Pages

လေးစားပါတယ် ရဲဘော်



ဆီးဂိမ်းဖွင့်ပွဲမှာ ရှေ.ဆုံးကနေ ဦးဆောင်လာတဲ့ စစ်ရေးပြမှူးလုပ်တဲ့အစ်ကိုကြီးက စစ်တက္ကသိုလ် အပတ်စဉ်(၄၆)က ကိုရဲစိုးထက်။ အာဆီယံအလံတွေကို ဦးဆောင်ပြီးခေါ်လာတဲ့ညီလေးက စစ်တက္ကသိုလ် အပတ်စဉ်(၅၀)က မင်းမင်းဦး။ အာဆီယံအလံတွေကို ကိုင်တဲ့သူတွေကလည်း တပ်မတော်က အရာရှိတွေ။

ဆီးဂိမ်းမှာ အလံကိုင်ဖို.အတွက် စခေါ်ကတည်းက အရပ် အနည်းဆုံး ၅ ပေ ၈ ။ ရုပ်ရည်အသင့်အတင့် ရှိရမည်ဆိုပြီး ခေါ်ထားတဲ့ သူတွေပါ။ ဖွင့်ပွဲအတွက် လေ့ကျင့်မယ်ဆိုတော့ ၀တဲ့သူတွေ ၀ိတ်ချရတယ်။ နည်းနည်း ပိန်တဲ့သူတွေ ၀လာအောင် လေ့ကျင့်ပေးရပါတယ်။ ပြိုင်ပွဲမှာ ၀င်ပြိုင်မယ့် အားကစားသမားတွေ မဟုတ်ပေမယ့် အားကစားသမားတွေနည်းတူ လေ့ကျင့်ခဲ့ရပါတယ်။

ဆီးဂိမ်းဖွင့်ပွဲပြီး နောက်နေ. … ဖွင့်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ယောက် တပ်ကို ခဏပြန်လာတယ်။ ပိတ်ပွဲအတွက် ပြန်သွားရအုံးမှာမလို. ခဏပြန်လာတာပါ။ ထုံးစံအတိုင်း သက်သာဆိုင်မှာ ထိုင်နေရင်းနဲ. သူ.သူငယ်ချင်းရဲဘော်တွေကို ပြောနေတယ်။ “ငါက မင်းတို.တွေ ရပ်သပ်ရှု.မောဖြစ်ခဲ့ရတဲ့ နိုင်ငံဂုဏ်ဆောင် ဆီးဂိမ်းဖွင့်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျပါလာတဲ့ကောင်ကွ။” အချင်းချင်း ဂုဏ်ယူစွာ နဲ.ပြောနေတယ် ။ နားထောင်နေတဲ့သူတွေထဲက တစ်ယောက်က ပြန်မေးတယ်။ ဖွင့်ပွဲနေ.က မင့်ကိုမတွေ.လိုက်ပါဘူးကွ။ မင်းက ဘယ်နေရာမှာ ပါတာလဲ။

- အနော်ရထာမင်းကြီး လယ်ထွန်တဲ့အခန်းကို မကြည့်လိုက်ရဘူးလား။
- အေးကြည့်လိုက်ရတယ်။ မင့်မတွေ.ပါဘူးဟ။
- ထွန်တုံးဆွဲတဲ့ နွားနှစ်ကောင်ထဲက တစ်ကောင်က ငါလေကွာ။

ဖြစ်မှဖြစ်ရလေ ရဲဘော်ရယ်… ဖွင့်ပွဲမှာ နွားလုပ်ရတာတောင် မင်းက ဂုဏ်ယူနေတတ်ပါ့လား။ ဘာပဲဖြစ်ဖြစ်ပါ ရဲဘော်… တစ်ချို.တွေဆို ဖွင့်ပွဲမှာ ဘာအားစိုက်မှုမှမရှိဘဲ ဘေးထိုင်ဘုပြော အတင်းနှောနေကြတယ်။ သူတို.တွေနဲ. စာရင် ဆီးဂိမ်းဖွင့်ပွဲမှာ ယာယီနွားလုပ်ခဲ့ရတဲ့မင်းက အပုံကြီးသာပါတယ်ကွာ..

လေးစားပါတယ် ရဲဘော်-----

Credit : ထိုက်သူ
Copied From မင်းခန့် ဦး

No comments:

Post a Comment