ရေးသားသူ - မောင်စိမ်းနီ (စုစည်းသည်)
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရေးသားခဲ့သော စာပေလက်ရာ များနှင့် မိန့်ခွန်းများ အပြင် သမိုင်းဝင်ရှားပါး ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ရေးသားထားသော ဆောင်းပါး များ အား စုစည်းထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်။
ဤစာအုပ်ဖြစ်ပေါ်လာအောင် စုစည်းခဲ့သည့် မောင်စိမ်းနီက “ပခုံးပေါ် ရောက်လာတဲ့ သမိုင်းပေးတာဝန်ကို အထိုက် အလျောက် ကျွန်တော်တို့ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ကွယ်လွန်ခဲ့သည်မှာ (၆၃) နှစ်အတွင်း ဝင်ရောက် လာခဲ့ပြီ ဖြစ်သော် လည်း ဗိုလ်ချုပ်ရေးသားခဲ့သော စာပေလက်ရာများနှင့် မိန့်ခွန်းများကို ယနေ့အချိန်ထိ စာရေးဆရာ အများအပြား က ပြန်လည်ဆွေးနွေးတင်ပြ နေကြဆဲပင်ဖြစ်ပါသည်။
ယခုစာအုပ်တွင်လည်း ဗိုလ်ချုပ်ဖြတ်သန်းခဲ့သော တက္ကသိုလ်ကျောင်းသးဘဝ၊ နိုင်ငံရေးသမားဘဝ၊ တော်လှန်ရေးခေါင်းဆောင်ဘဝ တို့အပြင် စာပေနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရေးသားခဲ့သော ဆောင်းပါးကဗျာ တို့အပေါ်တွင် ဝေဖန်ဆွေးနွေးထားကြခြင်း တို့ကြောင့် နှောင်းခေတ်လူတို့မသိရသေးသေ
ဗိုလ်ချုပ် ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင်
အဆိုပါအတ္ထုပ္ပတ္တိတွင် ပညာနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်က “ပညာဆိုသည်မှာ စာအုပ် စာတမ်းတတ်၍ စာသိမှု ကို ပညာဟု မဆိုပေ။ ပညာသည် “အတိုင်းအဆမထင်” အလွန်ကျယ်ပြောနက်နဲလှပေသည်။
ပညာတတ်သူ သည် လောကရှိအရာရာကို အခွင့်အလမ်းလိုက်၊ ဆင်ခြင်သုံးသပ် နိုင်စွမ်းသော ဥာဏ် အားလုံး ကို လည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်ကိုလည်းကောင်း၊ ပြုပြင် စီမံ ထားခဲ့သူ သာလျှင် ဖြစ်သည်။
ဘီအေ ပင် အောင်စေ ကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက်အသုံးမဝင်ပေ။
ပညာသည် လူ၏ ဥာဏ်များကိုတိုးတက်စေရမည်။ လူထု၏ဆန္ဒအားလုပ်အားကို နူးညွတ်စေ ရမည်။ ရာဇဝင် သိရုံသာမဟုတ် ရာဇဝင်ကိုဖန်တီးစေရမည်”ဟု တင်ပြထားပါသည်။
Weekly Eleven
အထူး ညွှန်းဆိုခြင်း
စာရေးဆရာ ကိုအောင်ဆန်း
မော်နီတာ သတင်းဂျာနယ်(နိုင်ငံရေး အထူး ဆောင်းပါးပေါင်းချုပ်)
အထူး ညွှန်းဆိုခြင်းလို့ ရေးလိုက်ပေမယ့် တကယ်တော့ ညွှန်းနေစရာတောင် လိုမယ် မထင်ပါဘူး။ “ဗိုလ်ချုပ်အောင်ဆန်း”လို့ ဆိုလိုက်တာနဲ့ ပြီးပြည့်စုံ နေပါပြီ။ ဒါပေမဲ့ နေမင်းကြီးလို၊ လမင်းကြီးလိုပဲပေါ့။ လူတိုင်း သိပြီးသားပေမယ့် ညွှန်းဆို ဖွဲ့သီလို့ မ၀နိုင်ဘူး မဟုတ်လား။
စာရေးဆရာ ကိုအောင်ဆန်း စာအုပ်ကို ကဗျာဆရာ မောင်စိမ်းနီနဲ့ ပိတောက်ပွင့်သစ် အဖွဲ့သားတွေက စီစဉ်တာပါ။ စာမူတွေ စုဆောင်း တာကနေ စာအုပ်ထွက်လာတဲ့ အထိ နှစ်နဲ့ချီပြီး ကြာအောင် ဇွဲနဲ့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပင်ပန်းရ ကျိုးနပ်ပါတယ်။ စာအုပ်က သပ်သပ်ရပ်ရပ်၊ လှလှပပ၊ ခံ့ခံ့ ညားညား ရှိလှပါတယ်။ စာအုပ် မျက်နှာဖုံးကလည်း ဆေးရောင် လှလှတွေမပါ။ ရိုးရိုးကလေး။ ပကာသန မကြိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း စရိုက်နဲ့ အံကိုက်ပဲ။
ဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်နဲ့ ခေတ်ပြိုင်လုပ်ဖော် ကိုင်ဖက်တွေက စပြီး ဗိုလ်ချုပ်ကို မသိမမီ လိုက်တဲ့ စာရေးဆရာတွေကပါ အမှတ်တရ ပါဝင် ရေးသား ထားကြပါတယ်။ ဒါတင်မက သူ့ရဲ့ မြေးအရွယ် လူငယ် စာရေးဆရာ ကဗျာ ဆရာလေးတွေရဲ့ လေးစားအားကျ၊ လွမ်းဆွတ်တမ်းတတဲ့ မှတ်ချက်စာ တို၊ ကဗျာတိုလေးတွေလည်း နောက်ဆက်တွဲ အဖြစ်ပါ ရှိပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးတဲ့ ဆောင်းပါးကတော့ ထိပ်ဆုံးကပေါ့။
စာတွေကို ခဏ ဖယ်ထားပါဦး။ အယ်လ်ဘမ် တစ်အုပ်စာလောက် ရှိတဲ့ ဓာတ်ပုံမှတ်တမ်း တွေကို မြင်ရုံနဲ့ ရင်ခုန် သွားနိုင်ပါတယ်။ စာအုပ်က ဈေးနည်းနည်း ကြီးတယ်လို့ ဆိုနိုင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု ဓာတ်ပုံတစ်ပုံတည်းနဲ့တင် တန်နေပြီလို့ ဆိုချင်ပါတယ်။
နောက်တစ်အုပ်ကတော့ မော်နီတာ သတင်းဂျာနယ် အစောင် ၅၀ ပြည့် အထူးထုတ် ဖြစ်ပါတယ်။ ဂျာနယ်မှာ ပါခဲ့ဖူးတဲ့ ဗိုလ်ချုပ်အကြောင်း ဆောင်းပါးတွေကို ပြန်လည် စုစည်း ပေးထားတာပါ။ အဖိုးတန် ဓာတ်ပုံတွေလည်း ဝေေ၀ဆာဆာ ပါဝင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တ တစ်ပိုင်း တစ်စ ကလည်း တကယ် ရတနာ တစ်ပါးပါပဲ။ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေး တိုက်ပွဲအတွက် အလုပ်တွေ များလွန်းလို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဂရု မစိုက်နိုင်ခဲ့ဘူး။ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တကိုလည်း ပြီးဆုံးအောင် ရေးဖြစ်ခဲ့ဟန် မတူဘူး။ ဒီအချက်ဟာ ငမောက် ပတ္တမြား ပျောက်ဆုံး သွားခဲ့ရတာထက် ပိုပြီး မချင့်မရဲ ဖြစ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။
ဒီဂျာနယ်ကို စီစဉ်သူများရဲ့ အမှာစကား အရ စာမျက်နှာ အကန့်အသတ်ကြောင့် တချို့ ဆောင်းပါးတွေ ချန်လှပ် ထားခဲ့ရကြောင်း သိရပါတယ်။ အဲဒါတွေရော နောက်ထပ် ရှာဖွေ တွေ့ရှိတဲ့ ဆောင်းပါးတွေပါ ပေါင်းပြီး စာအုပ်အဖြစ် ပြန်လည် ထုတ်ဝေ သင့်ပါတယ်။
ဒီစာအုပ် စာစောင်တွေကို ဖတ်ကြည့်ခြင်း အားဖြင့် ဗိုလ်ချုပ် အကြောင်းကို ပိုပြီး ပြည့်ပြည့်စုံစုံ သိလာ ရပါတယ်။ ကြားဖူးနားဝ ရှိတာတွေနဲ့ တူတာတွေ ရှိသလို နည်းနည်း ကွဲပြားတာတွေလည်း တွေ့ရမှာပါ။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမှု ဆက်ဆံရေးမှာ ညံ့ဖျင်းတယ်ဆိုတာ မှန်ပါတယ်။ အစ်ကိုကြီး တစ်ယောက်လို နေခဲ့တဲ့ သခင်နု(နောင် ၀န်ကြီးချုပ် ဦးနု)ကိုတောင်မှ လမ်းမှာတွေ့ရင် နှုတ်ဆက်ချင်မှ နှုတ်ဆက်တာ။ စကားထိုင် ပြောရင်းက သူများ စကားမဆုံးခင် ထထွက်ချင် ထွက် သွားတတ်တာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူကလည်း ၀န်ခံတယ်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တထဲ မှာ မိမိဟာ အရိုင်းအစိုင်း ဘ၀က လာတာလား မသိဘူးလို့ ရေးထားတယ်။ ဒါတွေက သူ့ရဲ့သီးခြား ပုဂ်္ဂိုလ်ရေး ကိစ္စတွေမှာသာ ဖြစ်တတ် တာပါ။ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်တဲ့ နေရာမှာတော့ ၀ါရင့် သံတမန် တစ်ယောက်လို ပရိယာယ် ကြွယ်ဝတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ထူးဆန်းတာကတော့ သူ့ရဲ့ပရိယာယ်က ရိုးသား ပွင့်လင်းခြင်း ဖြစ်နေပြန် တာပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်ယူသန် တစ်ဇွတ်ထိုးသမား ဆိုတာကတော့ ဟုတ်လည်းဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူးလို့ ပြောရမှာပဲ။ လွတ်လပ်ရေးကို မရရအောင် ယူမယ်ဆိုတဲ့ ဘက်မှာ တစ်ယူသန် တယ်။ ဘယ်လိုရအောင် ယူရမလဲ ဆိုတဲ့ ကိစ္စမှာကျတော့ နည်းလမ်း အသွယ်သွယ်ကို ထည့်သွင်း စဉ်းစားတယ်။ မှားမှန်း သိလျက်နဲ့ ဇွတ်တိုးတာမျိုးထက် အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြုပြင် ပြောင်းလဲမှု လုပ်သင့်ရင် လုပ်ရ မယ်ဆိုတာသူကိုယ်တိုင် ရေးတဲ့ ဆောင်းပါးထဲမှာ အတိအလင်း ပါပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားပြေ အရေးအသား အကြောင်းကိုလည်း လေ့လာကြည့်နိုင်ပါ တယ်။ သူဟာ စကားပြောရင် ဆတ်တောက် ဆတ်တောက် ဖြစ်တတ်ပေမယ့် စာရေးတဲ့ နေရာမှာ အလွန် ပြေပြစ် ချောမွေ့ကြောင်း တွေ့ရမှာပါ။ ၀ါကျ တည်ဆောက်ပုံ၊ စကားလုံး သုံးနှုန်းပုံ၊ ဥပမာ ပေးပုံတွေဟာ တကယ့် “စာရေးဆရာ ကိုအောင်ဆန်း”ပါပဲ။
သူဟာ လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးက အနားယူပြီး စာရေးဆရာ တစ်ဦး အဖြစ်သာ နေထိုင်သွားဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲဒီ အချိန်ကတော့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလဖြစ်တာကြောင့် နိုင်ငံရေး နွယ်တဲ့ ဆောင်းပါးတွေပဲ ရေးဖြစ်တာ များပါတယ်။ နောက်ပိုင်းဆိုရင်တော့ ရသစာပေ တွေလည်း ရေးဖြစ်မယ် ထင်တယ်။ ရေးရင်လည်း ကောင်းမှာပါပဲ။ အချစ် ၀တ္ထုတွေတော့ ရေးဖြစ်မယ် မထင်ဘူး။ သူဟာ ရည်းစားစာလည်း တစ်ခါမှ မရေးဖူးဘူး။ ရည်းစား စကားတောင် ခွကျကျ ဘုဆတ်ဆတ်ကြီး ပြောတတ်တဲ့ လူမျိုး မဟုတ်လား။ ဒါပေမဲ့ သူဟာ အချစ်မရှိတဲ့ လူတော့ မဟုတ်ပါဘူး။ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို ကြည့်တဲ့အခါ သူ့မျက်လုံးတွေက ချစ်ရည်လဲ့ နေတတ်ကြောင်း ဓာတ်ပုံတွေက သက်သေခံ နေပါတယ်။
တကယ်လို့သာ ခုချိန်ထိ ဗိုလ်ချုပ်အောင်ဆန်း အသက်ထင်ရှား ရှိနေဦးမယ်ဆိုရင် သူ့ကို ဂုဏ်ပြုရေးသား ထားတဲ့ ဆောင်းပါးတွေ၊ အက်ဆေးတွေ ကဗျာတွေကို ဖတ်ကြည့်ပြီး ခေါင်း တညိတ်ညိတ်နဲ့ ပြုံးနေမလား၊ ဘာမှ မပြောဘဲ ရှုတည်တည်ကြီး လုပ်နေမလား။ သူ့ထုံးစံအတိုင်း “ဒါတွေ မလိုပါဘူး”လို့ ဘုကျကျ ပြောပြီးတော့ပဲ ငေါက်လွှတ် လိုက်လေမလား မရဲတရဲ စဉ်းစား စိတ်ကူးယဉ် ကြည့်နေမိပါတော့တယ်။
မင်းကိုဥာဏ်
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂ဝ၁၁)
**************************
ဇာတိ
စာရေးသူ - ဗိုလ်ချုပ်အောင်ဆန်း
မြေလတ် ဟု ခေါ်သော ဗမာပြည်၏အပူပိုင်းဇုံဖြစ်သေ
ယင်းချောင်း ဟုခေါ်သော သဲချောင်းကြီး၏တဘက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်းလယ် ကွင်းပြင် များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀ ခန့်ရှိရွာတစ်ရွာရှိလေသည်။ ထိုရွာ၏အနောက် ကိုက် ၃၀၀ ခန့်တွင် အိမ်ခြေ ၁၀၀ခန့်ရှိ ရွာတစ်ရွာရှိလေသည်။ ရွာ၏မြောက်ဘက်တွင်ကပ်လျက် (ရှေးလူကြီး များပြောသလို) လောကဓါတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတစ်ကျောင်း
ထိုမှ ယာတစ်ခင်းအလွန်တွင် ငါးရက်တစ်ဈေးဖွင့်ရာ ဈေးဝိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ် တန်းလျားများ ရှိသည်။ ထိုအနီးတွင် စာတိုက်ရှိလေ၏။ ထိုစာတိုက်၏အနောက်မြောက်စော
