Pages
▼
ကံ ကံ ၏ အကျိုး
ကံ ကံ ၏ အကျိုး .. အကြောင်း ဆိုလျင် စူဠကမ္မ ၀ိဘင်္ဂသုတ် ကို ရှေးဦးစွာ ပြောဆို ရမည် ဖြစ်သည်။ ကံ ကံ ၏ အကျိုး နှင့် ပက်သက် လျင် ထို တရားတော် မှာ အခြေခံ လည်း ဖြစ် သလို အရေး လည်း ကြီးပေသည်။ ထို တရားတော် တွင် ကံ ကံ ၏ အကျိုး သဘော တရား များ ကို သင်ကြား ထား ခြင်း ဖြစ်သည်။ ထို တရားတော် ကို မြတ်ဗုဒ္ဓ ကိုယ်တော် တိုင် ဟောတော် မူ ခဲ့၏။ တောဒေယျ ပုဏ္ဏား ၏ သား ဖြစ်သော သုဘ လုလင် အား အကြောင်းပြု ၍ ဟောတော်မူ ခဲ့ခြင်း ဖြစ်၏။ သုဘလုလင် သည် မြတ်ဗုဒ္ဓ အား မေးခွန်း ပြဿနာ ( ၁၄ ) ချက်ကို မေး လျှောက် ခဲ့၏။ သူမေး လျှောက်သော မေးခွန်း ပြဿနာ များမှာ -
လူချင်း တူပါလျက် အဘယ်ကြောင့် အချို့ မှာ အသက်တို၍ အချို့မှာ အသက် ရှည် ပါသနည်း။
လူချင်း တူပါလျက် အဘယ်ကြောင့် အချို့ မှာ အနာ ရောဂါ ထူများ၍ အချို့မှာ အနာ ရောဂါ ကင်းဝေး ရပါ သနည်း။
လူချင်း တူပါလျက် အဘယ်ကြောင့် အချို့ မှာ အရုပ်ဆိုး ၍ အချို့မှာ အဆင်းလှ ပါသနည်း။
လူချင်း တူပါလျက် အဘယ်ကြောင့် အချို့ မှာ ခြွေရံ စိုးမိုး တန်ခိုး အာဏာ နည်းပါး ၍ အချို့မှာ တန်ခိုး အာဏာ ကြီးမား ရပါ သနည်း။
လူချင်း တူပါလျက် အဘယ်ကြောင့် အချို့ မှာ ဥစ္စာ မဲ့မွဲ ဆင်းရဲ ၍ အချို့မှာ ဥစ္စာ ပြည့်စုံ ကုံလုံ ကြွယ်ဝ ရပါသ နည်း။
လူချင်း တူပါလျက် အချို့ မှာ အမျိုးယုတ် ညံ့၍ အချို့ မှာ အမျိုးမြတ် ပါ သနည်း။
လူချင်း တူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ် ပညာ နည်းပါး ၍ အချို့မှာ ဉာဏ် ပညာ ကြီးမား ရပါ သနည်း။
ထို မေးခွန်း ပြဿနာ ( ၁၄ ) ချက်တို့ ဖြစ်၏။ ထို မေးခွန်း များ သည် လွန်ခဲ့ သော နှစ်ပေါင်း ( ၂၅၀၀ ) ကျော် အထက်က သုဘ လုလင် က မြတ်ဗုဒ္ဓ အား မေးလျှောက် ခဲ့ခြင်း ဖြစ်၏။
ယခု ခေတ် အခါတွင် လည်း ထိုမေးခွန်း များ ကိုပင် နေ့စဉ် နေ့တိုင်း အကြောင်း တခုခုနှင့် စပ်လျဉ်း ၍ လူအများ တို့ မိမိ ဘာသာ စဉ်းစား နေခြင်း ဖြင့် လည်းကောင်း အပေါင်း အသင်း များ နှင့် အပြန် အလှန် အားဖြင့် လည်းကောင်း မေးမြန်း နေကြ စမြဲ ဖြစ်၏။ သဗ္ဗညုတ ဉာဏ် ပိုင်ရှင် မြတ်ဗုဒ္ဓ သည် လွန်ခဲ့သော နှစ်ပေါင်း များစွာ အထက် ကပင် ထိုမေးခွန်း များ ကို တိကျ ပြည့်စုံစွာ ဖြေဆို ထားပြီး သား ဖြစ်၏။
သုဘ လုလင် ၏ အမေးများ အား မြတ်ဗုဒ္ဓက အကျဉ်းချုပ် ဤသို့ ဟောတော် မူခဲ့၏ ...
