Pages
▼
Sony Anycast Touch ရုပ်သံ တိုက်ရိုက် တည်းဖြတ်ထုတ်လွှင့် စနစ်
First Look: Sony Anycast Touch တိုက်ရိုက် တည်းဖြတ်ထုတ်လွှင့် စနစ်
Sony မှ အသစ် ထုတ်လုပ်လိုက်တဲ့ Anycast Touch တိုက်ရိုက်
တည်းဖြတ်ထုတ်လွှင့် စနစ် (Live-Broadcasting System) သည် ယင်းတို့၏
နာမည်ကျော် အလုံးစုံ တည်းဖြတ်ထုတ်လွှင့် စနစ်အား အသေးချုံ့ပြီး
ဒီဇိုင်းဆန်းသစ်ထားရုံသာ မဟုတ်ပဲ လိုသိလို သယ်ယူသွားနိုင်မည့် ၁၃ ပေါင်
အလေးချိန်၊ လျှောထုတ်-လျှော်သွင်းနိုင်သည့် မျက်နှာပြင်တို့ ပါဝင်သည့် Sony ၏ ပထမဦးဆုံးသော ထိတွေ့မှုသုံး တည်းဖြတ်ထုတ်လွှင့် စနစ်လည်း ဖြစ်သည်။
Anycast Touch တွင် ထိတွေ့မှုသုံး မျက်နှာပြင် ၂ ခု ပါရှိပြီး အသံစနစ်
ထိန်းချုပ်ခြင်း၊ စာသားရိုက်ကူးခြင်း၊ အရုပ်နှင့် အသံ တည်းဖြတ်ခြင်း
စသည်တို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဗီဒီယိုဖိုင်များအား
မျက်နှာပြင်၏ တစ်ဖက်ခြမ်းတွင် တွေ့မြင်နိုင်ပြီး လိုအပ်သည့်ဖိုင်အား
ထိလိုက်ပါက မျက်နှာပြင်ပေါ်တွင် ပေါ်လာမည်ဖြစ်သည်။
ကင်မရာ ၆
လုံးအား ထိန်းချုပ်ပြောင်းလဲ နိုင်သည့်စနစ်၊ ချယ်နယ် ၅ ခုပါ
အသံပေါင်းစပ်စနစ်၊ ခေါင်းစည်းနှင့် စာသား ပုံဖော်စနစ်၊ ကင်မရာ
အဝေးထိန်းစနစ် စသည်တို့ ပါဝင်တပ်ဆင်ထားသဖြင့် လွန်စွာမှ ကောင်းမွန်သည့်
တိုက်ရိုက် တည်းဖြတ်ထုတ်လွှင့် စနစ်ဟု ဆိုနိုင်သည်။
Anycast Touch ၏ အထူးခြားဆုံး feature မှာမူ ယင်း၏ တိုက်ရိုက် တည်းဖြတ်ထုတ်လွှင့်နိုင်စွမ်းပင်
ဖြစ်သည်။ ကျစ်လစ်သေးငယ်ပြီး ပေါ့ပါးကာ သယ်ဆောင်ရ လွယ်ကူသော်လည်း
ပရိုတည်းဖြတ်စနစ်အလား စွမ်းဆောင်ရည် ကောင်းမွန်သည့် Anycast Touch ၏
အသုံးဝင်မှုမှာ အိမ်သုံး၊ ရုံးသုံးမှစပြီး ကုန်ကျစရိန် ချွေတာလိုသည့်
ရုပ်သံကုမ္ပဏီကြီးများအဆုံး လွန်စွာမှ များပြားလှပါသည်။
Anycast Touch အား မကြာမီတွင် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချမည်ဟု သိရှိရပြီး ဈေးနှုန်းမှာမူ ဒေါ်လာ ၂ သောင်း အောက်သာရှိမည်ဖြစ်သည်။
Myanmar Consumer Guide
https://www.facebook.com/photo.php?fbid=484336161664220&set=a.3510477
No comments:
Post a Comment