ထိုမှ မြောက်မလှမ်းမကမ်းတွင် ကား အိမ်ခြေ ၁၀၀ ကျော်ရှိ ရွာတစ်ရွာရှိပြန်လေသည်။ ထိုရွာများအနက် ရွာမကြီး သဖွယ် အိမ်ကောင်း အများဆုံးနှင့် ဆိုင်ကန္ဒားအတော်အတန်ရှိ၍ စာရေးစာချီ၊ မြို့အုပ် ရှေ့နေ ကုန်သည်များ နေကြသော ရွာ ကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီးအနောက်ဘက်ကမ်း
ထိုရွာ၏မြောက်ဘက်စွန်း၌ တစ်ရွာလုံးရှိ အိမ်ဝိုင်းများအနက် အကျယ်ဆုံးအိမ်ဝိုင်းကြီးထဲတ
အချိန်ကား ၁၉၁၅ ခု ဖေဖော်ဝါရီလဖြစ်၍ ပဌမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲမှာပင်ဖြစ်ပေသည်
အရှေ့မျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာ ကား မဆူးရိယာ နှင့် ၀ါဇနစ်ဇူစစ်ပွဲကြီး ဖြစ်ပွား လျက် ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့၊ ၁၂၇၆ ခု၊ တပေါင်းလဆန်းတစ်ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင်
ကျွန်တော် မွေးဖွားလာာသည်နှင့် ပတ်သက်၍ ကျွန်တော်၏ဇာတာနာမည်မှာ (ထိန်လင်း)ဖြစ်လေသည်။ သို့သော် ကျွန်တော့အထက် အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် "အောင်ဆန်း"ဟုခေါ်တွင် ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘ၀မှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူဖြစ်ခဲ့လေသည်။ ကျွန်တော် ငယ်ငယ်တုန်း က တော်တော်နဲ့ စကား မပြောတတ်ရကား၊ လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု
တစ်ခါသော် အမဲသားစိမ်း ကို အတင်းလု၍စားမည်ပြုသည်ဟု ကျွန်တော့်မိခင်ကပြန်၍ ပြောသဖြင့် သိရ ပေသည်။ လူရိုင်းဘ၀ က ကျွန်တော် လာသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုးနေချင်သည်
ကျွန်တော်၏စိတ်တွင် အင်မတန် စိုပြည်လတ်ဆတ် သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိသည့်လူသည် လူရိုင်းမျိုး ဘ၀ရောက်ချင် ရောက်သွားပါစေ။ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလှ
ငယ်ငယ်တုံးက ကျွန်တော် အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော် ၀ါသနာပါသည်။ စာပွဲဖြစ်စေ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန်မှတ် လက်ရည်ကွဲကျခဲ့လေသည်။ သို့သော် ကျွန်တော် အနည်းငယ်ကြီးပြင်းလာ သည့် နှင့် လူကြီးမိဘများက ကျွန်တော်အား အတီးအမှုတ်ဝါသနာကို ခွင့်မပြု။ နဂိုက ၀ါသနာမဟုတ်၍ လားမသိ။ ယခု စိတ်မျိုး ပျောက်သလောက်ရှိခဲ့သည်။
ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော၊ စိတ်ရော၊ ပြော့ပြောင်းသည်ဆိုသည့်အချက
အသက် ဆယ့်ငါးနှစ်ထဲရောက် သည့်အခါ၌ပင် အခြားအိမ်တစ်အိမ်၌ တည သေးပါဘူး သေးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှ
၂-ရက်ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်း မှတစ်ဆင့် မီးရထားတစ်တန်၊ မော်တော်ကား တစ်တန် သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ် တွင် ကျွန်တော်တို့မကွေးမှတစ်ဆင်
ကျွန်တော်၏အထက် အစ်ကို ကိုအောင်သန်း နှင့် ကျွန်တော်မှာ အသက်သုံးနှစ်ခွဲလေးနှစ်မျှသ
သူသည် မြေ ကြီးနှင့်ကြမ်းများပေါ်တွင် မည်သည့်အခါမျှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး ၏။ သူ ကား ပါး၏။ လျှင်သည်၊ ကျွန်တော်ကား ထူ၏။ အ၏။ ကျွန်တော်၏မြို့ကား ရွာသာသာ တောအရပ် ဖြစ် သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါက (ကလီဖာ) ခေါ် ဆံပင်ညှပ်ကုလားတစ်ယောက်တလေသ
