Pages

၂၇ ကြိမ်မြောက် SEA Games ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေမှုမြင်ကွင်းများ

နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားက မီးရှူးမီးပန်းများ မြင်ကွင်း။

 
 


 27th SEA Games ဖွင့်ပွဲအခမ်းအနား မြန်မာတို့ ၏ ပုဂံအလှ ကို ဖော်ကျူး
သော ကကွက်ကို ကပြ တင်ဆက်နေစဉ်


 Photo: 27th SEA Games ဖွင့်ပွဲအခမ်းအနား သွေးချင်းတို့ဌာနေ မြန်မာပြည် ကို

ဖော်ကျူးသော ကကွက်ကို ကပြ တင်ဆက်နေစဉ်
 အာဆီယံနိုင်ငံမှအကများ နှင့်မြန်မာအက ပူးပေါင်းဖျော်ဖြေ.
 
 
 
 
 

SEA games ဖွင့်ပွဲတော်တော်များများကို ကြည့်ဖူးပါတယ် ...
ကျွန်တော်တို့ မြန်မာ့ SEA games opening ceremony ကို ဘယ်တိုင်းပြည်ကမှ မမီပါ ...
 
 
 

 Sea Games ကို အားပေးနေတဲ့ ချစ်စရာ မီးငယ်လေး
 
 ရွှေနိုင်ငံက ကြိုဆိုနေမယ် ဖျော်ဖြေတင်ဆက်မှု.

 "မျိုးဆက်သစ်တို့ အားမာန်" အစီအစဉ်ဖျော်ဖြေမှုမြင်ကွင်း
 


 ဆီးဂိမ်းဖွင့်ပွဲသို့ ဝင်ရောက်ကြည့်ရှုခွင့် မရသူများ၏ ခံစားချက်များ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁။

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲသို့
လာရောက် ကြည့်ရှုရန် ရောက်လာခဲ့ကြသော်လည်း ဝင်ခွင့် မရရှိကြဘဲ
ဝင်ပေါက်ဂိတ် အသီးသီးတွင် စောင့်ဆိုင်းနေခဲ့ရသည်များကို မြန်မာ့ခေတ်မှ
သွားရောက် မေးမြန်းထားသည်။

ဦးကျော်ဆန်းဦး မန္တလေး (က.ပ.ရ)

“ဌာနကကျွန်တော်တို့ကို အားကစားသမားတွေကို ကြိုပို့ဖို့
တာဝန်ပေးတယ်၊ အစ်ကိုတို့ဒီဆီးဂိမ်းမစခင်ထဲက လုပ်ပေးနေရတာ အစ်ကိုတို့ကို အစတုန်းကပြောတာ အဖွင့်ပွဲစဉ်ကြည်လို့ရတယ်
ပြောတယ် တကယ်တန်းကြတော့ ၀င်လို့မရဘူးနှင်လွှတ်တယ် ”

ကိုတင်ဖြိုးဆက် (ဆီးဂိမ်းတွင်းယာဉ်မောင်းတာဝန်
ထမ်းဆောင်နေသူတစ်ဦး)

“အစ်ကိုက ဒီမှာတာဝန်ကျတာ နိုင်ငံခြားသားတွေကို ကြိုပို့
လုပ်ပေးရတာ တာဝန်ကျတယ်၊ အထက်က လူတွေပြောတာ
အစ်ကိုတို့ကို ဒီပွဲကိုကြည့်ခွင့်ရှိတယ်လို့ ပြောပြီးတော့ အခုဖွင့်ပွဲနေရောက်တော့ ဘယ်ဂိတ်ကမှ ၀င်လို့မရဘူး
သူ့လွှဲချကိုယ့် လွှဲချလုပ်တယ် အရမ်းပဲစိတ်တိုရတယ် ”

(ဦးမောင်သာ ဘိတ်မြို့လာရောက်ကြည့်ရှုသူ)

“ ဦးအနေနဲ့ ဒီပွဲကိုလာရောက်ကြည့်ရှုဖို့အတွက် ဘိတ်မြို့ကနေ
လာခဲ့ရတယ် ဆီးဂိမ်းဖွင့်ပွဲဆိုတာ တစ်သက်နဲ့တစ်ကိုတစ်ခါမှ
မမြင်ဖူးဘူး ဒါကြောင့်ကိုယ့်နိုင်ငံမှာလုပ်တဲ့ ဆီးဂိမ်းမို့လို့ ဦးအနေနဲ့လာကြည့်တယ် ဒါပေမယ့် ၀င်ခွင့်မရတဲ့အတွက်
ရင်ထဲမှတော့ အရမ်းခံစားရတယ်...”

