Sunday, August 25, 2013
စတီဖင်ဟော့ကင်း (Stephen Hawking) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်၌ မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက သိပ္ပံနှင့် အာကာသဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားခဲ့သည်။ အသက် ၂၁ နှစ်တွင် ကင်းဘရစ်ခ်ျ တက္ကသိုလ်၌ စကြဝဠာပညာရပ် (Cosmology) ကို တက်ရောက် သင်ကြားနေစဉ် ကိုယ်ခန္ဓာအကြောများ အားနည်းပြီး လှုပ်ရှားမရသည့် (Amyotrophic Lateral Sclerosis) ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ ကိုယ်ခန္ဓာချည့်နဲ့ပြီး မလှုပ်ရှားနိုင်တော့သော်လည်း
ငယ်စဉ်ဘဝ
ဖရန့်နှင့် အိုင်ဆိုဘဲလ်ဟော့ကင်းတို့၏ မွေးချင်းလေးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ဟော့ကင်းကို မွေးချိန်သည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး ဂယ်လီလီယို ကွယ်လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ပြည့် အထိမ်းအမှတ်နေ့တွင် ဖြစ်သည်။ သူ့မိခင် စကော့လူမျိုး အိုင်ဆိုဘဲလ်ဟော့ကင်းသည် ၁၉၃၀ ပြည့်နှစ်ခန့်ကတည်းက အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ထိုခေတ်က အမျိုးသမီးများ ကောလိပ်တက်ရန် ရှားပါးနေချိန်၌ ကောလိပ်သို့ တက်ရောက်ခဲ့သည့် ပထမဦးဆုံး အမျိုးသမီးစာရင်းတွင် ပါဝင်ခဲ့သည်။ သူ့ဖခင် ဖရန့်ဟော့ကင်းသည် အောက်စ်ဖို့ တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ဆေးဝါး သုတေသနပညာရှင် ဖြစ်ကာ အထူးသဖြင့် အပူပိုင်းဒေသ ရောဂါဗေဒများကို ကျွမ်းကျင်သည့် ပညာရှင်လည်း ဖြစ်သည်။
စတီဖင်ဟော့ကင်းကို မွေးဖွားချိန်၌ သူ့မိဘများတွင် ငွေကြေး မပြည့်စုံသဖြင့် အတော်လေး အဆင်မပြေသည့်ကာလဟု ဆိုနိုင်သည်။ နိုင်ငံရေး အခြေအနေများကလည်း တင်းမာနေသည့် အချိန်ကာလ ဖြစ်သည်။ အင်္ဂလန်သည် ဒုတိယကမ္ဘာစစ်အတွင်း ဝင်ခဲ့ရပြီး ဂျာမန်များ ဗုံးကြဲခြင်းကို အပြင်းအထန် ခံနေရချိန်လည်း ဖြစ်သည်။ ပထမဦးဆုံး ကလေးအတွက် အလုံခြုံဆုံး နေရာကို ရှာဖွေရန် ဖရင့်သည် ကိုယ်ဝန်သည် ဇနီးနှင့်အတူ လန်ဒန်မှ အောက်စ်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ဟော့ကင်းသည် အောက်စ်ဖို့ဒ်တွင် ညီမများဖြစ်သည့် မေရီ (၁၉၄၃)၊ ဖိလစ်ပါ (၁၉၄၇) တို့နှင့်အတူ ကြီးပြင်းလာခဲ့ရသည်။ ဒုတိယသား အက်ဒ်ဝပ်ကို ၁၉၅၆ ခုနှစ်တွင်မှ မိဘများက မွေးစားခဲ့ခြင်း ဖြစ်သည်။