တနေ့နေ၍ စကားတစ်ခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးရသည့်ထဲ ကျောက်ပေါက်မများလည်း ရှိ၏။ လောကွတ် မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာနေတတ်သည်။ အကိုင်အတွယ်၊ အသွားအလာ အမူအရာ ကြမ်းတမ်း ၏။ ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော၊ ထို့ကြောင့် ရှေ့နေစာမေးပွဲဝင်ထားသော်လည
အထူး ပင် ခေါင်းရည်နာ၏။ ကျွန်တော်တို့သည် ၎င်းခေါင်းရိတ်မည့်အခါ ရွံ့ ၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့် အခါတိုင်း ကျွန်တော့်အစ်ကိုကား အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ ၏။ ကျွန်တော်ကား မငို၊ ကျိတ်ခံ ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်သည်။ ကျွန်တော့်အစ်ကိုကား စိတ်မြန် ၏။ ကျွန်တော်တို့ ညီအစ်ကို လေးယောက်ရှိသည့်အနက်၊ ဒုတိယအစ်ကိုကြီး ကိုနေအောင် သာလျှင် စိတ်ရှည်၍သိမ်မွေ့၏။ တသက်ပတ်လုံး မည်သူနှင့်မျှ ရန်မဖြစ်ခဲ့ဘူးချေ။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့အစ်ကို ကိုအောင်သန်း ကား၊ သူများအကြောမခံ၊ သူကသာ ဦးအောင်ကြောခဲ့သည် ကျွန်တော်ကား သူများ အကြော ခံရ၏။
မြှောက်လို့ မြှောက်မှန်းမသိ၊ ချောက်လို့ ချောက်မှန်းမသိ ထုံပေပေ အလွန်နိုင်၏။ တခါသော် ဆယ်မိုင်ခန့် အကွာ ရွာတရွာ သို့ ကျွန်တော့်မိဘများနှင့်လိုက
ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းပိတ် သည်။ သို့သော် ယောက်ျားကလေးများမှာ ဥပုသ်နေ့ပင်ဖြစ်သော်လည်း ကျောင်းသို့သွားရ၍ ရေခပ်၊ မြက်နှုတ်လုပ်ရသည်။ တနေ့သော် နေ့ခင်းတွင် ကျောင်းသား များ အလုပ်မရှိ၍ "အလုပ်မရှိလျှင် အိပ်နေ ကြ၊ မကစားကြနဲ့"ဟု ဘုန်းကြီးက အမိန့်ရှိ လေသည်။ အားလုံးကျောင်းသားများက "မအိပ်ချင်ဘူးလား" ဟုမေးသောအခါ မအိပ်ချင် ကြသော်လည်း အိပ်ချင် သည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော်အား ဘုန်းကြီးက "အောင်ဆန်း ကော မအိပ်ချင် ဘူးလား"ဟု အထူးတလည်မေးရာ ကျွန်တော်က "မအိပ်ချင်ပါဘုရား"ဟု ပြန်လျှောက်ရာ ဘုန်းကြီး ကား ပြုံး၍ နေလေတော့သည်။
ကျွန်တော် သည် ငယ်စဉ်က ချောင်တစ်ချောင်တွင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍နေသော်လည်း နေ တတ်သည်။ ခလေး နှင့် မလိုက် အများအားဖြင့် ဣနြေ္ဒကြီးသည်။ ကစားခုန်စားဆိုလျှင် များစွာမလေ့ ကျင့်။ သို့သော် ကစားသည့် အခါ ကြမ်းတမ်း၏။ ကြမ်းတမ်းသော ကစားမျိုးမှ နှစ်သက်သည်။ တွတ်တိုး ခြင်း၊ ကြည်းသား ရိုက်ခြင်း စသည်တို့ကို ၀ါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်၊ ရွရွကလေး လုပ်ရသော အလုပ် ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော်၏ကလေးဘ၀မှာ ချီးမွှမ်း စရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောက်စောင်းကဲ့သ
စိမ်းလန်း စိုပြေညီညာသော မြက်ခင်းသဘွယ် မွချင်စရာ မဟုတ်ပေ။ အသက်ဆယ်နှစ်ခန့် အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ခဲ့ဘူး၏။ ၀ဲနာအကြီးအကျယ် စိုခဲ့ဘူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေပါမည်နည်းဟု တမ်းတမိသည်။ ကျွန်တော် သည် ထိုကလေးဘ၀တွင်ပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေ၏။ ဗမာ ပြည်အား အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးစဉ်းစားခဲ့ဘူးလေ
ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သည်ဟု မဆိုနိုင်၊ ငယ်ငယ်က တစ္ဆေ အလွန်ကြောက်တတ် သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အစ်ကို ဦးအောင်သန်းကား ခဏခဏရန်ဖြစ်၏။ ဦးအောင် ရိုက်နှက်၍ အိမ်ပြေးလာခဲ့၏။ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများအရိုက်ခံရ၏။ ကျွန်တော် ကား ဤကဲ့သို့ မဖြစ်ဘူး။ ရန်တစ်ခါသာ အကြီးအကျယ်ဖြစ်ဘူးသည်။ ထိုအခါ လူချင်းလည်း ထိုးသတ် ပုတ်ခတ် စဉ်က ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဘိနပ် နှင့် အပေါက် ခံရ၍ ခေါင်းပေါက်ဘူး၏။ ထိုအခါမှ ကျွန်တော်၏ရန်ဖြစ်ဘက်ကို လိုက်လေရာ ခေါင်းမူး၍မမှီ၊ ထိုးလိုက် သည့် အချိန်ထိကား သတ္တိကောင်းပါ၏။
ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်ရာ သွေးတွေမြင်သဖြင့် ခေါင်း ပေါက်မှန်းသိသောအခါ ကျွန်တော် ငို လေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူကလေးချင်းများ အပေါ်တွင် တခါတလေ အနိုင်ကျင့် ချင်သည့် စိတ်ကားရှိလေသည်။ တစ်ခါတွင်ကား ဘုန်းကြီး ကျောင်းနေစဉ် နဘူးသားများကို ကြက်တောင် စိုက်၍ ကြက်တောင်ရိုက်ကစားနေရင်းမှ
ကျွန်တော်တို့ကစားနေသည်ကို အခြားကျောင်းသားတစ်ဦး နှစ်ဦးကမြင်သဖြင့် ဘုန်းကြီးအား သွားရောက် တိုင်တန်းသောအခါ ဘုန်းကြီး က ကျွန်တော်၏မိခင်နှင့် ဦးလေးများကိုခေါ်၍ ၎င်းတို့ရှေ့တွင်ပင် ကျွန်တော် တို့အား ပြင်းထန်စွာရိုက်နှက်လေတော့
သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော် အထူး ပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါက ကျွန်တော်ကား ငွေတိုးကြီးစနစ်ဆိုးရွားပုံ
(ဂျစ်ဂျစ်ခန်)အမှူးရှိသော တရုတ်တို့ဝင်ရောက်နှောက်ယှက
မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏အ မျိုး အနွယ်ပင် ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်းဘုရင်၏သမားတော်တစ်
(စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။ အခေါ် အဝေါ် ကိုကား မေ့သွားလေပြီ။ ကျွန်တော်တို့ (ဘေး)အိမ်ကြီးတွင် တွေ့ဘူးသော ပုရပိုက်များတွင် ကျွန်တော် တို့ ဘေး နေ့စဉ် ဘာလုပ်သည်၊ ဘယ်သွားသည်စသည်ကို မှတ်သားချက်များ တွေ့ရလေ သည်။) ကျွန်တော်တို့ ဘေးတွင် အစ်ကိုနှင့်ညီနှစ်ယောက်ရှိသ
နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်)မှာ ကျွန်တော်တို့ အဖွား၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံး အားကိုး ဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထား သည်။ ၎င်း၏ တပည့်တစ်ယောက် (နာမည်ကားမမှတ်မိ) သည်ဇာတ်ပွဲများတွင် လူပျက်ပျက် သည့်အခါ လူများရယ်တုံးမရယ်၊ အများရယ်ပြီးမှ တယောက် တည်း ကျယ်လောင်စွာ အကြာကြီး ရယ်တတ်သည်ဟု သိရသည်။ ဤကဲ့သို့ အရွဲ့တိုက် ရသည် ကို ဗိုလ်လရောင် တွေ့၍ အားရကာ ဆုချလေလေတော့သည်။ တခါလည်း ၎င်း၏တပည့်နှင့် ၎င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ ဘွားမယ်တော်ပျံတွင် လက်ဝှေ့ထိုးကြ သည်။ ဦးမင်းရောင် ၏ တပည့် ရှုံးသည်။ ညီဖြစ်သူ ဦးမင်းမောင်က မိမိတပည့်နိုင်သဖြင့် ပုဝါတပိုင် ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင် က မခံချင်၍ မိမိတပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတစ်ထည် ဆုချလေသည်။
