ဗုဒ္ဓဘုရားက“ မိမိကိုယ်ကို အားကိုးပါ” ဟုဒေသနာတရားဖြင့် ဟောကြားခဲ့သည်။
သာမန်ပုထုဇဉ်လူသားတို့သည် ဘ၀အာသာ စိတ်ရောဂါအတွက် ဆရာ့ဆရာ
ကြီးများထံကို ရှာဖွေဆည်းကပ်ကြသည်။ ထိုဆရာကြီးများက တန်ခိုးဣဒ္ဓိပါဒ်
ဖြင့် မိမိဘ၀ကို ကယ်မနိုင်မည်ဟုယုံကြည်ကြသည်
ကမ္ဘာဦးမှစ၍ ယနေ့အထိ လူသားတို့ ဖော်ဆောင်ခဲ့ကြသော ဣဒ္ဓိပါဒ်ဆရာများကားများလှစွ
ဆုပန်ဆင်ခြင်း အမှုကို ပြုကြကုန်၏။
လူတို့သည် သက်ရှိ သက်မဲ့မှ အပဖြစ်သော စိတ်ကူးယဉ်ဆရာကြီးများကိုလည
မျိုးမျိုးကိုလည်း မြှင့်တင်ပေးကြသည်။ ထိုဒြပ်မဲ့ဝိညာဉ် ဆရာရှင်တို့၏ ကယ်တင်စောင်မမှုကို မျှော်လင့်လျက်စိတ်ကူးဖြင့်
ဗုဒ္ဓဘုရားက“ မိမိကိုယ်ကို အားကိုးပါ ”ဟု ဒေသနာတရားဖြင့် ဟောကြားခဲ့သည်။
သို့ပါသော်လည်း လူတို့သည် ဒေသနာတရားစစ်ကို လျစ်လျူရှုထားကြသည်။ ဒေ၀ါ ဒေ၀ီ အလီလီတို့၏ ကူညီမှုကို မျှော်လင့်ကြ၏။ ဇော်ဂျီ၊ ၀ိဇ္ဇာ၊ စေဆရာ၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်၊ ဘိုးတော်၊ မယ်တော်၊ ထွက်ရပ်ပေါက်၊ မှော်ဆရာစသော ဘ၀တူ လူတန်းစားတို့၏ ရှေ့မှောက်တွင် ဒူးထောက်လျက် သိဒ္ဓိတန်ခိုး အမျိုးမျိုးကို မျှဝေပေးပါရန် ကန်တော့ပွဲအဖိုးတန်ဖြင့် တောင်းခံခဲ့ကြကုန်၏။
ထိုအခါ ဆရာကြီးဆိုသူတို့ကလည်း အင်းအိုင် အမျိုးမျိုး၊ မန်းဆေး မှုတ်ဆေး အစားစား၊ ဓာတ်လုံး ဓာတ်ခဲ အဖုံဖုံ၊ ခါးလှဲ့ လက်ဖွဲ့ အစုံစုံ၊ ဥုံ သြောင်း ဂါထာ အဖြာဖြာတို့ကို ကရုဏာရှေ့ထားကာ ပေးသနားခဲ့ကြကုန်၏။
ကိုယ်ပိုင်ဉာဏ် အားနုသည့် ပုထုဇဉ်လူသားတို့သည် ဤကဲ့သို့ သက်ရှိဆရာ၊
သက်မဲ့ဆရာ၊ စိတ်ကူးဆရာ၊ စိတ်ရူးဆရာတို့ကို စိတ္တဇအတွေးရုပ်ဖြင့် ပုံထုတ်ပြီးလျှင် ပူဇော်သက္ကာရအမှုကို ပြုခဲ့ကြကုန်၏။
ဤသို့ ဘ၀အာသာ ဘ၀တဏှာအတွက် ဆရာရှာ၍ မေ့မော မိန်းမူးနေသူတို့ကိုပင်ပုထု
“အထူးထူး အပြားပြားသော ကိုးကွယ်ရာ ဆရာတို့၏ မျက်နှာကို တမော့မော့ ကြည့်နေတတ်သောကြောင့် ပုထုဇဉ် မည်၏။ ”-
ဟု ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ပုထုဇဉ်၏ သဘာဝကို အနက်ဖွင့် ပြခဲ့သည်။
ထို့ကြောင့် ပုထုဇဉ်လူသားဆိုသည်မှာ စိတ်တဏှာရမ္မက်လမ်းကို အာသာငမ်း
ငမ်းဖြင့် စမ်းတ၀ါးဝါး လျှောက်လှမ်းနေသူများ ဖြစ်လေသည်။
ရေစကြို အရှင်ဧသိက
(၁၉၉၆-ခု၊ မတ်လထုတ် ဓမ္မရံသီမဂ္ဂဇင်း)
(နှောင်ကြိုးမဲ့ မှ)
Buddhavasa Tiloka
https://www.facebook.com/photo.php?fbid=509092752521894&set=a.351047714993066.
No comments:
Post a Comment