(၀ဏ္ဏသိဒ္ဓိကွင်းမှ လျှပ်စစ်အင်ဂျင်နီယာတာဝန်
ထမ်းဆောင်နေသူတစ်ဦး)

“ကျွန်တော်တို့က အင်ဂျင်နီယာတွေပါ ဒီအဖွင့်ပွဲစဉ်အတွက်
ကျွန်တော်တို့ကို ၀န်ကြီးဌာနခေါ်ခိုင်းတယ် အဲ့တုန်းက ဒုဝန်ကြီးပြောတာ မင်းတို့အတွက် အဖွင့်ပွဲစဉ်ရောအပိတ်ပွဲစဉ်ရောကြည့်လို့ရအောင် လုပ်ပေးမယ်လို့ပြောပြီးတော့ တကယ်တန်းမှာကျတော့ အဲလိုမဟုတ်ဘူး သူပေးတဲ့ကတိကို မတည်ဘူး ဆီးဂိမ်းအဖွင့်ပွဲကို မကြည့်ရတဲ့အတွက် စိတ်ထဲမှတော့စိတ်မကောင်းဖြစ်မိတယ် ”

ဦးခင်မောင် (တောင်ကြီးမြို့မှ
လာရောက်ကြည့်ရှုသူ)

“ကျွန်တော်ဒီအဖွင့်ပွဲကို ကြည့်ချင်အားကြီးလို့ တောင်ကြီးမြို့ကနေ လာခဲ့တာပါ ဒါပေမယ့် ကြည့်ရှုခွင့်မရဘူး အပြင်ကနေပဲကြည့်နေရတယ် ကွင်းထဲကိုဝင်မယ်ဆိုရင် လက်မှတ်ကိုနှစ်ခါလုပ်ရတယ် အထဲကိုဝင်ခွင့်ကဒ်က နှစ်ထောင့်ငါးရာပေးရတယ် အဖွင့်ပွဲကိုဝင်ရင် သုံးသောင်းလောက်ပေးရတယ် ဒါမဖြစ်သင့်ဘူးလို့ထင်တယ်…..”

ကိုထင်ကျော် (ပဲခူးတိုင်းသနက်ပင်မြို့မှ
လာရောက်ကြည့်ရှုသူ)

“ဒီပွဲကိုကြည့်ဖို့အတွက် ကျွန်တော်ပဲခူးတိုင်းကနေ လာခဲ့ရတယ် ဒါပေမယ့်ကြည့်ခွင့်မရခဲ့ဘူး စိတ်ထဲမှာတော့ မကောင်းဖြစ်မိတယ် ၀မ်းလည်းနဲတယ်ကျွန်တော်ဒီကိုလာတာ သုံးရက်လောက် ကြိုတင်ပြီးတော့လာခဲ့ရတယ် ဒါပေမယ့် လက်မှတ်ကမရဘူး လက်မှတ်ရောင်းတဲ့နေရာက ရန်ကုန် မန္တလေး နေပြည်တော်မှပဲ
ရောင်းတာဆိုတော့ ကျွန်တော်တို့အတွက် လက်မှတ်ဝယ်ရတာ
မလွယ်ဘူး တစ်ခြားနိုင်ငံတွေမှဆိုရင် ဆီးဂိမ်းနေ့မှာတင် ချက်ချင်းအဆင်သင့် ၀ယ်လို့ရတယ်… ”

ကိုသန်းစိုး (မကွေးတိုင်း၊ တောင်တွင်းကြီးမြို့)

“ဆီးဂိမ်းဖွင့်ပွဲကိုမကြည့်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်
ဒါပေမယ့် ကိုယ့်နိုင်ငံမှာ ကျင်းပခွင့်ရတဲ့အတွက် ပျော်ပါတယ် တစ်ခုပြောချင်တာကတော့ နောက်လာမယ့် ဆီးဂိမ်းတွေကျရင် ၀င်ခွင့်မရလို့အပြင်ကနေကြည့်ရတဲ့ အဖြစ်မျိုးတော့ မဖြစ်ချင်ဘူး....”

မသန်းဌေး (ရန်ကုန်သန်လျင်မြို့မှလာရောက်ကြည့်ရှုသူ)

“ကျမအနေနဲ့ဒီဖွင့်ပွဲကို ကြည့်ဖို့အတွက်အိမ်ကိုပြောပြီးတော့
ထွက်လာခဲ့တာ ကွင်းထဲတောင်ဝင်ခွင့်မရဘူး ဒါကိုအိမ်ကိုပြန်ပြောရမှာတောင်ရှက်တယ်….”

တွေ့ဆုံမေးမြန်းသူ- နှင်းနွယ်

 https://www.facebook.com/photo.php?fbid=510567799041056&set=a.351047714993066.


 အားလုံး ပျော်ရွှင်ဂုဏ်ယူနိုင်ကြပါစေ....
                                                             လေးစားစွာဖြင့်    ....    မောင်မြင့်

No comments:

Post a Comment