Pages
▼
နှစ်စင်တီမီတာရှိ ပိုဟပ်ကို နားအတွင်းမှ ဆွဲထုတ်နိုင်ခဲ့
သြစတြေးလျနိုင်ငံသား အမျိုးသားတစ်ဦးသည် ၎င်း၏ နားအတွင်းသို့ ၀င်ရောက်ခဲ့သည့်
ပိုဟပ်တစ်ကောင်ကို ဆွဲထုတ်ရန်အတွက် ဆေးကုသမှုခံယူခဲ့ရကြောင်း
ဘီဘီစီကဖော်ပြသည်။
နှစ်စင်တီမီတာရှည်သည့် အင်းဆက်သည်ဟင်းဒရစ်ဟဲလ်မာကို မချိမဆံ့ခံစာရသောဝေဒနာများပေးပြီး ဖုန်စုပ်စက်ဖြင့် စုပ်ထုတ်ခြင်းကိုလည်း မထွက်ဘဲ ကြံ့ကြံ့ခံနေခဲ့သည်ဟု ဒေသဆိုင်ရာမီဒီရာများကဖော်ပြသည်။
ဟဲလ်မာသည် ဗုဒ္ဓဟူးနေ့နံနက်တွင် ၎င်း၏ ညာဘက်နားအတွင်းမှ စူးစူးရှရှနာကျင်သည့်အတွက် နိုးလာခဲ့သည်။ ကနဦးတွင် အဆိပ်ရှိသောပင့်ကူတစ်ကောင်က သူ၏နားပြွန်အတွင်းသို့ ၀င်လာခဲ့သည်ဟုထင်မြင်ခဲ့သည်။
ပိုမိုနာကျင်လာသည့်အတွက် ဟဲလ်မာသည် ဖုန်စုပ်စက်အသုံးပြု၍လည်းကောင်း၊ နားထဲသို့ရေများထည့်၍လည်းကောင်း နားအတွင်းမှအကောင်ကို ဖယ်ထုတ်ရန်ကြိုးစားခဲ့သည်။
ဝေဒနာမှာ ပိုမိုပြင်းထန်လာသဖြင့် ၎င်း၏ အခန်ဖော်က ၎င်းကိုဆေးရုံသို့ပို့ပေးခဲ့သည်။ ဆရာဝန်က ၎င်း၏ နာပြွန်အတွင်းသို့ ဆီများလောင်းထည့်၍ ကြိုးစားခဲ့သော်လည်း ယင်းအင်းဆက်သတ္တ၀ါသည် အတွင်းပိုတိုးဝင်၍ သေဆုံးသားခဲ့သည်။
ယင်းနောက်ဆရာဝန်က နားအတွင်းသို့ညှပ်ထည့်၍ အဆိုပါပိုးဟပ်ကို ဆွဲထုတ်ယူနိုင်ခဲ့သည်။
ဟဲလ်မာက ယခုအခါတွင် ၎င်းသည်ဝေဒနာကြီးကြီးမားမားခံစားရသောကြောင့် နောင်တွင်ကြိုတင်ကာကွယ်မှုများ မပြုလုပ်ဘဲ အိပ်ရာဝင်မည်မဟုတ်ကြောင်း အေဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။ (ဘီဘီစီ)
https://www.facebook.com/photo.php?fbid=525955504168952&set=a.351047714993066.
No comments:
Post a Comment