သူတို့မိသားစုနှင့် ရင်းနှီးသူများက သူတို့ကို ‘ခပ်ကြောင်ကြောင်’ မိသားစုအဖြစ် သတ်မှတ်ကြသည်။ သူတို့သည် ညစာကို တိတ်ဆိတ်စွာ စားသောက်တတ်ကြသည်။ မိသားစုတွေက ထမင်းစားရင်းလည်း
စာဖတ်ချင် ဖတ်နေကြသည်။ သူတို့ မိသားစုစီးသည့်ကားမှာ လန်ဒန်တက္ကစီ ဖြစ်သည်။ စိန့်အယ်လ်ဘန်လမ်းရှိ သူတို့၏ နေထိုင်သည့် သုံးထပ်အခန်းမှာလည်း ဘယ်တော့မှ ပြင်ဆင် မွမ်းမံထားခြင်းမရှိ။ မြေအောက်ခန်းတွင် ပျားများရှိပြီး မှန်လုံအိမ်ထဲတွင်လည်း မီးမွှေးချင် မွှေးနေကြသည်။
၁၉၅၀ ပြည့်နှစ်တွင် ဟော့ကင်း၏ ဖခင်ကို အမျိုးသား ဆေးသုတေသနတက္ကသိုလ် ရောဂါပိုးမွှား ဌာနတွင် ဌာနမှူးအဖြစ် ခန့်အပ်လိုက်သည်။ ဆောင်းရာသီကာလများတွင် အာဖရိကတိုက်သို့ သွားရောက်ပြီး သုတေသန လုပ်ငန်းများ လုပ်ရသည်။ သူက သားကြီးဖြစ်သူ ဟော့ကင်းကို ဆေးကျောင်း တက်စေချင်သည်။ သို့သော် ဟော့ကင်းသည် ငယ်စဉ်ကတည်းက သိပ္ပံနှင့် အာကာသ ပညာရပ်များတွင်သာ စိတ်ဝင်စားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ့မိခင်ကြောင့် ဖြစ်သည်။ မိခင်သည် သူမ၏ သားသမီးများကို နွေရာသီ ညချမ်းအချိန်များတွင် အပြင်သို့ ခေါ်ထုတ်ပြီး ကြယ်တွေကိုပြကာ ကြည့်ခိုင်းတတ်သည်။ “အားလုံးထဲမှာ စတီဖင်က စိတ်အားအထက်သန်ဆုံးပဲ” ဟု မိခင်ဖြစ်သူက ပြန်ပြောပြတတ်သည်။
ပညာသင်သည့်အရွယ် ရောက်ချိန်တွင် ဟော့ကင်းသည် ကျန်ကျောင်းသားများနှင့် ယှဉ်လျှင် ထူးခြားသည့် ကျောင်းသားတစ်ယောက် ဖြစ်နေသည်။ အထက်တန်း တက်ချိန်တွင် သူ့အဆင့်က အောက်ဆုံးမှ ပြန်ရေတွက်လျှင် အမြဲတတိယနေရာလောက်တွင်သာ ရှိနေတတ်သည်။ သူက ကျောင်းစာထက် ပြင်ပလောကကို ပိုပြီး စိတ်ဝင်စားသည်။ စစ်တုရင် ကစားခြင်းကို နှစ်သက်ပြီး သူနှင့် သူငယ်ချင်း တစ်သိုက်သည် အမြဲတမ်းကိုယ်ပိုင် ဂိမ်းများကို ဖန်တီးပြီးလည်း ကစားတတ်ကြသည်။ အသက် ၁၆ နှစ်တွင် ဟော့ကင်းသည် သူငယ်ချင်းများနှင့်အတူ အမှိုက်ပုံထဲက ပစ္စည်းများကိုစုပြီး ကွန်ပျူတာတစ်လုံးကို တီထွင်ခဲ့သည်။ သူတို့က သင်္ချာဆိုင်ရာ ပုစ္ဆာများကို အကြမ်းဖျင်း တွက်ချက်ပြနိုင်ရန် ထိုကွန်ပျူတာကို တီထွင်ကြခြင်း ဖြစ်သည်။
