ဒီဆောင်းပါး မဖတ်ခင် https://dabble.co/ ဆိုတဲ့ ဝဘ်ဆိုဒ်လေးကို ဝင်လေ့လာကြည့်နိုင်ပါတယ်။ စွန့်ဦး ကြိုးစား စီးပွား ဖန်တီးသူတို့ ဘယ်လို ခံယူချက်မျိုးနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ဖော်ပြ ပါမယ်။
အမေရိကန်ပြည်ထောင်စုက Erin Hopmann နဲ့ Jess Lybeck လို့အမည်ရတဲ့ အမျိုးသမီး သူငယ်ချင်း ၂ ဦး မှာ အွန်လိုင်း ပညာရေး စင်တာ တစ်ခုလိုပုံစံပြု လုပ်ဖို့ စိတ်ကူး ရှိပါတယ်။ ဒါနဲ့ပဲ dabble.co အမည်ရ ဝဘ်ဆိုဒ်ကို စတင် လိုက်ပါတယ်။ သင်ချင်တဲ့ ဆရာ၊ သင်ယူလိုတဲ့ ကျောင်းသားတွေကို ကဏ္ဍခွဲပေးပါမယ်။ ဆရာနဲ့ ကျောင်းသားကို တွေ့ဆုံပေးပြီး သင်စရာနေရာ တစ်ခု ဖန်တီးပေးလိုက်တဲ့ သဘောပါ။ ဗီဒိယိုဖိုင်၊ ဆော့ဖ်ဝဲနဲ့ စာများ၊ အချက် အလက်များကို ယင်း ဆိုဒ်မှ တစ်ဆင့် မျှဝေမယ်။ ဒီလိုနဲ့ ဘာသာရပ်တွေပို များလာပြီး အွန်လိုင်း ကျောင်းတော်ကြီး တစ်ခု ဖြစ်လာဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ဝဘ်ဆိုဒ် ပုံမှန် လည်ပတ်ဖို့ အတွက် ဝင်ငွေ တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ကြားမှာ ဝန်ဆောင်ခ ယူရလောက်အောင်လည်း အသုံးပြု သူက မရှိတော့ အခက်တွေ့နေပါတယ်။ ရည်ရွယ်ချက်ကလည်း စီးပွားရေး လုပ်တာမှန်ပေမယ့် ကမ္ဘာအရပ်ရပ်က ဘယ်သူမဆို ဈေးနှုန်း အသက်သာဆုံး နဲ့ ပညာသင်ကြားခွင့်ရဖို့ ဖြစ်ပါတယ်။ အခမဲ့ ပေးတဲ့ class တွေတောင် ရှိပါ တယ်။
သို့ပေမယ့် ဝဘ်ဆိုဒ်ကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ငွေကို ရင်းနှီးပေး မယ့်သူ အရေးတကြီး လိုအပ် နေပါတယ်။ သူတို့ ၂ ဦးဟာ ဝဘ်ဆိုဒ်သာ လုပ်လိုက်ပေမယ့် မာကဲတင်း ကောင်းကောင်း မလုပ်နိုင်ပါဘူး။ customer နဲ့ Investor တွေကို မချည်းကပ်နိုင်တော့ ဒုက္ခိအတိ ရောက်နေပါတယ်။ ဝဘ်ဆိုဒ် ရပ်နားဖို့ အထိတောင် စဉ်းစားခဲ့ပေမယ့် အတွေးအိုင်ဒီယာ တစ်ခုရပြီး သူတို့ ခံစားနေရတာတွေကို blog ဖန်တီးလို့ မျှဝေ ပါတော့တယ်။ blog ကို http://
ဝဘ်ဆိုဒ်လည်း ပုံမှန် ပြန်လည် လည်ပတ်ပြီး ယခုလိုဆိုရင် အွန်လိုင်း ကျူရှင်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ http://
"At some point in your life, entrepreneur or not, you will fail and do so spectacularly. You’re not alone," "It’s going to hurt more than anything you’ve ever felt before. It will try to destroy you. But it won’t."
"Entrepreneur ပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ဘဝမှာ တစ်ခါတစ်ရံ ကျရှုံး ရပါတယ်။ သို့ပေမယ့် ပြန်လည် ကြိုးစားပါ။ လောကမှာ ကူသူ မဲ့ရလောက်အောင် ဘယ်သူမှ ကံမဆိုးဘူး။ သင့်အတွက် အဆိုးဆုံးဆိုတာတွေ သယ်လာမယ်။ ဝမ်းနည်းကြေကွဲစေမယ်။ ဖျက်ဆီးဖို့ ကြိုးစားမယ်။ သို့ပေမယ့် အဲဒါ သင့်ကို မဖျက်ဆီး၊ မကျရှုံး နိုင်ဘူး"
.
ref:mashable
အောင်ခမ်း (TSJ team)
http://
No comments:
Post a Comment