လုလင်
သတ္တ၀ါ တို့သည် ကံသာ လျှင် မိမိ ဥစ္စာ ရှိကုန်၏။
ကံ ၏ အမွေခံ တို့ ဖြစ်ကုန်၏။
ကံ သာလျှင် အကြောင်း ရှိကုန်၏။
ကံ သာလျှင် ဆွေမျိုး ရှိကုန်၏။
ကံ သာလျင် မှီခိုရာ ရှိကုန်၏။
ကံ သည် သာလျှင် သတ္တ၀ါ တို့ကို အယုတ် အမြတ် ဖြစ်ခြင်း ငှါ ခွဲခြမ်း ဝေဖန် ၏။
ဟု ဟောတော်မူ လေ၏။
မြတ်ဗုဒ္ဓ၏ ထို့သို့ အကျဉ်းချုပ် ဟောတော်မူ ချက်ကို သုဘ လုလင် က နားမလည် သဖြင့် အနက် အဓိပ္ပါယ် နှင့် တကွ ဝေဖန် ဖြေကြား ပေးပါရန် တောင်းပန် လျောက်ထား ပြန်၏။
ထို အခါ မြတ်ဗုဒ္ဓ သည် သုဘ လုလင်၏ အမေး ( ၁၄ ) ချက်တို့ကို ဤသို့ ဟောတော်မူ လေသည် -
သုဘ လုလင် အမေး ....
၁။ လူချင်း တူ ပါလျက် အဘယ် ကြောင့် အချို့မှာ အသက် တို၍
၂။ အချို့ မှာ အသက်ရှည် ပါသနည်း။
မြတ်ဗုဒ္ဓ ၏ အဖြေ ....
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူတို့ သည် အသက်ကို သတ်ဖြတ်ေ လ့ ရှိ၏။ ကြမ်းကြုတ် ၏။ သွေးစွန်းသော လက်ရှိ ၏။ ထို သူမျိုး သေလျှင် ငရဲသို့ ရောက် ရတတ် ၏ ။ ရှေးက ကုသိုလ် ကံ တစုံတခု ၏ အထောက်အပံ့ ကြောင့်) ငရဲ သို့ မကျဘဲ လူ့ပြည် သို့ ရောက် ရ စေကာမူ
ကြာရှည် နေခွင့် မရပါဘဲ အသက်တို ရတတ် လေ သည်။
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် အသက် သတ်ခြင်း မှေ ရှာင်ကြဉ် ကြ၏။ သူ့ အသက် သတ် ရမည်ကို ရှက်ခြင်း ရှိ၏။ သနား ကြင်နာ ကြ၏။ ထို သူမျိုး သေ လျှင် နတ်ပြည် သို့ ရောက် ရတတ် ၏။ နတ်ပြည် သို့ မရောက် ဘဲ လူ့ပြည် သို့ ရောက်သော် လျှင် ပင် အသက် ရှည်စွာ နေရ တတ် လေသည်။
သုဘ လုလင် အမေး ....
၃။ လူချင်း တူပါလျက် အဘယ် ကြောင့် အချို့ မှာ အနာ ရောဂါ ထူများ ၍
၎။ အချို့ မှာ အနာ ရောဂါ ကင်းဝေး ရပါ သနည်း။
မြတ်ဗုဒ္ဓ ၏ အဖြေ ....