ဟော့ကင်းသည် အမြဲတမ်း တစ်ယောက်တည်းနေပြီး တွေးနေတတ်သည်။ သူညီမဖြစ်သူ မေရီနှင့်အတူ အိမ်အပေါ်ထပ်သို့ လမ်းကြောင်းပေါင်းများစွာနှ
သူ့ဖခင်က သင်စေချင်သည့် ဆေးပညာအစား သူဝါသနာပါသည့် သင်္ချာကိုသာ လေ့လာသင်ယူခဲ့သည်။ ထိုအချိန်က အောက်စ်ဖို့ဒ်တွင် သင်္ချာဘာသာရပ်ကို ဘွဲ့မပေးပေ။ သို့ဖြစ်ရာ သူက ရူပဗေဒနှင့် စကြဝဠာ ပညာရပ်များကို လေ့လာသင်ယူခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဂုဏ်ထူးတန်း တက်ခွင့်ရပြီး ကင်းဘရစ်ခ်ျ တက္ကသိုလ်တွင် စကြဝဠာဆိုင်ရာ Cosmology ဘာသာရပ်အတွက် ဒေါက်တာဘွဲ့ယူရန် ဆက်လက် တက်ရောက်ခဲ့သည်။
ALS ရောဂါစွဲကပ်ခြင်း
အောက်စ်ဖို့ဒ်သို့ သူပြန်ရောက်လာချိန်တွင် ကျန်းမာရေး ချွတ်ယွင်းလာသည်ကို သူသတိထားမိသည်။ လမ်းလျှောက်ရာမှ မကြာခဏ လဲကျတတ်သည်။ စကားပြောလျှင်လည်း ဗလုံးဗထွေး ဖြစ်လာသည်။ ၁၉၆၃ ခုနှစ်အထိ ထိုသို့ဖြစ်နေခြင်းကို ပြဿနာတစ်ခုဟု မထင်ခဲ့ပေ။ ကင်းဘရစ်ခ်ျတွင် ပထမနှစ် တက်ချိန်အထိ ထိုသို့ပင် အမှုမဲ့အမှတ်မဲ့ဖြင့် ဆက်သွားနေခဲ့သည်။ သူက ဤသို့ဖြစ်နေခြင်းကို သာမန်ဟုသာ ထင်နေခဲ့သည်။ သူ့အခြေအနေကို စတင်သတိပြုမိသူမှာ ဖခင်ဖြစ်သည်။ သူက ဟော့ကင်းကို ဆရာဝန်နှင့် သွားတွေ့ရန် ပြောသည်။ နောက်နှစ်ပတ်လောက် အကြာတွင် အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ယောက် အိမ်ကိုဆေးခန်းအဖြစ် ပြောင်းကာ စမ်းသပ်ကုသမှုများကို ခံယူခဲ့ရတော့သည်။
“သူတို့က ကျွန်တော့် လက်မောင်းက ကြွက်သား နမူနာတွေကို ယူသွားကြတယ်။ ကျွန်တော့် ကိုယ်ထဲကိုလည်း အီလက်ထရွန်နစ် လျှပ်ခေါင်းတွေ ထိုးထည့်ပြီး အမျိုးမျိုး စမ်းသပ်ကြတယ်။ ကျောရိုးထဲကို ရေဒီယိုဓာတ်တွေပါတဲ့ အရည်တွေလည်း ထိုးထည့်ပေးကြတယ်။ ပြီးတော့ တစ်ချိန်လုံး ဓာတ်မှန်တွေရိုက်ပြီး စောင့်ကြည့်နေကြတယ်။ ကျွန်တော့်ကိုလည်း အိပ်ယာထဲမှာပဲ ထားကြတယ်။ ကျွန်တော် ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့ မပြောကြဘူး။ အသားကျွတ်ဆတ်တဲ့ ဝေဒနာဆိုတာ လောက်တော့သိတယ်” ဟု ဟော့ကင်းက ပြန်ပြောသည်။
သူ့ဖခင်က နောက်ဆုံးတွင် သူ့သား၌ ဖြစ်နေသော ရောဂါမှာ ALS ခေါ် Lou Gehrig ရောဂါ ဖြစ်ကြောင်း သိလိုက်ရသည်။ အာရုံကြောများက သူ့ ကြွက်သားများကို ထိန်းချုပ်ပြီး ဘာမျှမလှုပ်နိုင်အောင် ချုပ်ကိုင်ထားလိုက်ခြင်းကို