တစ်ခါလည်း ကြက်သားဟင်း စားလို၍ ဦးမင်းမောင် အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မ တူ လူပျော့် ဖြစ်လေသည်။ စောင်း တီး သီချင်းဆိုတော် သည်။ စကားပြောချိုသာသည်။ အထက် လူကြီးများ၏ အချစ်မင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင် က သူကိုယ်တိုင် သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအားမကျွေးဘဲ ခွေးကျွေးပစ်သော ဟူ၏။ (ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း)
ကျောင်းသားဘဝ
ကျွန်တော်၏ မိခင်ဘခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုး ဖြစ်လေသည်။ ကျွန်တော်၏ ဘခင်သည် ရှေ့နေ စာမေးပွဲ တွင် ဗမာတပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဥာဏ်ကောင်း ကြသည်။ သို့သော် ဒုတိယအစ်ကိုကြီး ကား စာသင်အထူးပျင်းလှ၍ အခြားညီအစ်ကို များကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲအစ်ကိုများ၊ ဦးလေးများ မှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူများချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကို များကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။
ကျွန်တော်တစ်ယောက် သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစ နေရပေသည်။ ကျွန်တော် ကျောင်းနေလာရင်း ပြောပြရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်း အား မြန်မာ ၆တန်းတွင် ရှိသည်။ ကျွန်တော်မှာ အသက် ၈နှစ်ထဲ ရောက်သော်လည်း ကျောင်း တွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်းသန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော် လည်း ရှင်လောင်းဆင်းသောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာ လေသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့ သူသည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေ ပါတော့မည် ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေ ဖြစ်လေသည်။
တန်းကျော်တက်ခဲ့ရပြန်သဖြင့်
(ဘီအေ) အထက်တန်းနှစ်တွင် ကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်၍ အလုပ်ရှုပ်သဖြင့် (ဘီအေ) စာမေးပွဲ တစ်နှစ်မဖြေပဲ နေခဲ့ရသည်။ နောက် (ဘီအယ်လ်) အတန်းကို တက်ခဲ့သည် အတန်းလည်း မှန်မှန်မတတ် စာအုပ်လည်း မရှိ မှတ်စုလည်း မထား။ စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီအယ်လ်) ပထမနှစ်စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော်တစ်သက်တွင် လိုက်စားသဖြင့် စာမေးပွဲပထမဆုံးနှင့်နောက်ဆ
ကျရှုံးသော်လည်း ဥပဒေရာဇ၀င်ဖြစ်သော ပထမမေးခွန်းစာတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ (ဘီအယ်လ်)နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေ တော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ်အခြေအနေနှင့် ဗမာ ပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည် အတွက် ကိုယ်ထိ လက်ရောက်လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။ မြန်မာစာသင်ဘုန်းကြီးကျောင်
ရေကူးသည်ကိုမြင်လျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာ မှ အခွင့် အလမ်း ရခဲ့ ၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာကျင်လည်ရေးတ