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် တစ်ပါး သော သတ္တ၀ါ အား လက်ဖြင့် လည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက် များ ဖြင့် လည်းကောင်း ညှဉ်းဆဲေ လ့ ရှိ၏။ ထို သူမျိုး သေလျှင် ငရဲကျ တတ်၏။ ငရဲ မကျဘဲ လူ့ပြည် သို့ ရောက်စေ ကာမူ ရောဂါ ထူပြော အနာ ပေါများ တတ်လေသည်။
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် ထိုသို့ ညှဉ်းဆဲ နှိပ် စက်ခြင်း မရှိ။ ထိုသူမျိုး သေ လျှင် နတ်ပြည် သို့ ရောက်ရ တတ်ပေ သည်။နတ်ပြည် မရော က်ဘဲ လူ့ပြည် ရောက်လျှင် ကား အနာ ရောဂါ ကင်းဝေး ကြ ရပေ၏။
သုဘ လုလင် အမေး ....
၅။ လူချင်း တူ ပါလျက် အဘယ် ကြောင့် အချို့ မှာ အရုပ်ဆိုး ၍
၆။ အချို့ မှာ အဆင်း လှ ပါသနည်း။
မြတ်ဗုဒ္ဓ ၏ အဖြေ ....
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူတို့ သည် အလွန် ဒေါသကြီး ကြ ၏။ စကား ပြောစရာ ရှိလျှင်ပင် သူတပါး အား ထိပါး ပုတ်ခတ် ၍ ပြောလေ့ ရှိ၏။ ထိုသူမျိုး သေ လျှ င် ငရဲသို့ ကျရောက် တတ်၏။ ငရဲ မကျပါဘဲ လူ့ပြည် သို့ ရောက်ရ လျှင်ပင် မျက်နှာ ပုပ်သိုး အရုပ် ဆိုး တတ်လေ သည်။
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် အမျက် ဒေါသ ထွက်ေ လ့ မရှိ။ ထိုသို့ ဒေါသ မကြီးသူ သည် သေ လျှင် နတ်ပြည် သို့ ရောက်ရ တတ်၏။ နတ်ပြည် မရော က် ဘဲ လူ့ပြည် သို့ ရောက်ရ လျှင်ပင် ကြည်လင် လှပသော အဆင်း ကို ရပေသည်။
သုဘ လုလင် အမေး ....
၇။ လူချင်း တူ ပါလျက် အဘယ် ကြောင့် အချို့မှာ ခြွေရံ စိုးမိုး တန်ခိုး အာဏာ နည်းပါး ၍
၈။ အချို့မှာ တန်ခိုး အာဏာ ကြီးမား ရပါသနည်း။
မြတ်ဗုဒ္ဓ ၏ အဖြေ ....
ဤ လောက၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် ဣဿာ အားကြီး ကြ၏။ မနာလို ခြင်းအား ကြီး ကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ကျရောက် ရတတ် သည်။ ငရဲ မကျ ဘဲ လူ့ပြည် သို့ ရောက် စေကာမူ ခြွေရံ စိုးမိုး တန်ဖိုး နည်းပါး တတ်လေသည်။
ဤလောက ၌ မိန်းမဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူတို့ သည် ဣဿာ မရှိ။ သူတပါး အပေါ် မနာလိုခြင်း မရှိ။ ထို သူမျိုး သေလျှင် နတ်ပြည် သို့ရောက် ရတတ် ပေသည်။ နတ်ပြည် သို့ မရောက် ဘဲ လူ့ပြည် သို့ ရောက်ရလျှင် ပင် နာမည် ကျော်ကြား ခြွေရံပေါ များ ၍ တန်ခိုး အာဏာ သြဇာ ကြီးမား တတ်လေ သည်။ ( သူတပါး၏ ကံ ဉာဏ် ၀ီရိယ အားလျော်စွာ စည်းစိမ် ဥစ္စာပေါခြ င်း၊ ဂုဏ်သိန် ကြီးမားခြင်း၊ ကျော်စော ခြင်း စသည် တို့ကို မနာလို မှု၊ စောင်းမြောင်း မှု၊ ငြူစူ မှု စ သည် တို့သည် ဣဿာ ပင် ဖြစ်၏။)
သုဘ လုလင် အမေး ....