ထိုသတင်းကြောင့် မိသားတစ်စုလုံး ယူကျုံးမရ ဖြစ်ကြရသည်။ မျှော်လင့်ချက် မရှိတော့ဘူးဆိုသည့် ကြားမှ သူတို့ဝိုင်းဝန်း ကူညီရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်တွင် ဟော့ကင်းသည် ဆေးရုံ၌ မလှုပ်မယှက် နေရသည်။ လူကီးမီးယားဝေဒနာ ခံစားနေရသည့် ကလေးတစ်ယောက်နှင့် သူတစ်ခန်းတည်းတွင် တက်ရောက် ကုသခံနေရခြင်း ဖြစ်သည်။ သူ့အခန်းဖော် ကောင်လေး၏ ဆွေမျိုးများ ဝင်လိုက်ထွက်လိုက် ဖြစ်နေခြင်းကို အတော်လေး သည်းခံနေရသည်။ ဆေးရုံကဆင်းခွင့် ရသွားချိန်တွင် သူသည် စိတ်ကူးထဲကအတိုင်း စီမံတော့သည်။ သူ့ဘဝ တစ်လျှောက်လုံး တိတ်တိတ်လေး နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူ့ဘဝတွင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရသည့်ကိစ္စမ
ရောဂါ ဖြစ်သွားသဖြင့် ဟော့ကင်းကို ယခုလို သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ကြပေ။ သူက ရောဂါ မဖြစ်မီကတည်းက သူလေ့လာသည့် ပညာရပ်များနှင့် ပတ်သက်ပြီး အမြဲဆန်းစစ်နေသူ ဖြစ်သည်။ “ကျွန်တော် မကျန်းမာစဉ်က ဘဝမှာ ပျင်းစရာတွေချည်းလို့ ထင်ခဲ့တာ။ လုပ်စရာလည်း ဘာမှမရှိသလိုပဲ” ဟုဆိုခဲ့သည်။ သို့သော် သူ့အနေဖြင့် Ph.D ဘွဲ့အတွက် အချိန်လည်း သိပ်မကျန်၊ အသက်ရှင် နေထိုင်ရမည့် ကာလကလည်း နည်းလာသည်။ သို့ဖြင့် အလုပ်နှင့် သုတေသန လုပ်ငန်းများတွင်သာ အချိန်ကုန်နေခဲ့သည်။
အာကာသတွင်းနက် သုတေသန
အခြားအာကာသသိပ္ပံ ပညာရှင်တစ်ဦးဖြစ်သည့် ရော်ဂျာပင်ရို့စ်ဆိုသူ စိတ်ကူးခဲ့သည့် ကြယ်များကြွေခြင်းနှင့် အာကာသတွင်းနက် (Black holes) အကြောင်းကို အခြေခံပြီး ဟော့ကင်းသည် စကြဝဠာ မည်သို့စတင် ပေါ်ပေါက်လာကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
ဟော့ကင်းသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာသည်။ ၁၉၆၉ ခုနှစ်တွင် သူ့ကိုဘီးတပ် လှည်းဖြင့်သွားရန် အတင်းအကျပ် တိုက်တွန်းခဲ့ရသည်။ သူ့ခံနိုင်စွမ်းတွေကလည်း လျော့ကျလာသည်။ ၁၉၆၈ ခုနှစ် သူ့သား ရောဘတ်ကိုမွေးပြီး တစ်နှစ်အကြာတွင် ဟော့ကင်းသည် ကင်းဘရစ်ခ်ျ တက္ကသိုလ် နက္ခတ်ဗေဒ အသင်းကြီး၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံလိုက်ရသည်။