ပညာဆိုသည်မှာ စာအုပ်စာတမ်းတတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် "အတိုင်းအဆမထင်" အလွန် ကျယ်ပြော နက်နဲ လှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက် တွင်းမှ မြေကြီးထဲသို့ ရောက်သည် အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် လူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင် ပေ။
ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်း သော ဥာဏ်အားလုံး ကို၎င်း၊ မိမ်ဥာဏ်အမြင်အရစိတ်နေ စိတ်ထား ဓိတ်ဓါတ်ကို၎င်း၊ (Emotion of The Education) ပြုပြင်ပြုစုစီမံထားခဲ့သူသာ
ပထမပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိ
လောကဓါတ်ပညာကို အတတ်မသိဘဲ လောကဓါတ်ပညာဥာဏ်ကိုသုံးလျှင
ယနေ့အယူအဆနှင့် နက်ဖြန်အယူအဆတို့မှာ တူချင်မှတူပေမည်။ အမှန်ကား လူတစ်ဦး၏ တစ်ဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒပြောင်းလဲခြင်းများကိ
အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ရရှိသူ ရှိပေသည်။ သမာဓိဆိုသည်မှာ လောက၏အကောင်းအဆိုး၊ အကျိုးအဖြစ် အပျက်၊ သနစ်စုံကိုပိုင်းခြားထင်ထင်
ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ့်ကျင့်အမူအရာ ဘမ်းပြ တည်ငြိမ်မှုကို လူအပေါင်း က သမာဓိ ဟု လူများပြောစမှတ်ပြုကြလေသည်။
ကျွန်တော် ၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရား ကို လုံးဝမပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာ ပင်တည်း။ ယခုလည်း ကျွန်တော်သမာဓိတရားကို ပိုင်ပြီလော။ လုံးဝမပိုင်ဆိုင်သေးပေ။ ထို့ ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်မဆိုကြပါနှင့်ဦး။ လူတစ်ယောက် ဥာဏ်အမြင် လှုပ်ရှား ပြောင်းလဲ မူဝါဒပြောင်းလဲမှုကို သမာဓိမတည် ဟု တံဆိပ် အရိုက် မစောသင့်ပေ။ ဥပမာ အားဖြင့် လွန်ခဲ့သော နှစ်များက အရှင်အာဒိစ္စ၀ံသဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခူနီမများ ရှိသင့်သည်ဟု စာအုပ်တအုပ် ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ပြောင်းလဲမှုသည် မှားချင်လည်းမှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိ အလားဖြင့် အမှားမရှိသူ မရှိ။ အမှားသိမှ အမှန်မြင်လေသည်။ အမှားတခါလုပ်မိ လျှင် အမှားနှစ်ခါ လုပ်မိသော အခါ မှန်လာပေလိမ့်မည်။
သို့သော်လည်း မှားပင်မှားစေကာမူ၊ မိမိဥာဏ်အမြင်အလျှောက်ပြောင
ဗုဒ္ဓဂေါတမ သည် သဗ္ဗညူတ ရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကို ကျော်ကာ ရှာဖွေ တွေ့ရှိ ခဲ့လေသည်။ ထိုဥာဏ်တော်ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌ သိဒ္ဓတ္ထမင်းသားသည် မိမိ ဥာဏ်အမြင် အရ အနုမာနမျက်ရမ်းဆ၍ ပြောင်းလဲမှုရှိလာလေသည်။
အလှယ်လှယ်အပြောင်း ပြောင်းအသောင်းမကသော မောင်းမမိဿံချွေရံ ပရိသတ်တို့နှင့်တကွ၊ နန်းသုံး ဆောင်ဝယ် မင်းစည်းစိမ် ကို စွန့်ပယ်၍ သောင်မမြင်ကမ်းမမြင် ရသေ့၊ ရဟန်းအသွင်လျော်တေသင်္ကန်း တို့ ၀တ်ဆင်၍ "ဘိက္ခူနီသီလောတိယာစနသီလောတီ
ဗိုလ်ချုပ်အောင်ဆန်း
မှတ်ချက်-မူရင်းသတ်ပုံအတိုင
အပိုင်း (၂) သို့ မျှော်----->>>
http://
No comments:
Post a Comment