၉။ လူချင်း တူ ပါလျက် အဘယ် ကြောင့် အချို့မှာ ဥစ္စာ မဲ့မွဲ ဆင်းရဲ၍
၁၀။ အချို့မှာ ဥစ္စာ ပြည့်စုံ ကုံလုံ ကြွယ်ဝ ပါသနည်း။
မြတ်ဗုဒ္ဓ ၏ အဖြေ ....
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူတို့ သည် စွန့်ကြဲ ပေးကမ်း လှူ ဒါန်းလေ့ မရှိကြ။ မစ္ဆေရ တရား အားကြီး ကြ၏။ ထို သူမျိုး သေ လျှင် ငရဲသို့ ရောက် ရတတ် ၏။ ငရဲ မကျ လူ့ပြည် သို့ ရောက်ရ လျှင်ပင် ဥစ္စာ မဲ့မွဲ ဆင်းရဲ ရတတ် သည်။
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် မစ္ဆေရ မရှိဘဲ စွန့်ကြဲေ ပးကမ်း လှူဒါန်း လေ့ ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည် သို့ ရောက်ရ တတ် သည်။ နတ်ပြ ည် သို့ မရောက်ဘဲ လူ့ပြည် သို့ ရောက်ပြန် လျှင် ပင် ဥစ္စာ ပြည့်စုံ ကုံလုံ ကြွယ်ဝ ရပေ သည်။ ( မိမိ၌ ရှိသော ပစ္စည်း များ ကို သူတပါး နှင့် မဆက်ဆံ စေလိုမှု၊ မပေးကမ်း မလှူဒါန်း လိုမှု များကို လည်းကောင်း၊ မိမိ ၏ စည်းစိမ်မျိုး ကို သူတပါး ရမည် ကို စိုးခြင်း သည် လည်းကောင်း မစ္ဆေရ ပင် ဖြစ်၏။ )
သုဘ လုလင် အမေး ....
၁၁။ လူချင်း တူပါလျက် အချို့ မှာ အမျိုးယုတ် ညံ့၍
၁၂။ အချို့မှာ အမျိုးမြတ် ပါသနည်း။
မြတ်ဗုဒ္ဓ ၏ အဖြေ ....
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် အလွန် မာန ကြီး ကြ၏။ သူတပါး ကို အထင်သေး ၏။ ကိုယ့် ကိုယ်ကို အထင်ကြီး ၏။ ရိုသေ လေးစား ထိုက်သူ ကိုပင် ရိုေ သ ရမှန်း မသိတတ်။ ထို သူမျိုး သေလျှင် ငရဲသို့ ရောက်ရ တတ်၏။ ငရဲ မကျဘဲ လူ့ပြည် သို့ ရော က်ရ လျှင် လည်း အောက်ကျ နောက်ကျ နှင့် ယုတ်ညံ့ သော အမျိုး ၌ ဖြစ်ရ တတ် လေသည်။
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် မာန် မာန မကြီး။ ရိုေ သ လေးစား ထိုက်သူ တို့ကို ရိုသေ လေးစား ၏။ ထို သူမျိုး သေလျှင် နတ်ပြည် သို့ ရောက်ရ တ တ်၏။ နတ်ပြည် မရောက်ဘဲ လူ့ပြည် သို့ ရောက်လျှင် လည်း မြင့်မြတ် သော အမျိုး ၌ ဖြစ်ရ တ တ် ပေသည်။
သုဘ လုလင် အမေး ....
၁၃။ လူချင်း တူပါလျက် အချို့ မှာ အသိ အလိမ္မာ ဉာဏ် ပညာ နည်းပါး ၍
၁၄။ အချို့မှာ ဉာဏ် ပညာ ကြီးမား ရပါသနည်း။
မြတ်ဗုဒ္ဓ ၏ အဖြေ ....
