်း ခြောက်ဆယ် ထဲမှာ အောင်မြင် ကျော်ကြားတဲ့ တစ်ယောက် ဖြစ်ဖို့ ဆိုတာက တကယ်ကို မလွယ်ကူ တဲ့ ကိစ္စ ရပ်ပါ။ အောင်မြင် ကျော်ကြား သူတွေမှာ ဘယ်လို ကိုယ်ရည် ကိုသွေးတွေ ပိုင်ဆိုင်ထား လဲ၊ သူ့တို့က ဘယ်လို အကြောင်း အရာတွေ ပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင် ထားလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ။
အူဝဲက အောင်မြင်မှု ဆိုတာကို ဒီလို အဓိပ္ပာယ် ဖွင့်ဆို ခဲ့တယ်
အောင်မြင်မှု ဆိုတာက ကိုယ် လုပ်တဲ့ အရာ တစ်ခုကို ကိုယ့်ရဲ့ ပရိ သတ်တွေ လက်ခံ တယ်။ အရာတစ် ခုဟာ မှေးမှိန်မ သွားဘဲ ကျန်နေခဲ့ ရင် ဒါဟာ အောင်မြင် တယ်လို့ ခေါ် ပါတယ်။
အောင်မြင်မှု ကို ရချင်လို့ တစ်ချို့တွေ ဖြတ်လမ်း နည်း သုံးတာနဲ့ ပတ်သက်ပြီး
အောင်မြင်မှု ကို ရချင်လို့ တချို့ တွေ ဖြတ်လမ်း နည်းတွေ သုံးတယ် ဆိုတာ မကောင်း တာကို လူတိုင်းသိ ပါတယ်။ အဓိကကတော့ ရိုးသားမှု နဲ့ ကြိုးစားခြင်းဟာ အကောင်းဆုံး ပါပဲ။
ဒီလို နေရာ ဒီလိုအ ခြေအနေ ထိရောက် အောင် ကြိုးစားခဲ့ ရတဲ့ အဓိက လျှို့ဝှက်ချက် တွေပါ
အူဝဲရဲ့ စိတ်ထဲမှာ အဓိကက ပရိသတ်ကို စေတနာ အပြည့်ထား ပါတယ်။ ငါဘာပဲ လုပ်လုပ် ပရိသတ် အတွက် ပေးဆပ်မယ်။ စေတနာနဲ့ လုပ်မယ်ဆို တာက အမြဲတမ်း ရင် ထဲမှာရှိ ပါတယ်။ တစ်ခုခု လေးလုပ် မယ်ဆို တာနဲ့ ဒီဟာလေး ကို လုပ် ရင် ပရိသတ်တွေ ဘာများ ပြောမလဲ၊ ဒီ လိုလေး ၀တ်လိုက်ရင် ပရိသတ် ကြိုက်ပါ့ မလား၊ ဒီဇာတ်ကိုရော ပရိ သတ်ကြိုက်ပါ့ မလား၊ ဒီလို ဝတ်လိုက် ရင် ပရိသတ်ဘာ ပြောမလဲ ဆိုပြီး အူ ဝဲရဲ့ စိတ်ထဲမှာ ပရိသတ်ကို အမြဲ တမ်းရှေ့ တန်း တင်ထား ခဲ့တယ်။ စိတ်ထဲမှာ ပရိသတ်က အမြဲတန်း ရှိတဲ့ အတွက် အဲဒါရဲ့ တန်ပြန် သက်ရောက်မှု ကြောင်လို့ ထင်ပါတယ်။
ရှုတင် မိတ်ကပ် လိမ်းရ တာနဲ့ ကက်သက်ပြီး
ရှုတင်မိတ် ကပ်လိမ်း ရတာကို ကြိုက်လား ဆိုတော့ ကိုယ်က ဒီအ လုပ်ကို လုပ်နေရ တဲ့သူ ဆိုတော့ ဒါ ကိုတော့ ဘယ်လို လုပ်ပြီး ငြင်းဆန် လို့ရမ လဲပေါ့။ ဒါပေမဲ့ ကိုယ်က ပေါ့ ပေါ့ပါးပါး နေရတာကို ပိုကြိုက် တယ်။
ရိုက်ကွင်း ပေါ်မှာ ဒိုင်ယာ လော့ခ်ရ ဖို့ဆိုတာ အရေးကြီး ဆုံးပါ
ရိုက်ကွင်း ပေါ်မှာ ဒိုင်ယာ လော့ခ်ကို ဒါရိုက်တာ ချပေးရင် အမြန်ဆုံး ရဖို့က အူဝဲတို့ အတွက် အမြဲတမ်းမ ရှိမဖြစ်လိုအပ် တယ်လေ။ မရလို့ ကိုမရ ဘူး။ ရအောင်ကို လုပ်မှ ကိုဖြစ်မှာ ပါ။ ကြာနေရင် ကျန်တဲ့ သူတွေ အတွက်လည်း အဆင်မ ပြေ ဘူးလေ။
အောင်မြင်မှု မှာ လျှို့ဝှက်ချက် မရှိ ပါဘူး
အောင်မြင်မှု မှာက လျှို့ဝှက် ချက်ဆို တာက မရှိ ပါဘူး။ အရာရာ တိုင်းမှာ ရိုးသားပြီး ကြိုးစား ခဲ့တာ ချည်းပါပဲ။ တကယ်အနုပညာလမ်း ကြောင်းပေါ်ကို ရောက်ချင်တဲ့ သူ၊ တကယ် အနုပ ညာကို ဝါသနာ ပါတဲ့ သူတွေ အားလုံးကို တကယ်ကို လုံ့ လ ဝီရိယ ရှိစွာ စိတ်ပါ ၀င်စားစွာနဲ့ ကြိုးစား ကြပါ။ တစ်ချိန်ချိန် အရာ ထင်မှာပါလို့ ပြောချင်ပါ တယ်။
8 Days
https://www.facebook.com/photo.php?fbid=526821460749023&set=a.351047714993066.7
No comments:
Post a Comment