Pages

အံဆွဲမှာ ကန်ဒေါ်လာ ၁ သိန်းနီးပါးတွေ့  သို့သော် အားလုံး ပြန်ပေးသူ



အမေရိကန်နိုင်ငံမှာ ဖြစ်ပါတယ်။ Noah Muroff နဲ့ သူရဲ့ ဇနီးတို့ဟာ သာမန် မိသားစုများ ဖြစ်ကြပြီး တစ်ပိုင်တစ်နိုင်ငံ အသေးစားရုံးလေးတစ်ခု ဖွင့်ဖို့ အတွက် ရုံးစားပွဲ တစ်လုံး သွားဝယ် ပါတယ်။

ဝယ်ပြီးပြန်လာချိန် ရုံးခန်းထဲ သွင်းဖို့ အရွယ်ကြီးနေတာကြောင့် ဖြုတ်လို့ ရတာ ဖြုတ်ရင်း နောက်တော့ စက္ကူနဲ့ သေချာ ထုတ်ထားတဲ့ အမေရိကန်ဒေါ်လာ ၉၈၀၀၀ ဒေါ်လာကို သွားတွေ့ပါတယ်။ ဒါနဲ့ သူတို့ပိုင်ငွေကြေး မဟုတ်တာကြောင့် စားပွဲခုံရောင်းချတဲ့ ပိုင်ရှင်ဆီကို သွားရောက်ပေးအပ်ခဲ့ပြီး ငွေကြေးကို ပြန်လည်ရရှိခဲ့ ပါတယ်။ စားပွဲ တစ်လုံးရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၀၀ တောင် မရှိပါဘူး။ သို့ပေမယ့် အတွင်းက ငွေကြေးက မက်လောက်စရာ ဖြစ်နေပေမယ့် သိုဝှက်မထားပဲ သွားရောက် ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်လာ ၉၈၀၀၀ ဆိုတာ အမေရိကန်လို နိုင်ငံမှာတောင် လုပ်ငန်းတစ်ခု လုပ်ဖို့အတွက် အတော်လေး များတဲ့ ငွေကြေး ဖြစ်ပါတယ်။ Muroff တို့ရဲ့  ရိုးသားမှုအတွက် သတင်းဌာန တစ်ခုမှ ယခုလို ရိုက်ကူး သတင်း ထုတ်လွင့် ပေးခဲ့ ပါတယ်။

http://youtu.be/U9EYqPwAgLk

အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=497782186986284&set=a.351047714993066.

No comments:

Post a Comment