မကြာမီ ဟော့ကင်းဘဝတွင် အကျိုးရှိသည့် ကာလများ ဖြစ်လာခဲ့သည်။ သူတို့ဇနီးမောင်နှံသည် ၁၉၆၉ ခုနှစ်တွင် သမီးလေးလူစီကို ထပ်မံမွေးဖွားခဲ့သည်။ ဟော့ကင်းသည် သုတေသန လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ သူတို့ နောက်ထပ်ကလေး တင်မိုသီကို ဆယ်နှစ်ကြာမှ ထပ်ရသည်။ ထိုအချိန်တွင် ဟော့ကင်းသည် သူ့ပထမဆုံးစာအုပ် 'The Large Scale Structure of Space-Time (1975)' ကို ထုတ်ဝေလိုက်သည်။ သူ့အစောပိုင်း လေ့လာမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွ
၁၉၇၄ ခုနှစ်တွင် ဟော့ကင်း၏ သုတေသနလုပ်ငန်းများသည် သိပ္ပံလောကအတွင်း ထင်ရှားကျော်ကြားလာပြီး အာကာသတွင်းနက် အကြောင်းကို ပိုမိုကျယ်ပြန့်စွာ လေ့လာသုတေသနပြုစရာ ဖြစ်လာခဲ့သည်။ ဟော့ကင်းက Radiation ဆိုသည့် သဘောတရားကို ဖော်ထုတ်တင်ပြပြီး ကြယ်ကြွေခြင်းနှင့် ဆွဲငင်အားမှ လွတ်မြောက်ခြင်းစသည့် သဘောတရားများကို တင်ပြရာမှာ ဟော့ကင်း၏ Radiation ဆိုသည့် သဘောတရားသည် မွေးဖွားလာခဲ့ရသည်။
ဟော့ကင်း တွေ့ရှိခဲ့သည့် Black holes များနှင့် Radiation ဆိုသည့် သဘောတရားများသည် သိပ္ပံ လောက တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ ထိုဖော် ထုတ်ချက်ကြောင့်ပင် သူ့ကို ဂုဏ်ပြုစရာ ဖြစ်လာသည်။ သူ့ကို ခေါင်းစဉ်အမျိုးမျိုးဖြင့်လ
ထိုသို့ မလှုပ်ရှားနိုင်သည့် ဘဝနှင့်ပင် ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒီနာရှိ Caltech တွင် တစ်နှစ် ခန့်သွားပြီး ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ အင်္ဂလန်၊ ကင်းဘရစ်ခ်ျရှိ Gonville & Caius တွင်လည်း ဝင်ရောက် စာသင်ပေးခဲ့သေးသည်။ ၁၉၇၉ ခုနှစ်တွင် ကင်းဘရစ်ခ်ျ တက္ကသိုလ်သို့ ပြန်လာပြီး သင်္ချာပါမောက္ခအဖြစ် စာသင်ကြားပေးခဲ့သည်။ သူ့ကို ကင်းဘရစ်ခ်ျက သင်္ချာဆိုင်ရာ လူကေးစီးယန်း ပါမောက္ခ ဘွဲ့ပေးသည်။ ထိုရာထူးသည် ၁၆၆၃ ခုနှစ်ကတည်းက ပေးခဲ့သည့် ဘွဲ့ဖြစ်သော်လည်း ဆာအိုင်းဆက်နယူတန် အပါအဝင် ၁၄ ဦးသာ ထိုဘွဲ့ကို ရရှိခဲ့ဖူးသေးသည်။
The Voice Weekly
https://www.facebook.com/photo.php?fbid=623098457730796&set=a.572785052762
No comments:
Post a Comment