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် ပညာရှိ ထံ ချဉ်းကပ် ၍ ကုသိုလ် အကုသိုလ် ကို လည်းကောင်း၊ အပြစ် ရှိ မရှိ၊ မှီဝဲ ထိုက် မမှီဝဲ ထိုက်ကို လည်းကောင်း ၊ေ နာင် သံသရာ ၀ယ် အကျိုး ပေးမည့် တရား အချက် တို့ကို လည်းကောင်း မေးမြန်း လေ့ မရှိ ကြေ ပ။ ထင်မိ ထင်ရာ ဖြင့် ဒုစရိုက် များ ပြုတတ် ၏။ ထို သူမျိုး သေလျှင် ငရဲ သို့ ရောက် ရတတ်၏။ ငရဲ မကျဘဲ လူ့ပြည် သို့ ရောက်စေ ကာမူ အသိ လိမ္မာ ဉာဏ် ပညာ ကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရ တတ် လေသည်။
ဤ လောက ၌ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ အချို့သော သူ တို့သည် တရား ကို နှစ်သက် ကြ ည်ဖြူ နာယူ ကြသည်။ ကုသိုလ် အကုသိုလ် နှင့် စပ်၍ လည်းကောင်း မှီဝဲ ထိုက် မမှီဝဲ ထိုက် ကို လည်းကောင်း၊ သံသရာ ၀ယ် အကျိုးပေး မည့် တရား အချက်များ နှင့် စပ်၍ လည်းကောင်း မေးမြ န်း လေ့ ရှိကြ သည်။ ထို သူမျိုး သေ လျှင် နတ်ပြည် သို့ ရောက် ရတတ် ၏။ နတ်ပြည် မရောက် ဘဲ လူ့ပြည် ရောက်လျှင် လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက် သူ ဖြစ်ရ တတ်ပေ သည်။
မြတ် ဗုဒ္ဓ ၏ ထို တရားတော် အဆုံး တွင် သုဘ လုလင် သည် တရားတော် အား လွန်စွာ နှစ်သက် အားရ ကျေနပ်မှု ဖြစ်ကာ ဘုရား ( ဗုဒ္ဓ )၊ တရား ( ဓမ္မ )၊ သံဃာ ရတနာ ( ၃ ) ပါး အား ကိုးကွယ် ဆည်းကပ် သော ဥပါသကာ ဖြစ်လေ သည်။
မှတ်မိ လွယ်ရန် ဆောင်ပုဒ် များ
သူများ အသက် သတ်သည့် တွက် အသက် ကိုယ့်မှာ တို။
မသတ် ရှောင်ရှား ထိုသူ များ ရှည်လျား အသက် ကို။
နှိပ်စက် ကလူ ညှဉ်းဆဲ သူ ပြောထူ ရောဂါဆို။
သနား စိတ်သွင်း မနှိမ်နင်း ကင်းရှင်း ရောဂါကို။
ထန်ပြင်း ဒေါသ ကြီးတတ် က အလှပျက် မည်ဆို။
ဒေါသ ကင်းစင် မေတ္တာ ယှဉ် ကြည်လင် လှသကို။
မနာလိုပြန် ဣဿာ ထန် ခြံရံ ကင်းမည် ဆို။
ဣဿာ မထား ၀မ်းမြောက် ငြား ပေါများ ခြွေရံကို။
မလှူ မဒါန်း မပေး ကမ်း ခြောက် ခန်း ဥစ္စာဆို။
စွန့်ကြဲ လေ့တုံ ပြုပါကုန် ကုံလုံ ကြွယ်ဝလို။
မာန်မာန ကြွယ် ထို သူဝယ် မျိုးနွယ် ညံ့မည်ဆို။
ထိုက်သူ ရိုကျိုး မာန် ကိုချိုး အမျိုးမြတ် သကို။
သိဖွယ်ဟူ သမျှ မမေး က ဖျင်းအ ပညာ ဆို။
ကြားမြင်များ အောင် မေးလေ့ ဆောင် ခု နောင်တတ် သိလို။
အရှင်ဇနကာဘိဝံသ ( ရတနာ့ ဂုဏ်ရည် )
https://www.facebook.com/photo.php?fbid=479605408803962&set=a.351047714993
No comments:
Post a Comment